ရေဖြူတွင် လေးရက်အတွင်း ပိုင်ရှင်မဲ့သစ် နှစ်ကြိမ်ဖမ်းမိ

0
1087
ဓာတ်ပုံ - Forest Depaetmant Pag

ရေဖြူမြို့နယ်တွင် လေးရက်အတွင်း ပိုင်ရှင်မဲ့ တရားမ၀င်သစ် နှစ်ကြိမ် ဖမ်းမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီး ဌာနထံမှ သိရသည်။

မတ်လ ၂၅ ရက်က ကလုံးထာကျေးရွာ တောင်ဘက်ရှိ တောအတွင်း စုပုံထားသည့် သစ်မာအုပ်စု ၅ တန် ခန့်နှင့် အခြား သစ် ၁၀ တန်နီးပါး ဖမ်းမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းအောင်က ပြောသည်။

၎င်းင်းအပြင် မတ်လ ၂၈ ရက်တွင်လည်း ပုလဲကူကျေးရွာတွင် ယာဉ်အမှတ် မရှိသည့် ၆ ဘီးယာဉ်ပေါ်တွင် ကညင်ခွဲ သား သစ် ၅ တန်ခန့်ကို ဖမ်းမိခဲ့ကြောင်း ဦးထွန်းလင်းအောင်က ဆိုသည်။

“သတင်းရလို့ သွားဖမ်းတာ၊ ကျွန်တော်တို့ ဖမ်းဆီးစဉ်က ပိုင်ရှင် မတွေ့ဘူး၊ အဲ့တော့ ရဲစခန်းနဲ့ ချိတ်ဆက်ပြီး ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်မယ်”ဟု ၎င်းက ဆိုသည်။

ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နိုင်ပါက ရဲစခန်းတွင် အမှုဖွင့်မည်ဖြစ်ပြီး ပိုင်ရှင်ကို မဖော်ထုတ်နိုင်ပါက ဖမ်းမိသည့်သစ်များကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းမည်ဖြစ် ကြောင်း ဦးထွန်းလင်းအောင်က ဆိုသည်။

ရေဖြူမြို့နယ်တွင် ၂၀၁၈ ခုနစ် အောက်တိုဘာလမှ မတ်လ ၂၉ ရက် အထိ တရားမ၀င်သစ် ၁၃ ကြိမ်၊ သစ်မျိုးစုံ တန် ၇၀ နီးပါးဖမ်းမိထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်