မြိတ်တွင် တစ်ရက်အတွင်း လူနှစ်ဦး ကြိုးဆွဲချသေ

0
539

မြိတ်မြို့နယ်တွင် မတ်လ ၂၈ ရက် က တစ်ရက်အတွင်း လူနှစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကလွင်ကျေးရွာအုပ်စုတွင် အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အင်္ဂမော်ကျေးရွာအုပ်စုတွင် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သတ် သေခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါအမျိုးသားနှစ်ဦးစလုံးမှာ စိတ်ကျန်းမာရေး မကောင်းသူများဖြစ်သည် ဟု မိသားစုဝင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Dawei Watch