တနင်္သာရီ သဘာဝကြိုးဝိုင်းတွင် အင်ဒိုချိုင်းနားကျား ပထမဆုံးတွေ့

0
836
ဓာတ်ပုံ - Ministry of Natural Resource and Environmental Conservation-Forestry

တနင်္သာရီသဘာဝကြိုးဝိုင်းတွင် ကျက်စားသွားလာနေသည့် အင်ဒိုချိုင်းနားကျားကို ပထမဆုံး အကြိမ် တွေ့ရှိရကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက မတ်လ ၂၂ ရက် ထုတ်ပြန်ခဲ့သည်။

တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်း ဇီဇမျိုးစုံ၊ မျိုးကွဲများ သိရှိနိုင်ရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစပြီး ကင်မရာ အလုံး ၆၀ ဖြင့် ထောင်ခြောက်ဆင် မှတ်တမ်းတင်ရာမှ ယခုကဲ့သို့ တွေ့ရှိရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခင်က တနင်္သာရီသဘာဝကြိုးဝိုင်းတွင် ကျားရှိသည်ဟုသိရသော်လည်း အထောက်အထား ခိုင်လုံစွာ မရရှိပေ။

မြန်မာနိုင်ငံတွင် အင်ဒိုးချိုင်းနား ကျား၊ ဘင်္ဂလားကျား မျိုးစိတ်နှစ်ခုသည် တနင်္သာရီတိုင်းတောင်တန်းများ၊ ထမံသီဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း ဒေသတို့တွင် ကျက်စားနေထိုင်ကြောင်း WCS  ၀က်ဆိုက်တွင် ဖော်ပြထားသည်။

ကျော်သူစိုး