ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၁-၄-၂၀၁၉ မှ ၇-၄-၂၀၁၉ထိ

0
869
Bay-Din

တနင်္ဂနွေ

နိုင်ငံရပ်ခြား ခရီးများသွားရမည်။ ဘာပဲ ကြံစည်စည် ယခုအချိန်မှာ အဆင်ပြေမည်။ စာမေးပွဲ၊ အင်တာဗျူး ဖြေဆိုခြင်းများ ကောင်းသည်။ ဆွေမျိုးထဲ၌ မကောင်းသတင်းကြားရတတ်၏။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ စိမ်းပြာရောင်

အကျိုးမပေးသောအရောင်        – ဇီးရောင်၊ ရွှေအိုရောင်

မစားသင့်သော အစားအစာ       – အုန်းနို့၊ ကောက်ညှင်း

ယတြာ                     – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ

အိမ်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်းများ ပြုရတတ်သည်။ နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ ယခုကာလ၌ ယာဉ်ဝယ်ခြင်း၊ လဲလှယ်ခြင်း မပြုပါနှင့်။ စပ်တူရှယ်ယာလုပ်ငန်းများ လုပ်က အထူးအကျိုးပေးမည်။ ခြေထောက်နာခြင်း ချော်လဲခြင်း သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူက သင့်ကို ကြားပယောဂကြောင့် အထင်လွဲတတ်သည်။

အကျိုးပေးသော အရောင်         – ကာကီရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ ငွေရောင်

မစားသင့်သော အစားအစာ       – ဒန်ပေါက်၊ မယ်ဇလီရွက်

ယတြာ                     – သဘောင်္သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ

သင်တန်းတက်ရခြင်း၊ ပညာရေးကိစ္စများ အောင်မြင်မည်။ လူမျိုးကွဲတို့ ကူညီမစမည်။ မြေ၀င်မည်။ လုပ်ငန်းထဲ၌ စိတ်ပင်ပန်းကိုယ်ပင်ပန်း ဖြစ်ရတတ်သည်။ ဆိုင်ကယ် အသွားအလာ သတိထားပါ။ မေတ္တာရေးသည်ကား  ချစ်သူကသင့်ကို အကဲခတ်နေသည်ကို သင်မမေ့ပါနှင့်။

အကျိုးပေးသော အရောင်         – ဇီးရောင်၊ လိမ္မော်ရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ ပြောက်ကျားရောင်

မစားသင့်သော အစားအစာ       – သခွားသီး၊ လက်ဆက်

ယတြာ                     – ခိုငှက်များကို အစားကျွေးပါ။

ဗုဒ္ဓဟူး

စက်ပစ္စည်းများ ၀င်မည်။ ဘာပဲလုပ်လုပ် စိတ်အနည်းငယ် ပင်ပန်းရတတ်သည်။ သင်သည် အလုပ်လျှောက်ထားသူဖြစ်က မုချအလုပ်ရမည်။ တိုးတက်မည်။ ခရီးတစ်ခု သွားရမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား သင့်ချစ်သူက သင့်ရဲ့ မေတ္တာကို ငြင်းဆန်မည် မဟုတ်ပါ။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အနီရောင်

မစားသင့်သော အစားအစာ       – ပြောင်းဖူး၊ မှို

ယတြာ                     – မွေးနေ့၌ မုန့်ဟင်းခါး တစ်ချိုင့် ဘုန်းကြီးကျောင်းသို့ ဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ပညာရေး အခွင့်အလမ်းရရှိခြင်း၊ ပညာရေးနှင့် ပတ်သက်၍ အကျိုးကျေးဇူး ခံးစားခွင့်ရမည်။ အရေးတကြီး အတိုက်အခံ ပြောဆိုရမည့်ကိစ္စများ အဆင်ပြေမည်။ လူကြီးသူမတို့၏ မစမှု ခံစားရမည်။ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ဖြစ်ချင်တာနှင့် ဖြစ်လာတာ ထပ်တူမကျ ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – ရွှေရောင်၊ အနီရောင်

မစားသင့်သော အစားအစာ       – ကောက်ညှင်း၊ လက်ဖက်

ယတြာ                     – ဘုရားစေတီရင်ပြင်၌ အမှိုက်များရှိက လှည်းကျင်း ကုသိုလ်ယူပါ။

သောကြာ

အမွေအနှစ်ရရှိခြင်း၊ လူကြီးသူမတို့၏ မစကူညီမှုများ ခံစားရမည်။ မိမိအိမ်၌ အလှူအတန်း ပြုရတတ်သည်။ သင်ယခုလက်ရှိ လုပ်ငန်းသည်။ ဆုတ်ယုတ်မှု မရှိဘဲ တိုးတက်လာမည်။ ငွေကြေးများစွာ ၀င်လာမည်။ မတော်တဆ ထိခိုက်ဒဏ်ရာရတတ်သည်။ မေတ္တာရေးသည်ကား သင်သည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ပါတော့မည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – ဇီးသီး၊ ကောက်ညှင်း

ယတြာ                     – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

စနေ

ပရိဘောဂပစ္စည်းများ ၀င်မည်။ နိုင်ငံရပ်ခြား သွားမည့်ကိစ္စ ကောင်းပါသည်။ ရွှေထည်ပစ္စည်းများ ၀င်မည်။ သင်မိသားစု မောင်နှမ များနှင့် ပြန်လည်ဆုံစည်းရမည်။ သို့သော် ယခုကာလ၌ လုပ်ငန်းသစ်များ စရန် အကြံရှိလျှင် သတိအထူးပြုပါ။ မေတ္တာရေးသည်ကား သင့်ကို ချစ်သူတွေ ၀ိုင်းဝိုင်းလည်တတ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – ကြက်ဟင်းခါးသီး၊ ၀က်သား

ယတြာ                     – ခွေးလေခွေးလွင့်များကို အစာကျွေးပါ။

                                                 လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                 ဝေဒလက္ခဏသုတေသီ