မျှော်လင့်ခြင်း သူ့ဆီ

0
815

လစ်လပ်သွားသည့် ၀န်ကြီးချုပ်နေ ရာတွင် ယခင် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကို ခန့်အပ်ရန် သမ္မတရုံးမှ စာထွက်လာသောအခါ ၀န်ကြီးချုပ်အသစ်အပေါ် လူငယ်တစ်ဦး အနေဖြင့် မျှော်လင့်မိသည်များကို ပြော ချင်လာသည်။

ယင်းမျှော်လင့်ချက်များသည် ၀န်ကြီးဘ၀က ဆောင်ရွက်ခဲ့သော လုပ် ဆောင်ခဲ့သော လုပ်ဆောင်ချက်များအပေါ် များစွာ အခြေတည်သည်။

ယခင် ၀န်ကြီးဘ၀ ၃ နှစ်တာ ဖြတ် သန်းခဲ့ရာတွင် သတိထားမိသည်မှာ သူ ၏ရိုးဂုဏ်ရှိမှုနှင့် အရပ်ဘက်အဖွဲ့အ စည်းများ၊ ပြည်သူလူထုများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းမှု ဖြစ်သည်။

ဖြောင့်မှန်သန့်ရှင်းသော အစိုးရဆီ သို့

ရိုးဂုဏ်ဟုဆိုရာတွင် အဂတိ လိုက် စားမှု၊ လာဘ်စားမှု ကင်းသည်သာမက ရိုးရိုးရှင်းရှင်း ပြောဆိုနေထိုင်တတ်ကာ အများပြည်သူကို လေးစားသမှုရှိရှိ ဆက် ဆံတတ်ခြင်းသည်လည်း အပါအ၀င် ဖြစ်သည်။

ရိုးသားမှုဟူသည် ပြည်သူ့ရေးရာ ကိစ္စရပ်များကို စီမံခန့်ခွဲမည့်သူတစ်ဦး၌ မရှိမဖြစ်ရှိရမည့် အင်မတန်အရေးပါသည့် အခြေခံအရည်အသွေး ဖြစ်သည်။

ပြည်သူလူထု၏ ကောင်းကျိုး၊ တိုင်းကျိုး ပြည်ကျိုးကို ရှေ့ရှုလျက် ရိုး သားဖြောင့်မှန်စွာ ပြည်သူ့ရေးရာ ကိစ်္စ ရပ်များကို စီမံခန့်ခွဲခြင်း မရှိလျှင် အဆို ပါစီမံခန့်ခွဲခွင့်ရသူသည် မည်မျှပင် ထက် မြက်နေစေကာမူ သူလုပ်ဆောင်ချက် များမှာ ပြည်သူတို့အတွက် အကျိုးယုတ်ဖို့ သာ များပါသည်။

မရိုးသားသူများ လက်ထဲရှိ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုသည်မှာလည်း ဇီးသီးဗန်းမှောက်၊ ရလဒ်မှာ ပလိုင်းပေါက်နှင့် ဖားကောက်သလိုသာ ဖြစ်ပေမည်။

လက်ရှိအချိန်အထိ ရိုးဂုဏ်ရှိဆဲ ဖြစ်သော ၀န်ကြီးချုပ်အသစ်တက်လာ သောအခါတွင် ဦးဆောင်ရမည့် အစိုးရအ ဖွဲ့၊ အုပ်ချုပ်ရေး ယန္တရား အစိုးရဌာနဆိုင် ရာများကို အဂတိလိုက်စားမှု၊ လာဘ်စား မှုများ လျော့နည်းအောင် ကြပ်ကြပ်မတ် မတ်ထိန်းကျောင်းပြုပြင်ရန် မျှော်လင့်မိ သည်။

ပြည်သူနှင့်အတူ ရှေ့ဆက်ချီ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဘ၀တစ် လျှောက်တွင် ရလဒ်မြင်သာခဲ့ရသော ကိစ်္စများတွင် အများစုမှာ သတ်္တုတွင်းနှင့် စပ်ဆိုင်သည်။

ယခင် အစိုးရ အဆက်ဆက်လက် ထက်လုပ်ကိုင်ခွင့်ပြုခဲ့သော သတ္တုတွင်း များတွင် တူးဖော်လုပ်ကိုင်နေကြသော ကုမ္ပဏီအများစုမှာ သက်ဆိုင်ရာ စည်းကမ်းဥပဒေများကို မလိုက်နာဘဲ လုပ် ကိုင်ကြခြင်းကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးကာ ဒေသခံများ အတိဒုက္ခရောက်ကြရသည်။ ယင်းပြဿ နာများကို ဖြေရှင်းရာတွင် တိုင်းဒေသကြီး ၀န်ကြီးတစ်ဦးအဖို့ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ လုပ်ပိုင်ခွင့်မှာ အကန့်အသတ် ရှိလှသည်။

တိုင်းအစိုးရအနေဖြင့် သတ္တုတွင်း များ လုပ်ပိုင်ခွင့်ပြုမပြု မဆုံးဖြတ်နိုင်သလို လုပ်ငန်းအပြီးသတ်ရပ်ရန် တားဆီးခွင့် လည်းမရှိပေ။ ထို့အပြင် သတ္တုတွင်းများ ကို စည်းကမ်းထိန်းသိမ်းကြပ်မတ်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၌ အင်အားမရှိ သလောက်ပင်။

နောက်တစ်ခုမှာ သတ္တုတွင်းဆိုင်ရာ လုပ်ထုံးနည်းနာ ပညာရပ်ဆိုင်ရာကိစ်္စများ ကို ၀န်ကြီးအဖို့ အချိန်တိုအတွင်းလေ့လာ ရန် လွယ်ကူခဲ့မည် မဟုတ်ပေ။ သို့ရာတွင် ပြဿနာများကား လူကို မစောင့်ခဲ့။ ထို သို့သော ခက်ခဲသည့် အခြေအနေမျိုး တွင် ထိုပြဿနာများကို သတ္တုတွင်း ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ကျွမ်းကျင်သည့် ပညာရှင်များ၊ ထို ကိစ်္စများအရေးလုပ်ဆောင်နေသော အ ရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကာ ရင်ဆိုင်ဖြေရှင်းခဲ့သည်ကို သတိထားမိ သည်။

ရလဒ်တစ်ခုအနေဖြင့် သတ္တုတွင်း များကို အချိန်မရွေး ၀င်ရောက်စစ်ဆေးနိုင်သော သတ္တုတွင်းစောင့်ကြည့်ရေး ဒေသခံ အရပ်ဘက်အဖွဲ့များကို တရားဝင်ဖြစ်စေ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ယင်းသည် အခြားတိုင်းနှင့်ပြည်နယ် များနှင့်နှိုင်းယှဉ်ပါက အတော်ပင် ရှေ့ တန်းရောက်ကာ အတော်အတန်ထိ ရောက်သည်ကို တွေ့ရပေမည်။

ထိုသို့ ပြည်သူနှင့်အတူ ပူးပေါင်း ကာ အကန့်အသတ်များကြားမှ အရွေ့ တစ်ခုကို လှမ်းနိုင်ခဲ့သည့် အတွေ့အကြုံ ရှိသူ ၀န်ကြီးချုပ်ဖြစ်လာသောအခါတွင် ပြည်သူနှင့်အတူ ခိုင်မာစွာ ဆက်လက် လက်တွဲလျက် ပြဿနာများကို ကျော် လွှားခြင်း၊ ဒေသဖွံ့ဖြိုးရေး ခြေလှမ်းများ လှမ်းလျှောက်ခြင်းကို ပိုမိုလုပ်ဆောင်မည် ဟု မျှော်လင့်မိသည်။

ဝန်ကြီးချုပ်နေရာသည် ယခင်ဝန် ကြီးနေရာထက် လုပ်ပိုင်ခွင့် ပိုမိုရလာမည် ဖြစ်သလို ထမ်းဆောင်ရမည့် တာဝန် ၀တ္တရားများ ပိုမိုများပြားလာကာ ဦး ဆောင်ရမည့် အခန်းကဏ္ဍမှာလည်း ကျယ်ပြန့်လာမည်မှာ အမှန်ပင် ဖြစ် သည်။

တဘက်တွင်လည်း ၀န်ကြီးချုပ်အ သစ်အဖို့ နေရာအပြောင်းအလဲအတွက် သင်ယူစရာ များလာခြင်း၊ ဖြေရှင်းဆောင် ရွက်ရမည့် ထိရှလွယ်ပြဿနာများစွာ ရှိနေခြင်း၊ နောက်ရွေးကောက်ပွဲနှင့် အချိန်နီးကပ်ကာ အချိန်အကန့်အသတ်ရှိ ခြင်း၊ အခြေခံဥပဒေဆိုင်ရာ အကန့်အ သတ်နှင့် အစိုးရဌာနများ၏ စွမ်းဆောင် နိုင်မှု အကန့်အသတ် စသည့်စိန်ခေါ်မှု များစွာကိုလည်း တွေ့ကြုံရပေမည်။

သို့တစေ ကျွန်တော် မျှော်လင့်သကဲ့ သို့ အစိုးရအဖွဲ့ကို ဖြောင့်မှန်သန့်ရှင်း အောင် စနစ်တကျထိရောက်စွာ ကြပ်မတ် ပဲ့ကိုင်နိုင်ခြင်းနှင့် ပြည်သူနှင့်အတူ လက် တွဲလျက် အရွေ့များကို ဦးဆောင်ချီတက် နိုင်ခြင်းတို့သာ ဖြစ်လာမည်ဆိုလျှင် မည် သည့်အခက်အခဲ၊ စိန်ခေါ်မှုကိုမဆို အ တော်အတန် ထိထိရောက်ရောက် ဖြေရှင်း ကျော်လွှားနိုင်မည်ဟု ယူဆပါ၏။ 

အချုပ်ဆိုရသော် ယခုတက်လာ သည့် ၀န်ကြီးချုပ်၏ လုပ်ကိုင်ဆောင်ရွက် မည့်အရာများသည် နောင်ရွေးကောက်ပွဲ အတွက် အဖြေဖြစ်နိုင်သလို ပါတီ၏ပုံ ရိပ်လည်း ဖြစ်သည်။

သာ၍အရေးကြီးသည်မှာ ပြည်သူ့ ရေးရာကိစ္စရပ်များကို စီမံခန့်ခွဲမှုတွင် ပြည်သူတို့၏ ဘ၀များ၊ အနာဂတ်များပါ ၀င်နေသည်ကို သတိကြပ်ကြပ်ချပ်၍ လုပ်ကိုင်ဆောင်ရွက်ရန် ဖြစ်သည်။

ထို့ကြောင့် ပြည်သူ့အသံကို စေ့စေ့ နားထောင်၊ ပြည်သူ့ဆန္ဒကို ဂရုဓမ္မပြုကာ ပြည်သူ့အကျိုး တိုင်းကျိုး ပြည်ကျိုးကို ရှေးရှုလျက် ပြည်သူနှင့်အတူ ရိုးသား ဖြောင့်မှန်စွာဖြင့် ပိုမိုကောင်းမွန်သော အရွေ့များဆီသို့ ဟန်ချက်ညီညီ လှမ်း စေချင်ပါသည်။

ဖိုးကြာရိုး