ကချင်ပြည်က မိုင်ဂျာယန်

0
2148

ယူနန်ပြည်တောင်ပိုင်း နယ်စပ်ရှိ အဝေးပြေးလမ်းမတလျှောက် အရှိန်ပြင်း ပြင်းမောင်းနေသော ကားလေးပေါ် ကျွန်တော်သည် သူငယ်ချင်းနှစ်ဦးနှင့် အတူ။

မူဆယ်မှတစ်ဆင့် တရုတ်ပြည်သို့ ၀င်ကာ ကားငှားစီးခဲ့ခြင်း ဖြစ်သည်။

ယူနန်ပြည်၏ နယ်ပယ်စွန်ဖျား (မြန်မာနယ်စပ်)ပင် ဖြစ်လင့်ကစား လမ်း မများမှာ ဖြူးလျက်။ တောင်ကိုဖြတ်လျက် ဖောက်ထားသော ဥမင်လမ်းများမှာ မျက်စိတဆုံး ကြည့်၍မကုန်နိုင်အောင်ပင် ရှည်ကာ စနစ်တကျ တည်ဆောက်ထား သည်။ တရုတ်ပြည်ကြီးကား ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦတွင် အတော်ပင်ဖွံ့ ဖြိုးလျက်ရှိ၏။ ထိုဖွံ့ဖြိုးတိုးတက်နေသည့် အရာများကို ကြည့်နေရသော်လည်း ကျွန်တော် မပျော်နိုင်။

စိုးရိမ်ချက် နှစ်ခုရှိနေခဲ့သောကြောင့် ပင်။ တစ်ခုက ကျွန်တော်သည် တရုတ်စကား လုံးဝမတတ်။ နောက်တစ်ခုမှာ ကျွန်တော် သွားမည့်နေရာအကြောင်း ရေရေရာရာ မသိသေး။

“ ဒီအချိန်ဆို ဂိတ်ပိတ်ပြီ၊ မမီတော့ ဘူးတဲ့” ကားမောင်းပို့သူ တရုတ်အမျိုး သမီးကြီး၏စကားကို ကျွန်တော်သူငယ် ချင်းက ဘာသာပြန်ပြသည်။ အချိန်က ည ၇နာရီကျော်ပြီပဲ။ တရုတ်ပြည်မှ ပြန် ထွက်၍ မြန်မာဘက်အခြမ်း ပြန်ကူးဖို့ စီစဉ်ထားသော်လည်း ယခုအခါ နယ်စပ် ဂိတ်ပိတ်ပြီ။ မည်သို့ လုပ်ရမည်နည်း။

“ဖြတ်လို့ရပါတယ်၊ ခိုးလမ်းတွေ ရှိတယ်” ဟု စိုးရိမ်နေသော ကျွန်တော့်ကို သူငယ်ချင်းက ဆိုသည်။

သူ့စကားကြောင့် ကျွန်တော်လန့် သွားသည်။ ဖြစ်ရဲ့လား။ တစ်ဘက်နိုင်ငံမှ ခိုးထွက်ခြင်းသည် ပြစ်မှုမြောက်မမြောက် သေချာမသိ။ ဖြစ်နိုင်လျှင် ကျွန်တော်သည် ဥပဒေစည်းကမ်းများအတိုင်းသာ လုပ်ဆောင်လိုသည်။ သို့ရာတွင် ထိုနေ့ ညက တရုတ်ပြည်မှ ခိုးထွက်ခဲ့ခြင်း သာမက မြန်မာပြည်ဘက်ရှိ နယ်စပ် မြို့လေးတွင် ကျွန်တော် ခေတ္တနေထိုင် ခဲ့ခြင်းသည်ပင် ဥပဒေနှင့် လွတ်လွတ်ကင်းကင်းရှိသည်ဟု အတပ်မပြောနိုင် ပါချေ။

ကချင်ပြည်နယ်ရှိ စစ်ဘေးဒဏ်သင့် သည့်ဒေသအချို့သို့ ကျွန်တော် ရောက်ခဲ့ကာ စစ်ဘေးရှောင်ကလေးများကို ကက် သလစ်ဘုရားကျောင်းလေးတွင် တစ်လမျှ စာသင်ပေးခဲ့ဖူးသည်။ ဤသည်က နယ်ခံ ဘုရားကျောင်း၏ ဖာသာ၏စီစဉ်ပေးမှု ကြောင့် ဖြစ်သည်။ ထိုတစ်လတာအတွင်း ကချင်ပြည်ကို သံယောဇဉ် တွယ်မိသည်။ အထူးသဖြင့် စစ်ဘေးရှောင်စခန်းများ၌ ချို့ငဲ့စွာ နေထိုင်ကြရသည့် ကလေးများကို ဖြစ်သည်။ အနှီသံယောဇဉ်သည်ပင် ကချင်ပြည်နယ်သို့ ထပ်သွားရန် တွန်းအား ဖြစ်ခဲ့သည်။ ကောလိပ်အသစ်တစ်ခု က ကောလိပ်ဥပစာတန်းအတွက် အလုပ် သင်ဆရာခေါ်သောအခါ ကျွန်တော်သည် သူငယ်ချင်းနှစ်ယောက်နှင့်အတူ ၀င် လျှောက်ဖြစ်ခဲ့သည်။ ကံကောင်းစွာပင် အရွေးခံရ၏။ ကောလိပ်ရှိရာအရပ်အ ကြောင်းကို သတင်းများတွင်သာ ကြားဖူးသည်။ စစ်ရိပ်မကင်းသည့် နေရာတစ်ခု အဖြစ်ပေါ့။ သူငယ်ချင်းများက တားကြ သည်။ စိုးရိမ်ကြသည်။ အိမ်ကိုပင် နီးမှ အသိပေးဖြစ်သည်။ ထုံးစံအတိုင်း ဖေဖေ ကတော့ မတားခဲ့။ ဤသို့ဖြစ် ကချင်ပြည် နယ်သို့ ဒုတိယမ်္ပိ သွားခဲ့ခြင်းပင်။

“ကျွန်တော်ထားဝယ်ကပါ၊ ထားဝယ်ဆိုတော့ ဆရာ ဒီနေရာမှာ”ဟု ပြော၍ စာသင်ခန်းအတွင်းရှိ မြေပုံကို ထောက်ပြတော့ “အိုးဩ အဝေးကြီးကနေ လာတယ်ကော” ဟု အာမေဋိတ်အသံတွေ ထွက်လာသည်။

ကချင်ပြည်ဆီ မြန်မာပြည်တောင် စွန်းက လူတွေ မရောက်ကြတာတော့ မ ဟုတ်တန်ရာ။  နို့ပေသိဩကချင်ပြည်နယ် ထဲက တစ်ခုသော နယ်စပ်မြို့ကလေး၊ ဝေးလံသီခေါင်သော အရပ်၊ မြန်မာအစိုးရ အုပ်ချုပ်ရေးလက်တံ မမီရာအရပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်း ချုပ်စီမံရာ မြို့လေးကိုတော့ သိပ်ရောက် ဖြစ်ကြမည် မဟုတ်ပေ။ အများအတွက် ကောင်းမွန်၍ “အကျိုးရှိသော အရပ်” ဟု အဓိပ်္ပာယ်ရသော ကချင်ဘာသာဖြင့် “မိုင်ဂျာယန်”ဟုတွင်သော မြို့လေး၌     ကျွန်တော်ရောက်နေခဲ့ခြင်း ဖြစ်သည်။

အမျိုးသားပညာဝန် ဦးဖိုးကျား၏ အမျိုးသားနေ့စကားပြေမှသည် ကိုလိုနီ ခေတ်၌ အင်္ဂလိပ်တို့၏ ပညာရေးစနစ်ကို အာခံကာ အမျိုးသားကျောင်းများ ထူ ထောင်ခဲ့ကြသည့် အကြောင်းများကို ဖတ် မှတ်ခဲ့ဖူးပါသည်။ ပြည်သူများ၏ အနာ ဂတ်ပညာရေး၊ ရိုးရာယဉ်ကျေးမှု စာပေကို ထိန်းသိမ်းရေးအတွက် ခက်ခက်ခဲခဲ ရုန်း ကန်ကာ အမျိုးသားကျောင်းများကို ဖွင့်လှစ်ခဲ့သည် မဟုတ်လား။

အမျိုးသားကျောင်းဟု ဆိုလိုက်လျှင် ကျွန်တော်၏စိတ်ဝယ် တော်လှန်ရေး   သမိုင်းနှင့်သာ ဆက်စပ်မြင်မိလေ့ ရှိစမြဲ။

ယခုမူ ကျွန်တော့် စာသင်ခန်းလေး ထဲတွင် အမျိုးသားကျောင်းဆင်း ကျောင်း သူကျောင်းသားလေးများ ရောက်နေခဲ့ လေပြီ။ ဖိုးသက်ရှည် ပြည်တွင်းစစ်၊ စစ်အာဏာရှင်စနစ် စသည့်အကြောင်း ကြောင်းကြောင့် ပေါ်ပေါက်လာရသော အမျိုးသားကျောင်းများသည် တိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ စာပေ သမိုင်းကို ထိန်းသိမ်းဖို့၊ စစ်ဘေးကြောင့် ပညာသင်ခွင့် မရရှာသည့် ကလေးငယ် များအတွက် ပညာသင်ကြားဖို့နေရာ အဖြစ် အရေးပါနေဆဲ၊ ရုန်းကန်လှုပ်ရှား နေဆဲ။

“အရင် အပစ်ရပ်ထားတုန်း ၂၀၁၁ မတိုင်ခင်ကတော့ ဒီလိုကျောင်းက ကလေးတွေက ဆယ်တန်းရောက်ရင် မြန်မာ(အစိုးရ)ကျောင်းတွေမှာ ဆယ် တန်းဖြေလို့ ရတယ်၊ တချို့ကျောင်းတွေကို ဆို သူတို့ (အစိုးရ)ပညာရေးဌာနနဲ့ ချိတ် ထားတာ။ စစ်ဖြစ်တော့ အကုန်ဒုက်္ခ ရောက်တာ။ ကလေးတွေလည်း ဟိုဘက် မှာ ဆယ်တန်းသွားဖြေလို့ မရတော့ဘူး အရင်ကလို၊ ဒီကျောင်းတွေကိုလည်း သူ တို့(အစိုးရ) အသိအမှတ်မပြုတော့ ဒီ ကျောင်းတွေက ဆယ်တန်းအောင်တဲ့ ကလေးတွေက ဟိုဘက်မှာ တက်္ကသိုလ် တက်ခွင့်မရဘူး။ ဆိုတော့ ဆရာရယ် ကလေးတွေမှာ ဒုက္ခပေါ့” ဟု ဆရာမတစ် ဦးက ဖွင့်ဟသည်။

ကျွန်တော် စဉ်စားမိသည်။

စစ်ပွဲတွေမှာ ဘယ်သူတွေ ကောင်း ကျိုးခံစားရပါသနည်း။ ဒေသခံ တိုင်း ရင်းသားများမှာ စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာ ရွှေ့ရပြောင်းရရင်း စားဝတ် နေရေး ချို့ငဲ့စွာ ဘ၀နေ့ရက်တွေကို အခက်အခဲပြဿနာများစွာဖြင့် ဖြတ်သန်း နေကြရဆဲ။ ကံမကောင်း အကြောင်းမလှ၍ ကိုယ်လက်အင်္ဂါဆုံးရှုံး၍ ဒုက်္ခိတ ဖြစ်ရသူ၊ အသက်ဆုံးရှုံးရသူက ဒုနှင့်ဒေး။

ကလေးတွေ၏ ပညာရေးဆိုသည်က လည်း မရေမရာ။ အမျိုးသားကျောင်းများ တွင် ဆယ်တန်းအောင်သော်ငြား တက်္ကသိုလ်ထံ နီးခွင့်မရတဲ့။ အခြေအနေ ဆိုးများအောက် လူလားမြောက်လာကြ သည့် သူတို့တတွေမှာ စိတ်ဒဏ်ရာကိုယ်စီ အနည်းနှင့်အများ။ ဖြစ်ခဲ့ကြုံခဲ့ရသမျှ အ ကြောင်းစုံကို မည်သူ့ကို အပြစ်တင်မည်နည်း။

သိုသိပ်ထားရသည့် မကျေနပ်မှု နာ ကျည်းမှုများသည် ငြိမ်းချမ်းရေး တည် ဆောက်ရာတွင် ခလုတ်ကန်သင်းကြီး ဖြစ်လာမည်ကို ကျွန်တော်တော့ဖြင့် အင် မတန် စိုးရိမ်မိသည်။ ထိုသို့လည်း မဖြစ် စေချင်။ အပြစ်မဲ့ ပြည်သူများ ဒုက်္ခရောက် ကြရသည် စစ်ပွဲများ အမြန်ရပ်စေချင် လှပြီ။

၂၅ စက်တင်ဘာလ ၂၀၁၅။ မိုးတဖွဲဖွဲအောက်တွင် ကောလိပ်အသစ်တခု ၏ ဖွင့်လှစ်ပွဲလေး အောင်မြင်စွာ ပြီးစီး ခဲ့သည်။

ဟိုတယ်ဝင်း အဟောင်းတစ်ခုရှိ အ ဆောက်အအုံဟောင်းများကို ကောလိပ်စာ သင်ခန်းများအဖြစ် ပြောင်းလဲထားခဲ့ သည်။ အဆောက်အအုံအ၀င်တွင် ဆိုင်း ဘုတ်ကြီးတစ်ခု ခန့်ခန့်ညားညား ရှိနေခဲ့ သည်။ ရေးထားသည်က ကချင် (ဂျင်းဖော့)ဘာသာဖြင့်။ မြန်မာပြန်လျှင် တော့မိုင်ဂျာယန်ကောလိပ်ဟု အဓိပ္ပာယ် ရသည်။

ဒေသအသီးသီး ကျောင်းအသီးသီးမှ ကချင်တိုင်းရင်းသားကလေးငယ် တစ် ရာကျော် ကွန်ပျူတာသိပ္ပံ၊ နိုင်ငံရေးသိပ်္ပံ၊ အင်္ဂလိပ်စာ၊ ဖွံ့ဖြိုးရေးပညာရပ်၊ သဘာဝ ပတ်ဝန်းကျင်စသည့် ဘာသာရပ်အသီးသီးကို သင်ကြားနေကြရပေပြီ။ မိုင်ဂျာယန်မြို့လေးတွင် ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ မိုင်ဂျာယန် ပညာရေး အင်စ တီကျု၊ှုညျအငအကအန သ်ူငဘနမေူ မေအ ညျေိခငနညခန စသည့် ကျောင်းများ ပါရှိနေ သည့်အတွက် ထိုဒေသရှိ ကလေးများ အတွက် ပညာရေးမြို့ကလေးပင် ဖြစ်နေ ချေပြီ။

ကျွန်တော်သည် ကချင်သူငယ်ချင်း နှစ်ယောက်နှင့်အတူ မိုင်ဂျာယန် ကောလိပ်လေးတွင် ကောလိပ်စတက်မည့် ကလေးများအတွက် ဖွင့်သော ဥပစာအ တန်းတွင် အင်္ဂလိပ်စာနှင့်  ဘာသာရပ်  အချို့ကို  လေးလခန့် သင်ပေးဖြစ်ခဲ့သည်။ ထိုကာလတိုလေးအတွင်း တိုင်းရင်းသား တို့၏ ရိုးရာဓလေ့ ဘာသာစကားနှင့် စာ ပေအချို့ကို လေ့လာခွင့်ရခဲ့သလို စစ်၏ဆိုးကျိုးများကိုလည်း မျက်မြင်ဒိဋ္ဌ ကြုံတွေ့ခဲ့ရသည်။

ကလေးများ၏ စိတ်ဒဏ်ရာများကို လည်း သိရှိမှတ်သားခဲ့ရသလို တတ်နိုင် သမျှ ကြိုးစားကုသပေးခဲ့ ဖြစ်သည်။ မေတ်္တာဖြင့် ဆက်ဆံခြင်း၊ စာနာစိတ် ထားဖြင့် ဖေးမကူညီခြင်းသည်ပင် အကောင်းဆုံးသော ဆေးတစ်ဖုံပင် မဟုတ် လော။ ရိုးသားပွင့်လင်း၍ ခင်မင်နှစ်လို ဖွယ်ရှိသော တိုင်းရင်းသားကလေးငယ်များနှင့် ကျွန်တော်သည်ပင် သံယောဇဉ် ကြိုးလေးများအတော်ပင် ချည်နှောင်မိခဲ့ သည်ထင့်။

“ ကိုယ့်အိပ်မက်ကို ကိုယ်အကောင် ထည်ဖော်နိုင်သူတွေ ဖြစ်မယ်ဆိုတာ ဆရာယုံကြည်ပါတယ်၊ ကြိုးစားကြပါ။ စာဖတ်ပါ။ ဆရာတို့ဆီက ပန်လယ် (ကချင် ဂျင်းဖော့စကားတွင် ပင်လယ်ကို ပန်လယ်ဟုခေါ်သည်)ကိုလည်း လာ လည်နော် ”ကျွန်တော်၏ စကားဆုံးသော အခါ ကလေးမတချို့ထံမှ ငိုရှိုက်သံ သဲ့ သဲ့ထွက်ပေါ်လာသည်။

တချို့က အပြစ်ရှိခဲ့လျှင် ခွင့်လွှတ် ပါ၊ ဆရာ့ကို သတိရနေပါမယ် စသည့် ဖြင့် ပြောကြသဖြင့် ရင်ထဲက မကောင်း လှ။ ကျွန်တော် ခေါင်းငုံ့ကာ နေမိလျက် သား။

ထိုစဉ်ကလေးတစ်ယောက်က တရုတ်ယွမ်ငွေများ ထည့်ထားသည့် စာအိတ်ကလေးလာပေးသဖြင့် အတန် တန်ငြင်းသော်လည်း ကလေးများက သူတို့ စု၍ပေးသောနောက်ဆုံးလက် ဆောင် ဖြစ်၍ လက်ခံပေးရန် ပြော၏။ (နောင်တွင် ထိုငွေများဖြင့် စာအုပ်အချို့ ၀ယ်ကာ ကောလိပ်စာကြည့်တိုက်ကို လှူလိုက်ပါသည်။)

ငိုရှိုက်သံသဲ့သဲ့က ကျွန်တော်ကို သာ၍ ၀မ်းနည်းလာစေသည်။

အချိန်တန်လျှင် အိမ်ပြန်ရစမြဲ မဟုတ်လား။

နှင်းမြူဆိုင်းသော လွမ်းမောဖွယ် မနက်ခင်းတစ်ခုဝယ် ကျွန်တော်သည် မြို့ကလေးမှ ခွာခဲ့ရပေတော့သည်။

ကောင်းနေအောင်