ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိသည်

0
1051

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အယ်နီညိုဟု အခေါ်ရှိသည့် ပူပြင်းလွန်းလှသည့်  ရာသီဥတုကို အန်တုရင်း မိုးဥတု၏အစကို ၀င်ရောက်ခဲ့ပြီ။

အပူချိန်လွန်ကဲမှုကြောင့် လူအများအပြား သေဆုံးသည့် သတင်းများပင် သတင်းစာများမှ တစ်ဆင့်သိရသည်။

တောင့်တမိသောကြောင့်  ကိုယ်ထင် ပြတော့မည့် မိုးဦးမုတ်သုန်မိုးကလည်း လေမုန်တိုင်းနင့်အတူ ဒေါသတကြီး ၀င်လာမည့် သတင်းများကို မိုးလေ၀သပညာ ရှင်များက လူမှုကွန်ရက်နှင့် သတင်းစာများ မှ အဆက်မပြတ် သတိပေး ဖော်ပြနေသည်။

လက်တလော ဖြစ်ရပ်များသည် လူသားမျိုးနွယ်နှင့် သဘာဝတရားအကြား သဟဇာတ မဖြစ်မှု ပြဿနာအကြီးအကျယ် ရှိနေသည်ကို ပြနေသည့်သဘော ဖြစ်သည်။ ရေရှည်မှာ လူသားအသက်ရှင် ရပ်တည်မှု အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။ သက်ရှိလူသားများအတွက် ပြဿ နာ အကြီးကြီးအဖြစ် မြင်မိသည်။

ပြဿနာတိုင်းတွင် ဖြစ်ရသည့် အကြောင်းအရင်း ရှိသည်။ ဖြစ်ရသည့် အ ကြောင်းအရင်း၏ အဓိက တရားခံမှာ လူများပင် ဖြစ်သည်။ လူသည် သာမန်အား ဖြင့် လောဘသားများသာ ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် ယင်းလောဘစိတ်ကို အားပေး အားမြှောက် လုပ်သွားသည့် ဆုံးဖြတ်ချက်ချသူနှင့် ပိုင်လျှင်လုပ်ချင်သလို လုပ်နိုင်သည့် စနစ် (အာဏာရှင်စနစ်)တစ်ခုကို ဖြတ်သန်းခဲ့ရသည်။

ထို့ကြောင့် တောလည်းပြောင်၊ တောင်လည်းပျောက်၊ မြေကြီးတွေလည်း ဒဏ်ရာဗရပွ။

မြစ်ချောင်းများလည်း တိမ်ကောပ ပျောက်ပြီး ဥပဒေအရ မဟုတ်ဘဲ အာဏာ ဖြင့် ခွင့်ပြုသွားသည့် မျက်စိတစ်မြင် (မျက်စိ တစ်ဆုံးမဟုတ်) ဆီအုန်းနဲ့ ရော်ဘာအတွက်  အပြောင်ရှင်းစနစ်၊ အထိန်းအကွပ်မဲ့ ဒီရေ တောခုတ်ခြင်း၊ သတ်္တုလုပ်ငန်း စသည်တို့ သည် ဆိုးဝါးသော ရာသီဥတု ပြောင်းလဲ ခြင်း၏ အဓိကတရားခံများ ဖြစ်သည်။

ကျွန်တော်တို့ ပြန်လည်ကုစားရမည်။

ပြန်လည်ထိန်းသိမ်းရမည်။

တားဆီးရမည်။ အတော်ကို ကြိုးစား ရမည်။

တစ်ချိန်က ကျွန်တော်တို့ဒေသ၏ တောင်တန်းများတွင် စိမ်းလန်းအုံ့ဆိုင်း နေသော သစ်တောကြီးများက ယခုအခါ တောင်ကတုံးများ ဖြစ်နေပြီ။ ထိုမျှ အုံ့ဆိုင်း နေသော သစ်တောကြီးများ ဖုံးလွှမ်းရာ တောင်ကြီးများကို ခုတ်ဖြတ်ရောင်းချကာ အတိုင်းအဆမရှိ ချမ်းသာသူက ချမ်းသာ သွားကြပြီး စည်းစိမ်ခံနေကြချိန်တွင် ပြည်သူအများစုက သဘာဝဘေးဒဏ်ကို အလူးအလဲ ခံနေကြရသည်။

ကျွန်တော်သည် ကော့သောင်းမြို့နယ် တိုင်းဒေသကြီးအမှတ် (၂) ကိုယ်စားလှယ် ဖြစ်သည့်အလျောက် ကျွန်တော့်မဲဆန်္ဒနယ် ရှိရာ ဖော့သုတ်၊ ဆိပ်ဖူးပါ (ဒေသအခေါ် ရှမ်းကိုးရွာ)သို့ မဲဆန်္ဒရှင်များနှင့် တွေ့ဆုံစဉ် ရွာ၏ အရေးတကြီး အလိုအပ်ဆုံးအရာမှာ ဒေသတစ်ခုလုံးကဲ့သို့ သောက်သုံးရေ ဖြစ် ကြောင်း သိခဲ့ရသည်။

ယင်းဒေသသည် ထိုင်းနိုင်ငံနှင့် ခဲ တပစ်စာ အော်၍ကြားနိုင်သော ဒေသဖြစ် သည်။ သို့သော် တစ်ဖက်ကမ်း ထိုင်းမှ ရေကို သွားရောက်မှီခိုနေရသည်။ ကျွန်တော် တို့တွင် နွေရာသီ မရောက်ခင်မှာပင် ရေရှား ပါးမှု အခက်အခဲက စတင်နေပြီ။ ဆိုလိုသည်က မြစ်လေးတစ်ခုသာခြားသည့် နေရာနှစ်ခုမှာ အကျိုးပေးမတူသည့် အဓိက တရားခံက သစ်တောပြုန်းတီးမှု ဖြစ်သည်။သစ်တော ကြီးများကို အပြောင်းရှင်း သည့်စနစ်ဖြင့် ခွင့်ပြုပေးခြင်းသည် အဓိက အကြောင်းအရင်း ဖြစ်သည်။ တဘက် ထိုင်းနိုင်ငံတွင် ရေဝေရေလဲ ထိန်းပေးသည့် အုံ့ဆိုင်းနေသော သစ်တောကြီးများ ဖုံးလွှမ်း ရာ တောတောင်ကြီးများကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည်။ ထိန်းထား နိုင်သည်ကို ကျွန်တော်တို့ သင်ခန်းစာ ယူရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၀မှ ၂၀၁၅ထိ ငါးနှစ်အတွင်း သစ်တောဟတ်တာ သုံး သန်းခန့် ပြုန်းတီးခဲ့ကာ ကမ်္ဘာ့သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများထဲတွင် အဆင့်သုံးနေရာ၌ ရောက်ရှိနေသည်ဟု ကုလသမဂ်္ဂ စားနပ်ရိက်္ခာအဖွဲ့က ထုတ်ပြန် သတိပေးထားသည်။ ဒါ့အပြင် ငါးနှစ်အ တွင်း သစ်တော ၁ ဒဿမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့ပြီး တစ်နိုင်ငံလုံး သစ်တောဖုံး လွှမ်းမှု ဧရိယာမှာ ၄၅ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ယင်းအဖွဲ့က ထပ်မံသတိ ပေးထားသည်။

ကျွန်တော်တို့ အားလုံးထိုကိစ်္စကို ထပ်မံလျစ်လျူရှုထားပါက ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ဒေသ၊ နောင်မျိုးဆက်သစ် များအတွက် အသက်ရှင်ရပ်တည်ရေးကို ပါ ခြိမ်းခြောက်လာနိုင်သည့်အဓိက ပြဿ နာကြီးအဖြစ် မလွဲမသွေဖြစ်လာမည်ဖြစ်သည်။

ထိုကြောင့် သစ်တောနှင့် ဒီရေတော များ အပြောင်ရှင်းစနစ်ဖြစ် ခွင့်ပြုခြင်း၊ ခုတ်ယူခြင်း၊ သတ်္တုများ အဆင်ခြင်မဲ့ စည်း ကမ်းမဲ့ ထုတ်ယူရန် ခွင့်ပြုခြင်းကြောင့် ဖြစ် ပေါ်လာသော ဘေးထွက်ဆိုးကျိုးများသည် လက်တလောတွင် ထိန်းသိမ်းရ ခက်ခဲသည့် အဆင့်ထိ ဖြစ်ပေါ်နေပါပြီ။

ယခုကဲ့သို့ အမှားမျိုးထပ် မဖြစ်အောင် သင်ခန်းစာ ယူရမည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာတွင် အစိုးရတွင်သာမက ပြည် သူများအနေဖြင့်လည်း တရားမ၀င် သစ် တောများ၊ ဒီရေတောများ ခုတ်ယူခြင်း သယ်ဆောင်ခြင်း ယင်းနှင့်ဆက်စပ်၍ အ ကျင့်ပျက်ခြစားသည့် ၀န်ထမ်းများအား ဖော်ထုတ်ခြင်း၊ သက်ဆိုင်ရာသို့ တိုင်ကြား ခြင်းဖြင့်လည်းကောင်း သစ်တောများအား ပြုစု စောင့်ရှောက်ထိန်းသိမ်း ခြင်းနည်းဖြင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်သင့် သည်။ ပူးပေါင်း ပါဝင်ရန် တာဝန်ရှိပါသည်။

အစိုးရအနေဖြင့်လည်း ပြည်သူကို ပူးပေါင်းပါဝင်ခွင့် ဖန်တီးပေးရမည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် အားလုံးနှင့်ဆိုင်သည်ဟုခံယူပြီး လက်တွဲ ဆောင်ရွက်ရင်းဖြင့် ထိန်းသိမ်းစောင့်ရှောက် သင့်ပါကြောင်း ဆော်သြလိုက်ရပါသည်။

မြင့်မောင်