မျှော်လင့်သူများ အမှားမဖြစ်အောင်

0
503

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုဖြင့် အရေးယူ ပြီးနောက် တာဝန်က ရပ်စဲလိုက်သည်။

ယင်းနောက် ၀န်ကြီချုပ်သစ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်ကို ၀န်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့သည်။

၃ နှစ်တာ အီလည်လည်ဖြင့် မကျေမနပ်ဖြစ်နေကြသည့် တနင်္သာရီတိုင်းတွင်း လူထုအတွက် တစ်ဖန် စိတ်အားတက်ကြွလာသည့်ကာလ ဖြစ်သည်။

မျှော်လင့်ချက်အသစ်များ ပြန်လည် လက်ထလာသည်။

လူကောင်းဟု ယူဆရသူများ နိုင်ငံ၏ရာထူး တာဝန်တစ်ခုခုကို ရတိုင်း  မျှော်လင့်မိသည့် မျှော်လင့်ချက်များ ရှိသကဲ့သို့ တစ်ဖက်တွင်လည်း “လူကောင်း တစ်ယောက်တော့ ဆုံးသွားပြန်ပြီထင်တယ်”ဟု ခပ်အစွန်းရောက်ရောက် တွေးမိလေ့ ရှိသည်။

ယင်းသို့ တွေးမိသူ မည်မျှရှိသည်ကိုတော့ မသိပါ။

နိုင်ငံ၏ ရာထူးတာဝန်ကို ယူသူများ လူထူကို မျက်နှာမမူဘဲ အကျင့်ပျက် ပြောင်းလဲသွားတိုင်းလည်း “မျှော်လင့်သူသာ အမှားဖြစ်ရာ၏”ဟု ဖြေတွေးရန် ပြောတတ်ကြသူများ ရှိသည်။

မည်သို့ဆိုစေ တိုင်းသူတိုင်းသားများ၏ မျှော်လင့်ချက်ကို အရောင်မညှိုးစေ ချင်ပါ။

“မျှော်လင့်သူသာ အမှားဖြစ်ရာ၏” ဟု ဖြေတွေးရန် မပြောချင်တော့ပါ။

ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုဖြင့် အရေးယူပြီး ရာထူးက အနားပေးခံရပြီးနောက် လက်ရှိ တိုင်းဝန်ကြီးချုပ်သစ် ဦးမြင့်မောင်  ဖြစ်လာသည်။

ထို့ကြောင်း ဦးမြင့်မောင် ၀န်ကြီးချုပ်မဖြစ်မီ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဖြစ်ခါစက မြင့်မောင် ကလောင်ဖြင့် ရေးသားပြီး ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်ထုတ် တနင်္သာရီ အပတ်စဉ်အတွဲ ၃၊ အမှတ် ၄၈ တွင် ဖော်ပြခဲ့သည့် ကျွန်တော်တို့ အားလုံးတွင် တာဝန်ရှိသည် ဆောင်းပါးကို တနင်္သာရီ စာဖတ်ပရိသတ်များ ပြန်လည် ဖတ်ရှုနိုင်ရန် ပြန်လည်ဖော်ပြလိုက်သည်။

အယ်ဒီတာ