တိုင်း ထိပ်သီးများ ပြောင်းလဲ ၊ ဒေါက်တာလဲ့လဲ့မော် ကိုယ်စားလှယ်ဖြစ်ဆဲ ၊ ဦးအောင်စိုး နေမြဲ

0
2892

မတ်လ ၁၁ ရက်နေ့က ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ၀န်ကြီးချုပ် တာဝန်ရပ်စဲလိုက်ပြီးနောက် တနင်္သာရီ တိုင်းအစိုးရ အဖွဲ့အတွင်း ကြီးမားသည့် ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ သည်။

ခေတ်္တ၀န်ကြီးချုပ်တာဝန်ကို မတ်လ ၁၁ ရက်တွင်ပင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ပူးတွဲ ပေးအပ်လိုက်ပြီး နောက်တစ်ပတ်အကြာ မတ်လ ၁၈ ရက်တွင် ဦးမြင့်မောင်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ်္မတမှ တိုင်းလွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့သည်။

မတ်လ ၁၉ ရက်တွင် တိုင်းအစိုးရအဖွဲ့ ၀န်ကြီးနှစ်ဦးကို ယင်းတို့၏ သဘောဆန်္ဒအလျှောက် ၀န်ကြီးရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ်္မတရုံးက ထုတ်ပြန်လိုက်ပြန် သည်။

ထိုဝန်ကြီး နှစ်ဦးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် တို့ ဖြစ်သည်။

ဝန်ကြီးချုပ်သစ်နှင့် လစ်လပ်ဝန်ကြီး ၃ နေရာ

မတ်လ ၂၂ ရက်က ကျင်းပ ခဲ့သည့် တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ဦးမြင့်မောင်ကို ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ရေး ကန့်ကွက်သူမရှိ သဘောတူခဲ့ကြသည်။

ထိုနေ့ ညနေတွင်ပင် ဦးမြင့်မောင်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးကြောင်း နိုင်ငံတော်သမ်္မတမှ ကြေညာလိုက်သည်။

မတ်လ ၂၂ ရက်မှစ ၀န်ကြီးချုပ် ဖြစ်လာသူ ဦးမြင့်မောင်သည် တနင်္သာရီ တိုင်း၏ ၄ ဦးမြောက် ၀န်ကြီးချုပ် ဖြစ် လာသည်။

ဦးမြင့်မောင်သည် ထားဝယ် ဇာတိဖြစ်ပြီး ကော့သောင်းတွင် ကြီးပြင်းကာ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

“တာဝန်ပေးလိုက်တယ်လို့ ခံယူပါတယ်၊ ပေးလိုက်တဲ့တာဝန်ကိုတော့ ကျေပွန်အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ထမ်းဆောင်သွားဖို့ ရှိပါတယ်”ဟု ဦးမြင့်မောင်က မတ်လ ၂၂ ရက်တွင် ပြောသည်။

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ရာထူးယူထားသည့် ဦးမြင့်မောင်က ၀န်ကြီးချုပ် ဖြစ်သွားပြီး ၀န်ကြီး ၂ ဦးကိုလည်း နုတ်ထွက်ခွင့် ပြုလိုက်ခြင်းကြောင့် လက်ရှိတိုင်း အစိုးရအဖွဲ့တွင် ၀န်ကြီးရာထူး ၃ နေရာ လစ်လပ်လျက် ရှိနေသည်။

ထိုလစ်လပ် ၀န်ကြီးနေရာများ အတွက် ၀န်ကြီးချုပ်မှ တိုင်းလွှတ်တော်သို့ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်ပုံ အခြေခံဥပဒေပုဒ်မ ၂၆၂(က)အရ တိုင်းဒေသကြီးဝန်ကြီးများကို သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ များထဲမှဖြစ်စေ ရွေးချယ် တာဝန်ပေး အပ်နိုင်သည်။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့ကမူ လစ်လပ် ၀န်ကြီးနေရာများတွင် ပြည်သူလူထုနှင့် နီးကပ်ပြီး လူထုလိုအပ်ချက်ကို စော ကြောမိပြီးဖြစ်သည့် တိုင်းလွှတ်တော် ကိုယ်စားလှယ်ထဲမှ ခန့်သင့်ကြောင်း ပြောကြသည်။

တိုင်းလွှတ်တော်ဥက်္ကဋ္ဌ ဦးခင်မောင် အေးကမူ လွှတ်တော်ကိုယ်စားလှယ်ထဲ မှဆိုက လုပ်ငန်းကျွမ်းကျင်နီးစပ်ပြီး ဖြစ်သည့် လွှတ်တော်ကော်မတီ အသီးသီးမှ ကော်မတီဝင် ကိုယ်စားလှယ်များကို ၀န်ကြီးအဖြစ် ခန့်ထားသင့်ပြီး ပြင်ပမှ တတ်သိပညာရှင်များကို ၀န်ကြီးတာဝန် ပေးအပ်ပါကလည်း သင့်တော်ကြောင်း ပြောသည်။

“ပြင်ပပုဂိ္ဂုလ်ထဲက ပညာရှင်တွေ ရွေးရင် ပိုကောင်းတယ်၊ အဲဒါပိုပြီး အဆင်ပြေတယ်၊ ဥပဒေအရလည်း ခွင့်ပြုချက်ရှိတယ်”ဟု ဦးခင်မောင်အေး ကပြောသည်။

ယင်းဝန်ကြီးနေရာများအတွက် NLD ပါတီဗဟိုနှင့် ညှိနှိုင်းပူးပေါင်း ရွေးချယ်မည်ဖြစ်ပြီး လက်ရှိအချိန်ထိ ပါတီမှ ၎င်းင်းထံသို့ တစ်စုံတစ်ရာ အကြောင်း ကြားလာခြင်းမျိုး မရှိသေးဟု ဦးမြင့်မောင်က မတ်လ ၂၃ ရက်ညတွင် တနင်္သာရီ အပတ်စဉ်သို့ ပြောသည်။

“ပါတီမှာတော့ (၀န်ကြီးနေရာ ရည်ရွယ်ထားသူ)ရှိရင် ရှိမှာပေါ့၊ ကျွန်တော့ဆီတော့ မပို့သေးဘူး”ဟု ဦးမြင့်မောင်က ပြောသည်။

ဒေါက်တာလဲ့လဲ့မော် လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေဆဲ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကာ ထောင်အချုပ်တွင် ထိန်းသိမ်းခံထားရသော ၀န်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် မတ်လ ၂၂ ရက်က ကျင်းပခဲ့သည့်  တိုင်းလွှတ်တော် အရေးပေါ် အစည်း အဝေးသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး ရှိသည့်အနက် ဒေါက်တာလဲ့လဲ့မော်သည် အမှုရင်ဆိုင်နေရသည်ဟု လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်သည် ၀န်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရသည့် နေ့မှ စ၍ ဥပဒေအရ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရှိနေဆဲဟု တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြောသည်။

“၀န်ကြီးချုပ် တာဝန် ရုပ်သွားရင် ကိုယ်စားလှယ် ဖြစ်တယ်၊ သို့သော် အဲဒီကိုယ်စားလှယ် တရားရင်ဆိုင်နေ ရတယ်၊ တရားရင်ဆိုင်နေရလို့ လွှတ်တော် မတက်နိုင်တာကို သေချာ တဲ့အတွက်ကြောင့် မတက်နိုင်ဘူး၊ ပျက်ကွက်ဆိုပြီးတော့ပဲ လုပ်လိုက်တယ်” ဟု ဦးမြင့်ဝေက ပြောသည်။

ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်/ မပယ်ဆိုသည်ကိုမူ ၎င်းရင်ဆိုင်နေရသည့် အမှုတွင် အပြစ်ရှိ/မရှိ တရားရုံး၏ ဆုံးဖြတ်ချက်ပေါ် မူတည် ဆုံးဖြတ် ရမည်ဟု ဦးမြင့်ဝေက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်နေဆဲ ဖြစ်သော်လည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လစာကိုမူ ခံစားခွင့်ရမည် မဟုတ်ပေ။

“လွှတ်တော်ကိုယ်စားလှယ် လစာကိုတော့ တင်တောင်းပေးဖို့ မရှိဘူး၊ တစ်ခါမှ မကြုံဖူးတာလည်း ပါတယ်” ဟု ဦးမြင့်ဝေက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တနင်္သာရီတိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်ရာ ပါတီတာဝန်ကိစ်္စအား ၎င်းစွဲဆိုခံထားရသည့်အမှု စီရင်ချက်ချ ပြီးမှ ပါတီဗဟိုက ပြန်လည်သုံးသပ် မည်ဟု NLD(ဗဟို)၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က တနင်္သာရီ အပတ်စဉ်သို့ပြောသည်။

“တရားသူကြီးက စီရင်ချက် ချလိုက်တဲ့အခါမှပဲ ပြန်ပြီး သုံးသပ် မယ်ခင်ဗျ”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

နုတ်ထွက်ဝန်ကြီး နှစ်ပါး၏ ၂၀၂၀ အထိ တာဝန်ယူမှု

မတ်လ ၂၂ ရက်က ကျင်းပခဲ့ သည့်  တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးသို့ ဦးဖြိုးဝင်းထွန်းနှင့် ဦးကြည်လှိုင်တို့ တက်ရောက်ခဲ့ကြသည်။

ဦးဖြိုးဝင်းထွန်းက ၎င်း၏ ဆန္ဒ အလျှောက် ၀န်ကြီးရာထူးမှနုတ်ထွက် ခြင်းဖြစ်ပြီး ဦးကြည်လှိုင်က ကျန်းမာရေး အခြေအနေအရ နုတ်ထွက်သည်ဟု ပြော ဆိုခဲ့သည်။

၎င်းတို့ နှစ်ဦးစလုံးက လွှတ်တော် ကိုယ်စားလှယ်အဖြစ် လက်ကျန်သက် တမ်းကို ဆက်လက်တာဝန် ထမ်းဆောင် သွားမည်ဟု ပြောကြသည်။

ဦးဖြိုးဝင်းထွန်းနှင့် ဦးကြည်လှိုင် တို့သည် ၀န်ကြီးရာထူးမှ နုတ်ထွက်ခွင့် ပြုကြောင်း အမိန့်ကြေညာစာ ထွက်ပြီး သည့်နေ့မှစ၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာကြပြီး ယင်း ကြေညာသည့် မတ်လ ၁၉ ရက်မှစ လွှတ်တော်ကိုယ်စားလှယ်လစာ ခံစား ခွင့်ရှိကြောင်း တိုင်းဒေသကြီး လွှတ် တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြောသည်။

ဦးဖြိုးဝင်းထွန်းက မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဦးကြည်လှိုင်က ပုလောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

ဦးအောင်စိုး နေမြဲ

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိအမှုဖြစ် တရားစွဲ ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့်အတူ တိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးဖြိုးဝင်းထွန်းတို့ နုတ်ထွက်ကြောင်း ကြေညာမှုတို့ကြောင့် ဒေါက်တာလဲ့လဲ့မော်၊ ဦးဖြိုးဝင်းထွန်း တို့နှင့်အတူ အတိုင်ခံထားရသည့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးသည်လည်း ပါတီ(ဗဟို)မှ တစ်စုံတစ်ရာ အရေးယူ လိုက်ပြီဟူသော ကောလာဟလများ တနင်္သာရီတိုင်းအတွင်း ပြန့်နှံ့လျက် ရှိသည်။

NLD(ဗဟို)၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ လွှတ်တော် ကိုယ်စား လှယ်များ တိုင်ကြားစာဌာန တာဝန်ရှိ သူလည်းဖြစ်သည့် ဒေါက်တာမျိုးညွန့် ကမူ ဦးအောင်စိုးနှင့် ပတ်သက်၍ တိုင်ကြားလာမှု လုံးဝမရှိသေးကြောင်း၊ စစ်ဆေး အရေးယူမှုလည်း မရှိကြောင်း ပြောသည်။

“(ဦးအောင်စိုးနှင့် ပတ်သက်လို့) တိုင်စာတောင် လုံးဝမရှိပါဘူးခင်ဗျ၊ တိုင်စာမရှိဘဲနဲ့ စစ်ဆေးတာ၊ အရေးယူ တာ မရှိနိုင်ပါဘူး။ သူ့ကို စစ်ဆေးတာ အရေးယူတာ မရှိပါဘူး” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သူ ဦးအောင်စိုး၊ ဒေါက်တာ လဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့၏ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေး အရေးယူပေးရန် မြိတ်ဒေသခံ ၆၂ ဦးက (NLD)ပါတီ ဗဟိုသို့ တိုင်ကြားထား ကြသည်။

ပါတီဗဟို၏ လွှတ်တော်ကိုယ်စား လှယ်များ တိုင်ကြားစာဌာန ဦးမျိုးညွန့် ထံ လိပ်မူ တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်သည် ဦးအောင်စိုး ၏ ခယ်မတော်စပ်ပြီး ဦးအောင်စိုးသည် NLDပါတီ အာဏာရချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေး သည်ဟုဆိုကာ အများပြည်သူနှင့် အောက်ခြေပါတီဝင်များ၏ တင်ပြချက် များကို လျစ်လျူရှုလျက် သမီးဖြစ်သူ ဒေါ်ပွင့်ဖြူဖြူအောင်ကို ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ခန့်ခြင်း၊ ပြည်သူ့ ဘဏ္ဍာ အကြွေးတင်လျက်ရှိသော  GGS ကုမ္ပဏီတွင် ဦးအောင်စိုး၏ သားမက်၊ ၀န်ကြီးချုပ်ဟောင်း ကိုယ်ရေးအရာရှိ ဒေါ်ပွင့်ဖြူဖြူအောင်၏ ခင်ပွန်းက ဦးနေမျိုးအောင်သည် မန်နေဂျာရာထူး ဖြင့် လုပ်ကိုင်နေခြင်းတို့ ရှိနေကြောင်း တိုင်စာတွင် ပါဝင်ခဲ့သည်။

ဦးအောင်စိုး၏သမက် ဦးနေမျိုး အောင်သည် သရက်ချောင်းငါး လေလံ ဈေး အကောင်အထည်ဖော်ရာတွင်လည်း  GGS ကုမ္ပဏီတွင် မန်နေဂျာအဖြစ် ပါဝင်နေပြီး ၎င်း GGS ကုမ္ပဏီ၏ လက်အောက်ခံ အောင်မိုးမြတ် ကုမ္ပဏီ တွင်လည်း မန်းနေးဂျင်းဒါရိုက်တာ ရယူထားသူဟု တိုင်စာတွင် ပါရှိခဲ့သည်။

ယင်းသို့ တိုင်ကြားခဲ့သည်ကို သတင်းမီဒီယာများကလည်း အကျယ်တ၀င့် ဖော်ပြခဲ့ကြသည်။

တိုင်စာနှင့် ပတ်သက်၍ NLD ပါတီဗဟိုနှင့် အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်တို့က တိုင် ကြားသူများအား ခေါ်ယူမေးမြန်းခြင်းတို့ ပြုလုပ်ခဲ့ပြီးကြောင်းနှင့် ဦးဖြိုးဝင်းထွန်း ၀န်ကြီးအဖြစ်မှ နုတ်ထွက်ရခြင်းမှာ ယင်းတိုင်စာနှင့် ဆက်စပ်နေ၍သာ ဖြစ်နိုင်ကြောင်း တိုင်းကြားရာတွင် ပါဝင်သူများက ယူဆကြသည်။

ဒေါက်တာမျိုးညွန့်က ဦးအောင်စိုး အား တိုင်ကြားသည့်စာ လွှတ်တော်ကိုယ် စားလှယ်များ တိုင်ကြားစာဌာနသို့ ရောက်မလာဟု မတ်လ ၂၂ ရက်က တနင်္သာရီအပတ်စဉ်သို့ ဖြေဆိုသည်။

“ကျွန်တော်တို့ သိတာတော့ မရှိဘူးခင်ဗျ၊ ၀င်တဲ့စာတိုင်းကို ကျွန်တော် တို့က အမျိုးအစား ခွဲရတာကိုး၊ ကျွန်တော်သိသလောက်တော့ (မြိတ် ကတိုင်စာ) မရှိသေးဘူးခင်ဗျ၊ အရေး ကြီးတဲ့ စာဆိုရင်တော့ ကျွန်တော်တို့ တော်ရုံတန်ရုံ ပေါ့တီးပေါ့ဆ မထား ပါဘူး၊ ကျွန်တော်သိသလောက်တော့ မရှိပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တိုင်ကြားရာတွင် ပါဝင်သည့် မြိတ်မြို့ခံ NLD ပါတီဝင်တစ်ဦးကမူ ထိုသို့ ဖြေဆိုခြင်းအပေါ် ပါတီဝင် တစ်ဦးအနေဖြင့် ပါတီဗဟိုအား အယုံ အကြည်လျော့စေသည်ဟု ဆိုလာသည်။

“တိုင်တဲ့အထဲမှာလည်း ဦးအောင်စိုး ပါတယ်၊ ခေါ်စစ်တဲ့အထဲမှာလည်း ဦးအောင်စိုးအကြောင်း ပါတယ်၊ ဘာ ကြောင့် အရေးမယူလဲဆိုတော့ ပါတီကပဲ ဘက်လိုက်မှုတွေ ပါနေသလို ဖြစ်နေတာ ပေါ့”ဟု အထက်ပါ ပါတီဝင်က ပြောသည်။

လိုအပ်ပါက လူပြန်စုကာ ဦးအောင်စိုး တစ်ဦးတည်း၏ လုပ်ဆောင်မှုများကို ပါတီဗဟိုသို့ ထပ်မံတိုင်ကြားသွား မည်ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ဦးအောင်စိုး သည် NLDဗဟိုအလုပ်အမှုဆောင် တာဝန်၊ တိုင်း NLD ဥက္ကဋ္ဌတာဝန်၊ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တာဝန်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် တာဝန် တို့ကို ပုံမှန်ထမ်းဆောင်နေဆဲ ဖြစ် ကြောင်း ဒေါက်တာမျိုးညွန့်က မတ်လ ၂၂ ရက်တွင် ပြောသည်။

““(သူ့တာဝန်တွေက) ပုံမှန် အတိုင်း ပါပဲခင်ဗျ””ဟု ဒေါက်တာမျိုးညွန့်က ဖြေဆိုသည်။

Dawei Watch