မြိတ်တွင် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၅၀ ခန့်နှင့် ICE မူးယစ်ဆေးအချို့ ဖမ်းမိ

0
661

မြိတ်ဩမိ့တွင် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာမှ WY စိတ်ကြွဆေး ၂၅၀ ပြားခန့်နှင့် ICE မူးယစ်ဆေးအချို့ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များက မတ်လ ၂၁ ရက် နံနက် ၂နာရီခွဲခန့်က လှည့်ကင်း ဆောင်ရွက်နေစဉ် တရုတ်တန်းရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်း၌ အမျိုးသားနှစ် ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသား၏ လက်ထဲတွင် WY စိတ်ကြွဆေးပြား ၂၄၁ ပြားကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဆိုင်ကယ်နောက်တွင် ထိုင်လိုက် လာသည့် အသက် ၁၉ နှစ်အရွယ် အမျိုး သား၏ လက်တွင် ICE မူးယစ်ဆေး ၀.၀၀၂၈ ကီလိုဂရမ်ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးများ ဖမ်းမိခဲ့သည့် အထက်ပါ အမျိုးသားနှစ်ဦးကို မူး/ စိတ် ပုဒ်မ- ၁၉(က)/၂၁ ဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch