ပင်လုံအငှားအိမ်ရာအခန်းများ နိုင်ငံ့ဝန်ထမ်းနှင့် ပင်စင်စားများကို ငှားခွင့်ပြု

0
769

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်တွင် ဆောက်လုပ်ထားသည့် အငှားအိမ်ရာ တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပင်စင်စား များကို ငှားရမ်းခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန(အိုး/အိမ်)ထံမှ သိရ သည်။

နှင်းဆီလမ်းတွင် ဆောက်လုပ်ထား သည့် အငှားအိမ်ရာ ငါးလုံးရှိသည့်အနက် တိုက်အမှတ် ၄ နှင့် ၅ တို့တွင် ငှားရမ်း နေထိုင်ရန်အတွက် ယခုလအတွင်း မဲ နှိုက်ရွေးချယ်ခဲ့ကြောင်း အိုး/အိမ်ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မိမိထွေး က ဆိုသည်။

တိုက်အမှတ် ၄ တွင် ပင်စင်စား ၁၂ ဦးကို ငှားရမ်းခွင့်ပြုခဲ့ပြီး တိုက်အမှတ် ၅ တွင် နိုင်ငံ့ဝန်ထမ်း ၂၁ ဦးကို ငှားရမ်း ခွင့်ပြုခဲ့ကြောင်း ၎င်းင်းက ပြောသည်။

အဆိုပါ တိုက်ခန်းများကို တစ်လ လျှင် ငွေကျပ် ၃၂၀၀၀ နှုန်းဖြင့် ငှားရမ်း ခဲ့ပြီး သုံးလစာ စပေါ်ငွေ ပေးသွင်းထား ရမည် ဖြစ်သည်။

“တစ်သက်လုံး အပိုင်တော့ မဟုတ် ဘူး၊ အငှားအိမ်ရာ(တိုက် ၅) မှာ နေတဲ့ ၀န်ထမ်းတွေ အငြိမ်းစားယူခါနီးရင် အငြိမ်းစား အခန်း(တိုက် ၄) ကို ကြို လျှောက်ထားလို့ရတယ်” ဟု ဒေါ်ခင်မိ မိထွေးက ပြောသည်။

လက်ရှိတွင် လက်ကျန်အခန်းများ ကျန်ရှိနေသေးသည့်အတွက် နိုင်ငံ့ဝန် ထမ်းများနှင့် ပင်စင်စားများ လျှောက် ထားနိုင်ကြောင်း ၎င်းက ဆိုသည်။

ပင်လုံအငှားအိမ်ရာရှိ တိုက်အမှတ် ၁ တွင် ထားဝယ်လေယာဉ်ကွင်း၌ ခွင့်    ပြုချက်မရှိဘဲ နေထိုင်သူ(ကျူးကျော်)များကို ငှားရမ်းထားပြီး တိုက်အမှတ် ၂ တွင် နှင်းဆီလမ်းနေထိုင်သူအချို့ (ကျူးကျော်ဟု စည်ပင်က သတ်မှတ်ထား သူ)အတွက် ထားရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

တိုက်အမှတ် ၃ တွင်မူ လောလော ဆယ် မည်သူကိုမျှ ငှားရမ်းထားခြင်း မရှိ သေးကြောင်း ဒေါ်ခင်မိမိထွေးက ဆိုသည်။

နိုင်ငံ့ဝန်ထမ်းများနှင့် ပင်စင်စား များကို ငှားရမ်းသည့် အခန်းခနှုန်းထားမှာ ရရှိသည့်လစာနှင့် နှိုင်းယှဉ်ပါက များ လွန်းနေသည်ဟု ဝေဖန်ပြောဆိုမှုများ လည်း ရှိသည်။

တိုက်ခန်းငှားရမ်းသူများအနေဖြင့် အိမ်ခန်းတစ်ခန်းလုံး သို့မဟုတ် တစ် စိတ်တစ်ပိုင်းကို တစ်ဆင့်ငှားရမ်းခြင်း မပြုရန်၊ အခန်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းခြင်း မလုပ်ရန် အစရှိသည့် စည်းကမ်းချက်များ ကို သတ်မှတ်ထားသည်။

ကိုဇော်