ပဏာမနှင့် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသည့် တနင်္သာရီ ကစားသမား တစ်ဆယ်ဦးရှိ

0
591

မြန်မာ့လက်ရွေးစင်နှင့် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသည့် တနင်္သာရီတိုင်းမှ အားကစားသမား တစ်ဆယ်ဦး ရှိကြောင်း တိုင်းအားကစား နှင့်ကာယပညာဦးစီးဌာနထံမှ သိရ သည်။

မြန်မာ့လက်ရွေးစင်အဖြစ် ငါးဦး နှင့် ပဏာမ လက်ရွေးစင်အဖြစ် ငါးဦး ရွေးချယ်ခံထားရခြင်း ဖြစ်သည်။

ဂျူဒိုကစားသမား နှစ်ဦး၊ ရွက်လှေ၊ ကြက်တောင်နှင့် အသက် ၁၆ နှစ်အောက် အမျိုးသမီးဘောလုံး ကစားနည်းတို့တွင် တစ်ဦးစီကို မြန်မာ့လက်ရွေးစင်အဖြစ်ရွေးချယ်ထားပြီး ဘတ်စကက်ဘော၊ ကရာတေးဒိုကစားနည်းတို့တွင် နှစ်ဦးစီ နှင့် ဂျူဒိုတွင် တစ်ဦးကို ပဏာမ လက် ရွေးစင်အဖြစ်ရွေးချယ်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

“အဲဒီကစားသမားတွေက အခု သက်ဆိုင်ရာ ဂျုဒိုဆိုလည်း ဂျူဒို အဖွဲ့ ချုပ်မှာ၊ အချို့ကလည်း အားကာသိပ္ပံမှာ လေ့ကျင့်နေကြတယ်” ဟု အထက်ပါ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့လက်ရွေးစင်နှင့် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသူ များတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ငါးဦး ပါဝင်သည်။

မြန်မာ့လက်ရွေးစစ်အဖြစ် ရွေး ချယ်ခံထားရသူကို တစ်လ ကျပ်ငါး သောင်း နှင့် ပဏာမလက်ရွေးစင်အဖြင့် အရွေးခံရသူများကို တစ်လ ကျပ်သုံးသောင်း  လစဉ် ထောက်ပံ့ပေးနေကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။

ကျော်သူစိုး