ထားဝယ်တွင် ဂန္ထ၀င်ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပမည်

0
807

ထားဝယ်မြို့ ရွှေဝယ်သီရိ ပညာ့ဗိ မာန်စာကြည့်တိုက်၏ သုံးနှစ်ပြည့် နှစ် ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း ဂန္ထ၀င်ကဗျာ စပ်ဆိုပြိုင်ပွဲ နှင့် ကျပန်းစကားပြောပြိုင်ပွဲကို မတ်လ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွှေဝယ်သီရိ စာကြည့်တိုက်ဥက္ကဋ္ဌ ဦးဘမြင့်က ပြောသည်။

ယင်းပြိုင်ပွဲကို ရွှေဝယ်သီရိ ပည့ာ ဗိမာန်စာကြည့်တိုက်တွင် ပြုလုပ်မည် ဖြစ်ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ထားဝယ်ခရိုင်လေးမြို့နယ်မှ အထက် တန်း၊ အလယ်တန်းကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဂန္ထ၀င်ကဗျာစပ်ဆိုပြိုင်ပွဲတွင် ကဗျာဝါသနာပါသူ မည်သူမဆိုပါဝင်နိုင် ပြီး ယင်းကဗျာပြိုင်ပွဲဝင်မည့်သူများ အနေဖြင့် မတ်လ ၂၈ ရက်နောက်ဆုံး ရွှေဝယ်သီရိ ပညာဗိမာန်စာကြည့်တိုက် တွင် စာရင်းပေးနိုင်ကြောင်း ဦးဘမြင့်က ပြောသည်။

“ကျပန်းစကားပြောပြိုင်ပွဲမှာတော့ ပညာရေးမှူးတွေက ရွေးပေးတဲ့ကျောင်း သားတွေပြိုင်မှာပေါ့။ ဂန္ထ၀င်ကဗျာက တော့ ပညာရှင်ဆန်ဆန် ကလေးလူကြီး မရွေးဘူး ဘယ်သူမဆိုပြိုင်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ကျပန်းစကားပြောပြိုင်ပွဲကို ယင်း စာကြည့်တိုက်၏ နှစ်ပတ်လည်ပွဲတိုင်း တွင် ထည့်သွင်းကျင်းပလေ့ရှိသော်လည်း ဂန္ထ၀င်ကဗျာစပ်ဆိုပြိုင်ပွဲကိုမူ ယခုနှစ်မှ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဂန်္ထ၀င်ကဗျာစပ်ဆိုပြိုင်ပွဲတွင် လေးလုံးစပ်၊ ဒွေးချိုး၊ လေးချိုး၊ သံချို၊ လွမ်းချင်း၊ တမ်းချင်းစသည့် မည်သည့် ဂန်္ထ၀င်ကဗျာမဆို နှစ်သက်ရာကို စပ်ဆို ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

“ဂန္ထ၀င်ကဗျာမှာ ခေါင်းစဉ်ကတော့ စာမေးပွဲဖြေသလိုပဲ ပြိုင်တဲ့နေ့မှ ပြော မယ်။ အားလုံး ခေါင်းစဉ်သုံးခု ရှိတယ်။ သုံးခုထဲက တစ်ခုရွေးပြီးပြိုင်ရမှာ”ဟု ဦးဘမြင့်က ပြောသည်။

ယင်းကျပန်းစကားပြောပြိုင်ပွဲ နှင့် ဂ န္ထ၀င်ကဗျာပြိုင်ပွဲကို မြန်မာစာပေ အရေး၊ အပြော ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ထည့်သွင်းကျင်းပခြင်းဖြစ် ကြောင်း ရွှေဝယ်သီရီ ပညာ့ဗိမာန် စာကြည့်တိုက်ထံမှ သိရသည်။

ကျော်သူစိုး