ထားဝယ်ပညာရေးကောလိပ်ကို ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်မည်

0
1230

ထားဝယ်ပညာရေးကောလိပ်ကို ယခုနှစ် ဒီဇင်ဘာလတွင် ပညာရေးဒီဂရီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း ယင်းကောလိပ်ကျောင်းအုပ် ဆရာမ ဒေါ်နီနီသန်းက ပြောသည်။

ယခင်က ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်ရန် သတ်မှတ်ချက် ကိုက်ညီသည့် ကောလိပ်များကိုသာ အဆင့်မြှင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေး ကော လိပ်များကို အဆင့်မြှင့်မည်ဖြစ်ကြောင်း ဒေါ်နီနီသန်းက ပြောသည်။

 “ပညာရေးဝန်ကြီးဌာနကနေပြီး (ထားဝယ်ပညာရေးကောလိပ်ကို)  အဆင့် မြှင့်မယ်ဆိုပြီးတော့ စာမလာဘူး။ ဆွေး နွေးပွဲတွေမှာ အဆင့်မြှင့်မယ်လို့ပြော တယ်”ဟု ဒေါ်နီနီသန်းက ဆိုသည်။

လက်ရှိ ထားဝယ်ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများကို နှစ်နှစ်သင်တန်း ပို့ချနေပြီး ယင်းသင် တန်း နှစ်နှစ်ပြီးပါက ပညာရေး ဒီပလိုမာ လက်မှတ် ရရှိကာ အခြေခံကျောင်းများ တွင် မူလတန်း ဆရာမအဖြစ် တာဝန် ထမ်းဆောင်ရသည်။

ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်ပြီးပါက လေးနှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး ပညာရေးဆိုင် ရာဘွဲ့ တစ်ခုရရှိမည်ဖြစ်ကြောင်း ဒေါ်နီနီသန်းက ရှင်းပြသည်။

“ပထမနှစ်နှစ်မှာ ဆရာ၊ ဆရာမမှာ ရှိသင့်ရှိထိုက်တဲ့ အခြေခံနဲ့ပတ်သက်တာ သင်ရမယ်။ ဒုတိယ နှစ်နှစ်မှာမှ မူလ တန်းနဲ့ပတ်သက်တဲ့သူက မူလတန်းသင် ရိုးသင်၊ အလယ်တန်းနဲ့ပတ်သက်တဲ့ သူက အလယ်တန်းသင်ရိုးနဲ့သင်ဆိုပြီး လျာထားတယ်” ဟု ၎င်းက ဆိုသည်။

အခြေခံနှစ်နှစ်ပြီးချိန်တွင် မည်သည့် ကျောင်းသား၊ ကျောင်းသူများက မူလတန်းသင်ရိုး သို့မဟုတ် အလယ် တန်းပြသင်ရိုးကို တက်ခွင့်ရှိသည်ဆို သည့် အသေးစိတ်အချက်အလက်များ ကိုမူ ပညာရေးဝန်ကြီးဌာနက ညွှန်ကြား ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

ပညာရေးဒီဂရီကောလိပ်တစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ အနည်းဆုံး တစ်ထောင်မှ အများဆုံး နှစ်ထောင် အထိ ရှိရမည်ဖြစ်သော်လည်း လက်ရှိထားဝယ်ပညာရေးကောလိပ်ကျောင်း တွင်မူ ကျောင်သူ၊ ကျောင်းသား ငါးရာ ကျော်သာ ပညာသင်ကြားနိုင်ကြောင်း ပညာရေးကောလိပ်ထံမှ သိရသည်။

ကျော်သူစိုး