ဝန်ကြီးချုပ်အသစ်အနေဖြင့် ကျောင်းများတွင် မသန်စွမ်းများ၏ အိမ်သာ အခက်အခဲ ဖြေရှင်းပေးစေလိုဟုဆို

0
551

အသစ်ခန့်အပ်ခံရမည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်အသစ်အနေဖြင့် ကျောင်း များတွင် မသန်စွမ်းများ၏ အိမ်သာ အခက်အခဲကို ဖြေရှင်းပေးစေလိုကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ မသန်စွမ်းကိုယ်စားလှယ်က ပြောသည်။

အပေါ့၊ အလေးစွန့်ခြင်းကိစ္စမှာ မသန်စွမ်းများအတွက် အဓိက အခက် အခဲတစ်ခုဖြစ်နေပြီး ယင်းကိစ္စကိုဖြေရှင်း ရန်အတွက် ကနဦးအနေဖြင့် အခြေခံ ကျောင်းများ၊ တက္ကသိုလ်များတွင် မသန် စွမ်းများအားလုံး အသုံးပြုနိုင်သည့် အိမ်သာ လိုအပ်နေကြောင်း အထက်ပါ  မသန်စွမ်းကိုယ်စားလှယ်ကိုမျိုးမင်းဦးကပြောသည်။

“ကျွန်တော်တို့ မသန်စွမ်းတွေအား လုံး တစ်နေရာရာကို သွားမယ်ဆို အိမ်သာတက်ဖို့ အခက်အခဲသည် ပထမဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲပဲ။ သွားရေး လာရေးအတွက်က လူအချင်းချင်း ကူညီ ပေးလို့ရသေးတယ်။ အပေါ့၊ အလေးစွန့် ခြင်းကိစ္စကတော့ အရှက်တကွဲလည်း ဖြစ်စေတယ်”ဟု ကိုမျိုးမင်းဦးက ဆိုသည်။

ကိုမျိုးမင်းဦးသည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်တွင်လည်း အခြေခံ ကျောင်းနှင့် တက္ကသိုလ်များတွင် မသန်စွမ်းများအားလုံး အသုံးပြုနိုင်သည့် အိမ်သာဆောက်ပေးရန် အကြံပြုစာလည်း ပေးခဲ့ဖူးသည်။

တနင်္သာရီတိုင်းလူမှုဝန်ထမ်းဦးစီးဌာနက ၂၀၁၈ ခုနှစ် ဧပြီလခန့်တွင် ကောက်ခံခဲ့သည့် စာရင်းအရ တိုင်း အတွင်း ကိုယ်အင်္ဂါမသန်စွမ်း ၁၄၅၆ ဦး၊ ဥာဏ်ရည်မသန်စွမ်း ၅၇၅ ဦး၊ အကြား အာရုံချို့တဲ့သူ ၄၃၇ ဦး၊ အမြင်အာရုံ ချို့တဲ့သူ ၂၁၉ ဦး ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ တနင်္သာရီတိုင်းတွင် အထက်ပါမသန်စွမ်း လေးမျိုးအပါအ၀င် မသန်စွမ်းသူ အမျိုး အစားအားလုံး စုစုပေါင်း တစ်သိန်းနီးပါး (၉၈၁၃၃) ဦး ရှိကြောင်း သိရသည်။

Dawei Watch