ဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် ဓာတုဓာတ်ကြွင်း ရှိ/မရှိ စစ်နိုင်တော့မည်

0
497

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေး ကဲ့သို့သော ဓာတုဓာတ်ကြွင်းများ ရှိ။မ ရှိကို စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦး စီးဌာနထံမှ သိရသည်။

ဓာတုဓာတ်ကြွင်းများကို စစ်ဆေး နိုင်မည့် သီးနှံပိုးမွှားကာကွယ်စစ်ဆေး ရေးဓာတ်ခွဲခန်းကို ထားဝယ်မြို့ရှိ မြို့ နယ်စိုက်ပျိုးရေးရုံးခြံဝင်းအတွင်း တည်ဆောက်နေကြောင်း အထက်ပါဌာနထံမှ သိရသည်။

အဆိုပါ ဓာတ်ခွဲခန်း ပြီးစီးပါက သီးနှံများတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဓာတ်ကြွင်းနှင့် ဘက်တီးရီးယား ပိုးမွှား၊ အပင်ရောဂါရှိ။မရှိကို စစ်ဆေး နိုင်မည်ဖြစ်ကြောင်း အထက်ပါဌာနမှ စီမံကိန်းနှင့် မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ဆိုသည်။

“အခုဆောက်နေပြီဆိုတော့ နောက် နှစ်(၂၀၂၀ခုနှစ်) မိုးမှာ လုပ်ငန်းစနိုင်မယ်၊ ဒီနှစ်မိုးမှာတော့ မဖြစ်နိုင်ဘူးလေ”ဟု ဦးဝင်းအောင်က ပြောသည်။

ဓာတ်ခွဲခန်း တည်ဆောက်ပြီးစီးပါ က ဒေသခံစိုက်ပျိုးရေးသမားများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့တွင် ဓာတုဓာတ်ကြွင်း ရှိ။မရှိ စစ်ဆေးလိုသူ များ လာရောက်ဓာတ်ခွဲနိုင်ကြောင်း ၎င်းင်း ကဆိုသည်။

လက်ရှိထားဝယ်ဒေသတွင် ထိုင်း နိုင်ငံမှတင်သွင်းသည့် သစ်သီးနှင့် ဟင်း သီးဟင်းရွက်များကို တွင်ကျယ်စွာ ၀ယ် ယူစားသောက်နေကြသည်။

အဆိုပါ ဟင်းသီးဟင်းရွက်များ ဓာတုဓာတ်ကြွင်း ရှိ။မရှိ မသိနိုင်ဘဲ စား သောက်နေရချိန်တွင် ယင်းကဲ့သို့ စစ် ဆေးနိုင်ဆိုပါက ၀မ်းမြောက်ဖွယ်ပင် ဖြစ်ကြောင်း ထားဝယ်မြို့မှ အသက် ၂၇ နှစ်အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

“အစားအသောက်ဆိုတာက ကျန်း မာရေးနဲ့ အဓိကသက်ဆိုင်တော့ အခုလို စစ်နိုင်တော့မယ်ဆိုတော့ ၀မ်းသာစရာ ပေါ့”ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

ဓာတ်ခွဲခန်း အဆောက်အအုံအ တွက် ကျပ်သိန်း ၅၄၀ ကျော် ကုန်ကျမည် ဖြစ်ပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများ အ တွက် ကျပ်သိန်း ၆၀၀ ခန့် ကုန်ကျ မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

Dawei Watch