ခေါင်းဆောင်ကောင်းဖြစ်ဖို့

0
574

၁) စံပြဖြစ်ပါစေ

ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ ကိုယ်က ကိုယ့်ရဲ့လုပ်ဖော် ကိုင်ဖက်တွေကို “ဒီလိုလုပ်” “ဒီလိုနေ”လို့ပြောပြီး ကိုယ်ကျတော့ “လုပ်ချင်သလို လုပ်” “နေချင်သလိုနေ” နေတာမျိုး မဖြစ် ဖို့ အင်မတန် အရေးကြီးပါတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ်ဦးစီးဦး ရွက်ပြုတဲ့ အဖွဲ့အစည်းနဲ့ အလုပ်ရဲ့ အရာ ရာအတွက် စံနမူနာဖြစ်ဖို့ လိုပါတယ်။

၂) နှိမ့်ချပါ

ခေါင်းဆောင်တစ်ယောက်ဟာ မာန် မာနထား၊ မော်ကြွားပြီး ကိုယ်ချည်းပဲ နာမည်ယူတာမျိုးတွေ လုပ်လို့မရပါဘူး။ အရိုးခံစိတ်နဲ့ နှိမ့်ချပြီး နေဖို့လိုပါတယ်။ မော်တာကြွားတာလည်း မလုပ်ရပါ။ နောက်ထပ် အရေးကြီးတာတစ်ခုက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပါဝင်မှု၊ အောင်မြင်မှုကို အသိအမှတ်ပြုချီးကျူး တတ်ဖို့ပါ။

၃)ထိထိရောက်ရောက် ပြောဆို ဆက်ဆံပါ။

လူတစ်ဦးနဲ့တစ်ဦးကြားမှာ ရင်ဆိုင်ရတဲ့ များစွာသော ပြဿနာများအနက် တစ်ခုကတော့ ထိထိရောက်ရောက် ပြောဆိုဆက်ဆံနိုင်ခြင်း မရှိတာဖြစ်ပါ တယ်။ ခေါင်းဆောင်ကောင်းတစ်ယောက် ဟာ အဲဒီ စိန်ခေါ်မှုကို ကျော်လွှားနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒါအတွက် လေ့ကျင့်ထား ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ်ပြော ချင်တဲ့၊ ပေးချင်တဲ့ သတင်းစကားက ရှင်းလင်းထိရောက်နေဖို့ ဖြစ်ပါတယ်။

၎) အလုပ်ဖြစ်တဲ့ အစည်းအဝေးဖြစ်အောင် ကြိုးစားပါ။

အချိန်ဟာ အင်မတန် တန်ဖိုးရှိတယ် ဆိုတာ ပြောစရာ မလိုတော့ပါဘူး။ အဲလို ပဲ ကိုယ်စီရဲ့အချိန်တွေကို ရင်းနှီးမြှုပ်နှံ ထားရတဲ့ အစည်းအဝေးတွေဟာ အင်မ တန် အဖိုးအခကြီးပါတယ်။ အောင်မြင် အလုပ်ဖြစ်တဲ့ အစည်းအဝေးတစ်ခုဖြစ် ဖို့က တစ်ဦးချင်းစီအနေနဲ့ အိမ်စာလုပ် ခြင်းလို့ခေါ်ကြတဲ့ ကြိုတင်ပြင်ဆင်မှုအ ပြင် အစည်းအဝေးမှာ အားလုံးပါဝင် ဆွေးနွေးနိုင်မှုကလည်း အဓိကအချက်ထဲ မှာ ပါဝင်ပါတယ်။

၅) ကိုယ့်အကန့်အသတ်ကို သိပါ။             

ခေါင်းဆောင်ကောင်းတစ်ယောက်   ဟာ ကိုယ့်အရဲ့ အကန့်အသတ်ဘောင်ကို ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ဘယ်ဟာကတော့ဖြင့် ငါလုပ်လို့ရတယ်။ ဘယ်ဟာကတော့ဖြင့် ကတိပေးလို့ မရဘူး။ ဘယ်ဟာကတော့ဖြင့် အချိန်စောင့် ရမယ်။ ခေါင်းဆောင်ကောင်းဖြစ်ချင် ဇောနဲ့ တလွဲတွေးပြီး ကယ်တင်ရှင်စိတ်ကူး နဲ့ အရာရာဖြေရှင်းပေးချင်နေလို့ မရပါ ဘူး။

၆) မိတ်ကောင်းဆွေကောင်းထားပါ။

ခေါင်းဆောင်ကောင်းတစ်ယောက် အတွက် မိတ်ကောင်းဆွေကောင်းရှိခြင်းက အင်မတန် အရေးကြီးပါတယ်။ ကိုယ်တစ် ယောက်တည်း လိပ်ပတ်မလည်ဖြစ်နေတဲ့ ကိစ်္စတွေကို တိုင်ပင်ဆွေးနွေးဖို့ဆိုရင် ကိုယ့်မှာ ယုံလည်းယုံကြည်ရ၊ အား လည်းအားထားရတဲ့ လမ်းညွှန်ပေးသူ မိတ်ဆွေကောင်းတွေ လိုအပ်ပါတယ်။ အဲဒါအတွက်လည်း ကြိုတင်ပြင်ဆင်ထား ဖို့ လိုပါတယ်။

၇) စိတ်နှလုံး လှပါစေ

ခေါင်းဆောင်တစ်ယောက်ဟာ စိတ် နှလုံးလှဖို့ အင်မတန် အရေးကြီးပါတယ်။ စိတ်ဟာ ကိုယ့်ရဲ့ နေ့စဉ်ဘ၀ရဲ့အရာရာ ကို ဦးဆောင်နေတာဖြစ်တဲ့အတွက် စိတ် နှလုံးလှခြင်း မလှခြင်းက ကိုယ့်ရဲ့ဆုံး ဖြတ်ချက်တွေအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ သဘောထားကြီးတာ၊ ကိုယ် ချင်းစာစိတ်ရှိတာ၊ စာနာသနားတတ်တာ၊ အကောင်းမြင်စိတ်နေသဘောထားရှိတာ စတာတွေက ခေါင်းဆောင်ကောင်းတစ် ယောက်ဆောင်ထားရမယ့် အဆောင် လက်ဖွဲ့ပါပဲ။

၈) အမှားကို သင်ခန်းစာယူပါ

လူဆိုတာ မှားတတ်ပါတယ်။ ခေါင်းဆောင်တွေကလည်း မှားတတ်ပါ တယ်။ ဒါပေမယ့် အမှားကနေ သင်ခန်း စာမယူတာမျိုးကတော့ အန်္တရာယ်ရှိပါ တယ်။ ခေါင်းဆောင်ကောင်းတွေဟာ အမှားကို လက်ခံနားလည်နိုင်ပြီး အဲဒီ အမှားကို ပြန်သုံးသပ်ပြီး သင်ခန်းစာ ယူပြီး ရှေ့ခရီးကို ဆက်လျှောက်နိုင် သူတွေ ဖြစ်ဖို့ လိုပါတယ်။

၉) အတိတ်ကနေ သင်ယူပါ

တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်မတိုင်ခင် အတိတ်မှာ သူများတွေ ကြုံပြီးသားကိစ်္စတွေကို သေချာလေ့လာ ဖို့ လိုပါတယ်။ ကိစ်္စရပ်တစ်ခုနဲ့ ပတ် သက်ပြီး အောင်မြင်ခဲ့တဲ့ ဥပမာတွေ၊ ရှုံးနိမ့်ခဲ့ရတဲ့ သင်ခန်းစာတွေကို အလေး ထားဖို့ လိုပါတယ်။ ဒါမှ ကိုယ်က အရင် မှားပြီးသားအမှားတွေကို ထပ်ကျော့ မမှားမှာ ဖြစ်ပါတယ်။

၁၀) ဓားသွေးပါ

ခေါင်းဆောင်ကောင်းတွေအတွက် အရေးကြီးတဲ့ အချက်ထဲမှာ ၀မ်းစာဖြည့် တာလည်း ပါပါတယ်။ လူဟာ ဘ၀တစ် လျှောက်မှာ သင်ယူတာကို ရပ်လိုက်လို့ မရပါဘူး။ ခေါင်းဆောင်တွေက ပိုပြီး  မရပါ။ ကိုယ့်ရဲ့ ၀မ်းစာမပြည့်မှုက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သက် ရောက်မယ်မဟုတ်လား။ အဲဒီဆုံးဖြတ် ချက်က လူများစွာအပေါ် သက်ရောက်မှာ ဖြစ်တဲ့အတွက် ငါသိငါတတ် သဘော ပိုက်ပြီး ဓားမသွေးဘဲ နေလို့မရပါဘူး။

Source – 10 Awesome Tips for Being a Better Leader