ကော့သောင်းတွင် ယာဉ်တိုက်မှုကြောင့် ပျမ်းမျှ တစ်လ ၂ ဦးနှုန်း သေဆုံး

0
450

ကော့သောင်းမြို့နယ်တွင် ယခုနှစ် ယာဉ်တိုက်မူကြောင့် သေဆုံးသူ ပျမ်းမျှ တစ်လ ၂ဦးနှုန်းရှိကြောင်း အမှတ်၇၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကော့သောင်း)ထံမှ သိရသည်။

၂၀၁၉ ခုနှစ် ၃လ အတွင်း သေဆုံးသူ အမျိုသား ၆ ဦး ရှိပြီး တစ်လ ၂ဦး နှုန်း သေဆုံးနေကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့စု ရဲမှူး မောင်မျိုးက ဆိုသည်။

အမှုအရေအတွက် ၃၆  မှုရှိပြီး အရင်နှစ်ထက် ပိုများကြောင်း ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် ယာဉ်တိုက်မူ ကြောင့် သေဆုံးသူ ၂၃ဦး၊  ၂၀၁၈ ခုနှစ်တွင် ၃၃ ဦး ရှိပြီး သေဆုံးသူ ဦးရေ တစ်နှစ်ထက် တစ်နှစ် တိုးလာကြောင်း သိရသည်။

မိုးအိ