ထားဝယ်လယ်သမားငါးဦး ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် ဖမ်းခံရ

0
1087

ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ် ကွက်တွင် မြေယာပြဿနာအငြင်းပွားရာ မှ လယ်သမားငါးဦးကို ပြည်သူပိုင်ပစ်္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ-၆(၁) ဖြင့် ဖမ်းဆီးထားကြောင်း ထားဝယ် မြို့မရဲစခန်းထံမှ သိရသည်။

အငြင်းပွားမြေပေါ်တွင် နယ်စပ်ရေး ရာဝန်ကြီးဌာန လက်အောက်ရှိ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာနက ကျောက်စီ မြေထိန်းနံရံ ပြုလုပ်ခြင်း၊ ရှေ့မျက်နှာစာ အုတ်တံတိုင်းကာရံခြင်း၊ ခြံစည်းရိုးကာရံ ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ထားဝယ် မြို့မရဲစခန်းထံမှ သိရသည်။

မတ်လ ၅ ရက်တွင် လယ်သမား ၇ ဦးက ကျောက်စီမြေထိန်းနံရံများအား ဖြိုဖျက်ခြင်း(မြေဖို့ခြင်း)၊ မြေထိန်းနံရံ လုပ်မည့် ကျောက်များကို ရေမြောင်း အတွင်း လွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည် ဟုဆိုကာ အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူးက တရားလိုလုပ်ကာ အမှု ဖွင့်ထားကြောင်း ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လယ်သမားများက ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် ကျပ်ခြောက် သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟုဆိုကာ အမှုဖွင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် အမှုဖွင့်ခံထားရသူများ အပါအ၀င် အခြားသူများက မတ်လ ၁၉ ရက်နေ့တွင် အခင်းဖြစ်နေရာသို့ ထပ်မံ ရောက်ရှိလာပြီး နှောင့်ယှက်သဖြင့် မူလက အမှုဖွင့်ထားသူများအား ဖမ်းဆီးကာ မြို့နယ်တရားရုံး၏ ချုပ်ရမန်ဖြင့် ထားဝယ်အကျဉ်းထောင်၌ ချုပ်နှောင် ထားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် အမှုဖွင့်ခံရသူ ၇ ဦးအနက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးလေးဦးကို ဖမ်း ဆီးထားပြီး အမျိုးသားတစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှုဖွင့်ခံထားရသူ ၇ ဦးအနက် တစ်ဦးမှာ အပြစ်မရှိကြောင်း စိစစ်တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“ကန့်ကွက်တာတွေကို အမှုမဖွင့် ဘူး၊ ဒီပစ္စည်းကို အစိုးရဘဏ္ဍာငွေနဲ့ ဆောက်တဲ့ဟာကို ဖျက်ဆီးလို့ဆိုပြီး အဲဒါကိုဖွင့်တာ”ဟု အထက်ပါ တာဝန်ရှိ သူက ပြောသည်။

အခင်းဖြစ်မြေပေါ်တွင် ဌာနက တည်ဆောက်ရေးလုပ်ငန်းများ လုပ် ဆောင်လာသည့်အပေါ် လယ်သမားများ က မြေယာ ပြဿနာအား ဖြေရှင်းပြီးမှ ဆက်လက်လုပ်ဆောင်ရန် လက်ရှိနှစ် ဆန်းပိုင်းမှ စတင်ကာ အကြိမ်ကြိမ် ကန့် ကွက်ခဲ့ဖူးကြောင်း ထားဝယ်ခရိုင် လယ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေးက ဆိုသည်။

လက်ရှိဖြစ်စဉ်မှာ လယ်သမားများ က မိမိလယ်မြေများ မဆုံးရှုံးစေရန် ကာကွယ်ခြင်းသာဖြစ်ပြီး ပြည်သူပိုင် ပစ္စည်းအား ဖျက်ဆီးခြင်းမရှိခဲ့ကြောင်း ဒေါ်ရီရီထွေးက ဆိုသည်။

“ကိုယ့်မြေကို ကာကွယ်ခွင့်ရှိလို့ ကာကွယ်တယ်၊ သူတို့ပစ္စည်းကို ဘာပစ္စည်းကိုမှ ဖျက်ဆီးတာမရှိဘူး”ဟု ဒေါ်ရီရီထွေးက ပြောသည်။

ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့် ရှောက်ရေးဥပဒေပုဒ်မ-၆(၁)ကို ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ်ခုနစ် နှစ်အထိ ချမှတ်နိုင်သည်။       

Dawei Watch