ရှင်တောင့်ပုံဂေါပကအမည် တလွဲ အသုံးပြုခံနေရ

0
612

သရက်ချောင်းမြို့ရှိ ရှင်ကိုးရှင် စာရင်းဝင် ရှင်တောင့်ပုံစေတီ ဂေါပကကို မကျေနပ်သူတစ်ဦးက ဂေါပကအဖွဲ့ နာမည်ကို အလွဲသုံးစားပြုကာ မဟုတ်မမှန်သည့် အကြောင်းအရာများကို ရေးသားနေကြောင်း ယင်းဂေါပကအဖွဲ့ဝင် အချို့က ပြောသည်။

“ရှင်တောင့်ပုံဂေါပက” အမည်ဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် အကောင့် ဖွင့်ကာ ရှင်တောင့်ပုံဂေါပကအား ဂုဏ်သိက္ခာ ထိခိုက်စေသည့် စာသားများ၊ ဓာတ်ပုံများ၊ နိုင်ငံရေးနှင့်သက်ဆိုင်သည့် မဟုတ်၊ မမှန်ကိစ်္စများကို ရေးသားနေ ကြောင်း ရှင်တောင့်ပုံဂေါပကအဖွဲ့ဝင်အချို့က ပြောသည်။

ရှင်တောင့်ပုံဂေါပကအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့သည် ဖေ့စ်ဘွတ် အသုံးပြုခြင်း မရှိသည့်အပြင် ရှင်တောင့် ပုံဂေါပက အမည်ဖြင့် ဖွင့်ထားသည့် အကောင့်တွင် အသုံးပြုထားသည့် Profile ပုံမှာလည်း ဂေါပကအဖွဲ့ဝင်များ၏ပုံ မဟုတ်ကြောင်း ယင်းဂေါပက နာယက ဦးအောင်မြင့်က ပြောသည်။

“နည်းပညာတွေနဲ့ ကြံဖန်ပြီး ရှင်တောင့်ပုံ ဂေါပကအဖွဲ့ကို သိက္ခာ ကျအောင် တမင်လုပ်နေတာ။ ဘယ်သူ က လုပ်နေတာလဲဆိုတာတော့ မသိဘူး ပေါ့နော်။ ဒီလို ရေးနေ၊ ပြောနေပါတယ် ဆိုပြီး သူများလာပြလို့သာ သိရတာ”ဟု ဦးအောင်မြင့်က ပြောသည်။

ယင်းအကောင့်ကို ၂၀၁၈ ခုနှစ်တွင် ဖွင့်ထားခြင်းဖြစ်ပြီး ရှင်တောင့်ပုံ ဂေါပ ကအဖွဲ့အပြင် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် စသည့် ပုဂ်္ဂိုလ် များနှင့်ပတ်သက်ပြီး ဆဲဆိုရေးသားထားသည်။

ကျော်သူစိုး