ကျိုက်သလ္လံဘုရား ပြန်လည်ပြုပြင်ရန် ကျပ် ၄ ဘီလီယံကျော် ကုန်ကျမည်

0
595

မွန်ပြည်နယ်၏ အထင်ကရစေတီ တစ်ဆူဖြစ်သည့် မော်လမြိုင်မြို့တောင်ရိုးတန်းပေါ်ရှိ ကျိုက်သလ္လံဘုရားကို  ပြန်လည်ပြုပြင်ရန် ကျပ် ၄ ဒသမ ၂ ဘီလီယံ ကုန်ကျမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

သဘာဝဘေးကြောင့် ပြိုကျပျက်စီး မှုရှိခဲ့သည့် ကျိုက်သံလ္လံဘုရားကို မတ်လဆန်းပိုင်းမှစကာ ဘုရားကုန်း တော်မြေသား ကြံ့ခိုင်ရန်အတွက် စတင်ပြု ပြင်မည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“လတ်တလော ဘုရားကုန်းတော် ကြံ့ခိုင်ဖို့အတွက်ကို အရင်လုပ်မယ်၊ အဲ ဒီအတွက်ကို ၁ ဒသမ ၈ ဘီလီယံလောက် ကုန်မယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ဘုရားပြုပြင်ရန်အတွက် လက်ရှိ တွင် အလှူခံရရှိထားသည့်ငွေနှင့် ပြည် နယ်အစိုးရအဖွဲ့မှ ထည့်ဝင်ငွေ စုစုပေါင်း ကျပ် ၁ ဒသမ ၆ ဘီလီယံသာရှိသည့်အ တွက် ကုန်းတော်ပြုပြင်ရန်အတွက်သာ ရှိသေးကြောင်း လုံးတော်ပြည့်ပြုပြင်ရန် ငွေကျပ် ၂ ဒသမ ၅ ဘီလီယံခန့် လိုအပ် နေသေးကြောင်း ၎င်းက ပြောသည်။

“လတ်တလောမှာတော့ ငွေက လို နေသေးတယ်၊ အလှူငွေ လိုအပ်နေသေး တဲ့အတွက် အတတ်နိုင်ဆုံး ပြည်နယ်အ စိုးရအဖွဲ့ကတော့ ကြိုးစားဆောင်ရွက် မယ်၊ ဆောင်ရွက်တဲ့အပိုင်းမှာ ဌာနဆိုင် ရာတွေ အများပြည်သူ၊ ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းရှင်တွေ ဘုရားပြုပြင်မှု လည်း စတင်ဆောင်ရွက်မှာဖြစ်တဲ့ အတွက် ပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်သွားမယ်”ဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။

အလှူငွေများကို မွန်ပြည်နယ်အစိုး ရအဖွဲ့သို့ တိုက်ရိုက်လှူဒါန်းနိုင်သလို ဘဏ်အကောင့်မှတစ်ဆင့်လည်း လှူ ဒါန်းနိုင်သည့်အပြင် အလှူခံဌာနဖွင့် လှစ်ထားသည့်  ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး၊ ရသုံးမှန်းခြေငွေစာ ရင်းရုံး၊ ကျိုက်သလ္လံဂေါပကရုံးတို့တွင် လည်း လှူဒါန်းနိုင်ကြောင်း ပြည်နယ် အစိုးရက နှိုးဆော်ထားသည်။

ပြီးခဲ့သည့် မိုးတွင်းကာလတုန်းက ဖြစ်ပွားခဲ့သည့် မိုးကြီးရေလျှံမှုကြောင့် ကျိုက်သလ္လံဘုရား တောင်နံရံ၊ တောင် ပေါ်ရှိ တိုးချဲ့ဓမ္မရုံ၊ ဘုရားစောင်းတန်းပြို ကျပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ ထိုစဉ် က မြေပြိုမှု ထပ်မဖြစ်အောင် ကာကွယ် ထိန်းသိမ်းမှုလုပ်ဆောင်ခဲ့ပြီး ယခုမှသာ အကြီးစားပြန်လည်ပြုပြင်မှုကို ဆောင် ရွက်ခြင်းဖြစ်သည်။

ကျိုက်သလ္လံဘုရားကြီးသည် လွန် ခဲ့သည့် ၁၉၄၅ ခုနှစ်ကလည်း တစ်ကြိမ် မြေသားပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ကျိုက် သလ္လံဘုရားသမိုင်း မှတ်တမ်းအရ သိရ သည်။               

ယဉ်စနိုင်း