၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီ ပြင်ဆင်ပြီ

0
468

မွန်နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေး အင်အားစုများဖြင့် ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေပြီဟု ပါတီခေါင်းဆောင်များ က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါတီဗဟိုအဆင့် ပေါင်းစည်းရေးဆောင် ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့် ကျေးရွာ အဆင့် ပေါင်းစည်းရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် အဆင့်ဆင့် သော ပေါင်းစည်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း မွန်ညီ ညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၂ နိုင်စံတင်က ပြောသည်။

 “အဲဒါပြီးသွားတော့ အခုဆိုရင်  ပါတီစည်းရုံးရေး၊ စည်းရုံးရေးကော်မတီ ဖွဲ့စည်းတာ ပါတီကျစ်လျစ်ခိုင်မာလာ အောင် ဆက်လက် ဆောင်ရွက်နေတယ်”ဟု နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန် တိုင်းရင်းသားမဲများသာမက အခြား သော တိုင်းရင်းသားမဲများပါ ရရှိအောင် ကြိုးစားသွားမည်ဟု ပါတီပေါင်းစည်း လုံးရေး မိတ်ဆက်ပွဲတွင် ပါတီခေါင်း ဆောင်များက ထုတ်ဖော်ပြောကြားထား သည်။

မွန်ညီညွတ်ရေး ပါတီသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလခန့်ကတည်းက  ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း ယနေ့ထိ ပါတီတည်ထောင်ခွင့် မကျသေးပေ။

ပါတီတည်ထောင်ခွင့် ကျလာပါက ပါတီမှတ်ပုံတင်ရန် ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပါတီမှတ်ပုံ တင်ရန်အတွက်လည်း အားလုံးပြင်ဆင် ထားပြီးဖြစ်ကြောင်း ပါတီခေါင်းဆောင် တို့ထံမှ သိရသည်။

ပါတီတည်ထောင်ခွင့် လျှောက်စက မွန်ပါတီအမည်ဖြင့် လျှောက်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က အဆို ပါအမည်အစား အခြားအမည်ပြောင်း လဲပြီး  ပြင်လျှောက်ခိုင်းသည့်အတွက် ပါတီတည်ထောင်သူများက မွန်ညီညွတ် ရေးပါတီအမည်ဖြင့် ပြန်လည်လျှောက် ထားခဲ့သည်။

မွန်နိုင်ငံရေးပါတီများ မွန်နိုင်ငံရေး အင်အားစုများဖြင့် ပေါင်းစည်းဖွဲ့စည်း ထားသည့် မွန်ညီညွတ်ရေးပါတီအနေဖြင့် ကျန်ရှိနေသေးသည့် မွန်အင်အားစုများ ပါဝင်လာနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိ သကဲ့သို့ ပါတီသို့ မွန်လူငယ်များ မွန် အမျိုးသမီးများ ပါဝင်လာစေရန်လည်း လမ်းဖွင့်ပေးထားသည်ဟု ပါတီခေါင်း ဆောင်များက ပြောသည်။

မွန်ပါတီ ပေါင်းစည်းရေးတွင် လက်ရှိတွင် ပါတီအသီးသီးမှ ကိုယ်စား လှယ် ၁၂၀ ဦးနှင့် မွန်အရပ်ဖက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀ ဦးတို့ဖြင့် ဗဟိုကော်မတီဝင် ၁၄၀ဦး၊ ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဌအဖွဲ့ ၄ ဦး၊ အတွင်းရေးမှူးအဖွဲ့ ၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

 ယဉ်စနိုင်း