နိုင်ငံပိုင် မီဒီယာများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းတွင် လူနှစ်ရာကျော် စစ်တမ်းကောက်မည်

0
521

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံ၊ ရေဒီယို အစီအစဉ်များနှင့် ပတ်သက်ပြီး တနင်္သာ ရီတိုင်းရှိ လူဦးရေ ၂၅၀ ကို စစ်တမ်း ကောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနထံမှ သိရသည်။

ယင်းစစ်တမ်းတွင် တိုင်းအတွင်း ပြည်သူများ အများဆုံး အသုံးပြုသည့် မီဒီယာ၊ အသုံးပြုမှု အများဆုံး သတင်း စာ (နိုင်ငံပိုင်၊ ပုဂ္ဂလိက)၊ နိုင်ငံပိုင်နှင့် ပုဂ်္ဂလိကပိုင် သတင်းစာများတွင် ဦးစားပေးဖတ်သည့်ကဏ္ဍ၊ နိုင်ငံပိုင် သတင်းစာ နှင့်ပတ်သက်သည့် သဘော ထားအမြင်များ စသည့် အချက်အလက်ပေါင်း ၅၆ ခုကို ကောက်ယူမည် ဖြစ်သည်။

“ပြန်ကြားရေးဝန်ကြီးဌာနကနေ ကောက်တာကတော့ ဒါပထမဦးဆုံး အကြိမ်ပေါ့”ဟု အထက်ပါဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန်းက ပြောသည်။

ယင်းစစ်တမ်းကို နိုင်ငံပိုင် မီဒီယာကို ပြည်သူများ ပိုမိုစိတ်ပါဝင်စားမှု ရှိလာစေရေး နည်းလမ်းရှာဖွေရာတွင် အသုံးပြုရန်အတွက် ကောက်ခံခြင်းဖြစ် ပြီး စစ်တမ်းကောက်ယူမှု ပြီးစီးပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန် ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်နိုင်ကြောင်း ဦးမျိုးသန်းက ပြောသည်။

တစ်တိုင်းလုံးအနေဖြင့် လူ နှစ်ရာ ငါးဆယ်ဦးသာ ကောက်ခံပါက အခြေအနေအမှန်ကို လွှမ်းခြုံနိုင်မည် မဟုတ် ကြောင်း ထားဝယ်မြို့၊ ပိန္နဲတော ရပ်ကွက်ရှိ မြန်မာ့အလင်း သတင်းစာ လစဉ်ဝယ်ဖတ်နေသူ အသက် ၆၁ နှစ် အရွယ် အမျိုးသားတစ်ဦးက  ပြောသည်။

“တစ်မြို့နယ် လူတစ်ရာ၊ တစ်ရာ ဆယ်မြို့နယ်စလုံးကောက်သင့်တာ။ ထားဝယ်မြို့က သတင်းတွေလည်း များ များပါစေချင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းစစ်တမ်းကို မတ်လ တတိယ အပတ် နောက်ဆုံးထား ကောက်ခံသွား မည်ဖြစ်ပြီး လက်ရှိမြို့နယ်အချို့တွင် ကောက်ခံနေပြီဖြစ်ကြောင်း   ဦးမျိုးသန်းက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနလက် အောက်တွင် မြန်မာ့အလင်း၊ ကြေးမုံ၊ MRTV၊ မြန်မာ့အသံ ရေဒီယို၊ MOI အွန်လိုင်းမီဒီယာ စသည့် လုပ်ငန်းများ ရှိသည်။

Dawei Watch