ထားဝယ် ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲ ဧပြီလဆန်းတွင် ကျင်းပမည်

0
586

ခရိုင်တစ်ခုလုံးပါဝင်သည့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ထားဝယ်မြို့တွင် ဧပြီလဆန်းပိုင်း  ကျင်းပမည်ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ (ထားဝယ်ခရိုင်)ထံမှ သိရသည်။

ဧပြီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရွှေဝယ်သီရိအားကစားကွင်းတွင် စုရပ် ပြု၍ ထားဝယ်မြို့ကို ယာဉ်တန်းဖြင့် ပတ်ပြီး ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံကြောင်း ကြွေးကြော်ကြမည်ဟု ကော်မတီတာဝန်ရှိသူများက ပြောသည်။

ထိုသို့ လှည့်ပတ်ကြွေးကြော်ပြီး နောက် တိုင်းလွှတ်တော်နံဘေးရှိ ဟစ်တိုင်ကွင်းတွင် ခြေ/ဥ ပြင်ဆင်ရေး ဟောပြောမည်ဟု သိရသည်။

ဟောပြောမည့်သူများမှာ စာရေး ဆရာ ထင်လင်းဦး၊ နေမျိုးဇင် (ဗိုလ်ကြီး ဟောင်း/နိုင်ငံရေးအကျဉ်းသားဟောင်း) တို့ ဖြစ်ကြသည်။

“ရည်ရွယ်ချက်ကတော့ လွှတ်တော်က ခြေ/ဥ ပြင်ဆင်ရေးကော်မတီကို ထားဝယ်ခရိုင်က ထောက်ခံကြောင်းရယ်၊ ခြေ/ဥက ပြင်ဆင်ရမယ်ဆိုတာရယ်ကို ထုတ်ဖော်တာပေါ့၊ ထားဝယ်ခရိုင်တစ်ခု လုံး ပူးပေါင်းပါဝင်စေချင်တယ်” ဟု ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးညီညီသက်က ပြောသည်။

ခြေ/ဥပြင်ဆင်ရေး ထောက်ခံပွဲ  ဖြစ်မြောက်ရေးကော်မတီ(ထားဝယ်ခရိုင်)ကို ထားဝယ်ခရိုင်အတွင်းမှ အရပ် ဘက်အဖွဲ့အစည်းများ၊ NLD ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဖွဲ့စည်းထားပြီး ကော်မတီမှ ခြေ/ဥ ပြင်ဆင်ရေး စတေကာလှုပ်ရှားမှုများ၊ လက်မှတ်စုဆောင်းမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

Dawei Watch