အိမ်သာကွန်ကရစ် ကြမ်းခင်းအောက် ၀ှက်ထားသည့် စိတ်ကြွဆေးပြား လေးထောင်ဖမ်းမိ

0
965

မြိတ်မြို့၊ ကန်ကြီးရပ်ကွက်တွင် အိမ်သာကွန်ကရစ်ကြမ်းခင်းအောက် ၀ှက်ထားသည့် WY စိတ်ကြွဆေးပြား လေးထောင်ကို မတ်လ ၁၇ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါရပ်ကွက်ရှိ နေအိမ်တွင် မူးယစ်ဆေးသတင်းအရ ၀င်ရောက်ရှာဖွေရာ အသက် ၃၀ နှစ်အရွယ်ရှိ အိမ်ရှင် အမျိုးသားကိုတွေ့ရပြီး ၎င်း၏ ခန္ဓာကိုယ်နှင့် နေအိမ်ကို ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးရှာဖွေရာ အထက်ပါနေ အိမ်အောက်ထပ်ရှိ အိမ်သာကွန်ကရစ် ကြမ်းခင်းအောက်တွင် ၀ှက်ထားသည့် စိတ်ကြွဆေးပြား ၄၀၀၀ ပြားကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ဖမ်းမိခဲ့သည့်အတွက် အိမ်ရှင်အမျိုးသားကို မူး/စိတ် ပုဒ်မ- ၁၉(က) ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

အဆိုပါ မူး/စိတ်ပုဒ်မကို ကျူးလွန်ပါက ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကို ချမှတ်ခံရမည် ဖြစ်သည်။

Dawei Watch