ဝန်ကြီးချုပ်အသစ်ကိစ္စ ပြည်သူ့အသံ

0
763

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် တာဝန်မှ ရပ်စဲခံရပြီးနောက် ခေတ္တ၀န်ကြီးချုပ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က တာဝန်ယူထားသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်အသစ်ကို ယခုအပတ်အတွင်း ခန့်အပ်ဖွယ်ရှိ နေသည်။ ၀န်ကြီးချုပ်အသစ်ဖြစ်လာမည့်သူအပေါ် တနင်္သာရီတိုင်းသူ၊ တိုင်းသား တို့၏မျှော်လင့်ချက်နှင့် ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ဦးမြင့်မောင်အပေါ် အမြင်တို့ကို တနင်္သာရီအပတ်စဉ်မှ စုစည်းဖော်ပြလိုက်ပါသည်။

ဦးခင်မောင်အေး

တိုင်းလွှတ်တော် ဥက္ကဋ္ဌ

ဘယ်လိုလူမျိုးကို ဖြစ်စေချင်လဲဆို တော့ တကယ်ပြုပြင်ပြောင်းလဲရေးလုပ် တဲ့အခါမှာ တကယ်အခက်အခဲတွေက အများကြီးပဲ။ ဒီလို အခက်အခဲတွေ အများကြီးရှိတာမို့လို့ တကယ်ပဲ ထက် ထက်မြက်မြက်လူတစ်ယောက်က ပါတီ ရဲ့မှုဝါဒနဲ့အညီ၊ နောက်တစ်ခါ ဗဟို အစိုးရရဲ့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်နိုင်တဲ့ ပုဂ်္ဂိုလ်မျိုးတော့ ဖြစ်စေချင်တယ်။ နောက်တစ်ခု ဒီလို ဆောင်ရွက်တဲ့အခါ မှာလည်း မဟာဗျူဟာ အစီအစဉ် ကျကျ နနနဲ့ ကျန်တဲ့အချိန်မှာ ဘယ်ကိစ္စကိုတော့ အကောင်းဆုံး အထူး ဆောင်ရွက်မယ်ပေါ့။ အများကြီးတော့ လုပ်လို့ မနိုင် တော့ဘူး။ အချိန်နည်းသွားပြီ။ ဆိုတော့ ဘယ်ကိစ်္စကတော့ ပြည်သူတွေ အခက်ခဲ ဆုံးဖြစ်နေလဲ၊ ဘယ်ကိစ္စကိုတော့ ပြည်သူတွေက မျှော်လင့်နေသလဲဆို တာကို ရွေးချယ်ပြီးတော့မှ ပြည်သူတွေ အမျှော်လင့်ဆုံးအရာကိုပဲ မဟာဗျူဟာ အစီစဉ်ကျကျ ဆောင်ရွက်နိုင်မယ့် ပုဂ်္ဂိုလ်တစ်ယောက်ကိုတော့ လွှတ်တော် အနေနဲ့ ဖြစ်စေချင်တယ်။

ကိုသိန်းဇော်စိုး (အရောင်းအ၀ယ်)

ရွှေပြည်စိုးကျေးရွာ၊ ကော့သောင်း မြို့

ဝန်ကြီးချုပ်သစ်ကို ပြည်သူမျက်နှာ မူတဲ့သူမျိုး ဖြစ်စေချင်ပါတယ်၊ မလုပ် မရှုပ်မပြုတ် မပြောရဲတဲ့သူမျိုး မလိုတာ အမှန်ပါ။ ပြည်သူတွေလက်ရှိခံစားနေရတဲ့ပြဿနာပေါင်းစုံကို စစ်တမ်း ကောက်ယူပြီး ဖြေရှင်းပေးစေချင်ပါတယ်။

(၀န်ကြီးချုပ်ဖြစ်စေချင်တဲ့သူကို) လက်ရှိတိုင်းအစိုးရထဲမှာတော့ မမြင်မိဘူး။ လွှတ်တော်ထဲကဆိုရင်တော့ ဖြစ် နိုင်တယ်။ အများကြီးပါ။ ပြည်သူ အတွက် မိမိတို့ ရာထူးတာဝန်နေရာ အတွက် မကြောက်မရွံ့ အမှားကို အမှား ရယ်လို့ ထုတ်ဖော်ပြရဲတဲ့သူကို ပြည်သူက ပိုသဘောကျပါတယ်။ ဦးမြင့်မောင် ရဲ့လုပ်ဆောင်မှုအတိုင်းအတာ ၃နှစ်ထိ ကြည့်လာခဲ့ပြီးပြီ။ ၀န်ကြီးချုပ်ဆိုတာ အေးဆေးနေတတ်တဲ့သူတစ်ယောက်နဲ့ သိပ်ပီး အံမ၀င်လောက်ဘူး။ တချို့နေရာ တွေမှာ အမှန်တရားအတွက် သတ်္တိရှိဖို့ လိုပါတယ်။

မဇင်မာမိုး

ဇေယျာသီရိ ၂ ရပ်ကွက် မြိတ်မြို့

အဓိကက ပြည်သူ့ကိုပဲ ကြည့်တဲ့ သူမျိုးပေါ့။ ပြည်သူ့အစိုးရလို့ ကြွေး ကြော်ထားပြီး ကိုယ်ကျိုးအတွက်ပဲ လုပ် နေတဲ့သူမျိုး မဖြစ်စေချင်ဘူးပေါ့။ ညီမ တို့ တိုင်းဒေသကြီးမှာ လိုအပ်တာတော့ အများကြီးပါပဲ။ အဲဒါကို အရေးတကြီး လိုအပ်တာတွေ အရင်လုပ်စေချင်တယ်။ တစ်ခါတလေမြင်နေရတာက လိုတော့ လိုအပ်ပေမယ့် ဒီထက်ပို ဦးစားပေး လုပ် ရမယ့်အလုပ်တွေ ချန်ပြီး သိပ်အရေး မကြီးတာတွေ လုပ်နေသလို ခံစားရ တယ်။ ပြီးတော့ မြို့ပေါ်တစ်ခုတည်း ကွက်ပြီး လုပ်နေတာမျိုး မဖြစ်စေချင်ဘူး၊ ဒီရွာတွေကို သွားစေချင်တယ်၊ သူတို့ အခက်အခဲတွေ နားထောင်ပြီး ဖြည့် ဆည်းပေးစေချင်တယ်၊ ဘယ်သူပဲဖြစ် လာဖြစ်လာ ပြည်သူ့အကျိုးကြည့်ရမယ်၊ အဂတိလိုက်စားမှုကင်းစင်ရမယ်၊ ပြည် သူတွေအတွက် ကိုယ်ကျိုးမကြည့်ဘဲ တက်တက်ကြွကြွ နဲ့အားသွန်ခွန်စိုက် ကြိုးစားပေးသူဖြစ်ရမယ်ပေါ့၊ ဒီအချက် တွေနဲ့ညီရင် ဘယ်သူမဆို ကြိုက်ပါတယ်။

ကိုမင်းခန့်

အမိမြေကွန်ရက်တာဝန်ခံ၊ တနင်္သာရီမြို့နယ်

ဒေသခံပြည်သူတွေရဲ့အသံ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့အသံကို တလေးတစားနားထောင်ပြီး ဒေသ အကျိုးကို ရှေးရှု လုပ်ဆောင်ပေးချင်တဲ့ လူမျိုးဖြစ်စေချင်ပါတယ်။  ၀န်ကြီးချုပ် အသစ်ကို ဘာတွေလုပ်စေချင်သလဲ ဆိုရင်တော့ ၀န်ကြီးချုပ်ဟောင်း လုပ်သလို မလုပ်ပါနဲ့။ ကပ်ဖားတွေကို သတိ ထားရှောင်ပါ။ ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ မြေယာလက်ဦးမှု ရယူနေတဲ့ လုပ်ငန်းတွေကို လောလောဆယ် ရပ် ဆိုင်းထားပေးပါ။ ပြည်ထောင်စုက ခွင့်ပြုမည့်လုပ်ငန်းများဖြစ်ပါက ဒေသခံ တို့ရဲ့ စစ်မှန်တဲ့ အသံတွေကိုသာယူပြီး သဘောထားမှတ်ချက် တင်ပြပါ။ မြေ ယာပြဿနာများကို ကူညီဆောင်ရွက် ဖြေရှင်းပေးပါ။

ကျွန်တော်တစ်ယောက်တည်း    အမြင်နဲ့ဆိုရင်တော့ လောလောဆယ် အခြေအနေမှာ ဦးမြင့်မောင်ကတော့ ၀န်ကြီးချုပ်နေရာနဲ့ အသင့်တော်ဆုံးလို့ ပြောချင်ပါတယ်။

ကိုထွန်းထွန်ဦး

နိုင်ငံရေးလေ့လာသူ၊ မြိတ်

ပြည်သူလူထုအပေါ် မေတ္တာစေတ နာထားပြီး စိတ်ကောင်းရှိတဲ့သူမျိုး ၀န်ကြီးချုပ်ဖြစ်စေချင်တယ်။ ဘယ် လောက်ပဲ အရည်အချင်းရှိရှိ စိတ်ကောင်း မရှိရင် ဘာအလုပ်မှလုပ်လို့ မရဘူး။ တိုင်းထဲမှာရှိတဲ့ကိုယ်စားလှယ် တွေနဲ့ ၀န်ကြီးတွေထဲမှာ လက်ရှိယာယီခန့်ထား တဲ့ ဦးမြင့်မောင်က အသင့်တော် ဆုံးပဲ။

အဓိကလုပ်စေချင်တာက တိုင်း လွှတ်တော်နဲ့ အစိုးရအဖွဲ့ကွာဟနေ တာကို နီးစပ်အောင်လုပ်စေချင်တယ်။ ပြီးတော့ ရေလုပ်ငန်းရဲ့ အခက်အခဲ၊ ဒီရေတောပြဿနာ၊ လျှပ်စစ်၊ မူးယစ် ဆေးဝါးနဲ့ လောင်းကစားပြဿနာတွေကို လည်း ပြည်ထဲရေးကိုပဲ အားကိုးပြီး လွှတ်မထားဘဲနဲ့ ကိုယ်တိုင်ပုံစံတစ်ခု တည်ဆောက်ပြီး လုပ်မယ့်အကွက်ကို ရွှေ့ပြီးတော့ အမြစ်ပြတ်သွားအောင် နှိမ် နှင်းပေးစေချင်တယ်။

ကိုကျော်မင်း(ကုန်သည်)

 ဘုရင့်နောင်ရပ်ကွက်၊ ကော့သောင်း

ဝန်ထမ်းတွေကိုစည်းရုံးပြီး ပြည်သူ တွေနဲ့ လုပ်ငန်းရှင်တွေအပေါ်မှာ ထိန်း ထိန်းသိမ်းသိမ်းအုပ်ချုပ်တဲ့ လူမျိုး ဖြစ် စေချင်တယ်။ အဆောင်အယောင် နည်း နည်းလျှော့စေချင်တယ်။ ကိုယ်သွားမယ့် မြို့မှာ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်း စေချင်တယ်။ ထွေအုပ်တွေဆွဲထားတဲ့ လူကြီးလမ်းကြောင်းအပြင် ဖောက်ထွက် ပြီး နည်းနည်းလေး စူးစမ်းစေချင်တယ်။

ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်လမ်းတွေရမယ့် စီမံကိန်းတွေ ပြောစေချင်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်သူ တွေအပေါ် အခွင့်အလမ်း၊ အကျိုးရှိတဲ့ ဆုံးဖြတ်ချက် ချနိုင်သူပဲ ဖြစ်စေချင်တယ်။

ဦးမြင့်မောင်ကို ကြိုက်တယ်၊ ရိုး ဂုဏ်ရှိတယ်။ ဒါပေမယ့် အားနာတတ်တာ ကြောင့် စိုးရိမ်မိတယ်။

ဦးအောင်ဇော်ဦး

(လက်ဖက်ရည်ဆိုင်)၊ ရွှေဇင်ယော်ရပ်ကွက်၊  ကော့သောင်း။

ရိုးရိုးသားသားနှင့် ပြည်သူ့အတွက် အလုပ်လုပ်တဲ့သူ ဖြစ်စေချင်ပါတယ်။ အဓိကက အကျင့်ပျက်အောက်ခြေ၀န် ထမ်းတွေကို ကိုင်တွယ်ပေးစေချင်ပါ တယ်။ ဦးမြင့်မောင်ကို ရွေးသင့်ပါတယ်။ သူ့ကိုအကြိုက်ဆုံးပါ။ ဘာကြောင့်လဲဆို တော့ ဦးမြင့်မောင်မှာ သျွန်တော်သိမြင် သလောက် အခုချိန်ထိ နာမည်ပျက် မရှိပါ။ ရိုးရိုးသားသားနဲ့ ပြည်သူတွေရဲ့ ရင်ဖွင့်သံကို နားထောင်ပေးနိုင်မယ့် ၀န်ကြီးချူပ်ဖြစ်မယ်လို့ မြင်မိပါတယ်။

ကိုအောင်ဇော်မြင့်

၈၈ မျိုးဆက်၊ ကော့သောင်း

လက်ရှိ အနေအထားအရ ဦးမြင့်မောင် သင့်တော်တယ်လို့ သုံးသပ် မိပါတယ်၊ တိုင်းဒေသကြီးအစိုးရဲ့ လုပ် ဆောင်နေတဲ့ လုပ်လက်စ တော်တော် များများကို အနီးစပ်ဆုံး သိရှိပြီးသူ ဖြစ် တဲ့အတွက်ကြောင့် ရှေ့ဆက်လုပ်ရမည့် လုပ်ကိုင်ရာမှာ အဆင်ချောမယ်လို့ မြင် ပါတယ်။ ကိုယ့်ဒေသနဲ့အနီးစပ်ဆုံးပြောရ ရင် ကျနေတဲ့စီးပွားရေး ပြန်ဦးမော့လာ အောင် ပြန်လုပ်စေ ချင်တယ်။ ကျန်တာ က သူတက်လာရင် သူဘာလုပ်နိုင်လဲ စောင့်ကြည့်ရဦးမှာ။

ကိုထွန်းဝင်းအောင်

လူငယ်ကွန်ရက်၊ ကော့သောင်း

အမှီအခိုကင်းပြီး လုပ်ရဲ့ကိုင်ရဲတဲ့ သူ အဂတိတရားကင်းမဲ့သူ ပြည်သူတွေ ကိုမျက်နှာမူသူ ပြည်သူ့အသံကို အလေး ထားသူ မျိုးဖြစ်စေချင်ပါတယ်။ ၀န်ကြီး ဦးမြင့်မောင်ကို သဘောကျပါတယ်။ သူရဲ့စိတ်နေသဘောထားကိုတော့ လေး စားထားပြီးသားပါ။

ကိုသော်လွင်အောင်

ထားဝယ်ခရိုင် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ

အဓိကက သမာသမတ်ကျပြီးတော့ တနင်္သာရီတိုင်းနဲ့ပတ်သက်ပြီး ရေမြေသဘာဝကိုနားလည်တဲ့သူမျိုးပေါ့။ ပြီး ရင် ရိုးသားတဲ့ သူမျိုးပေါ့။ တနင်္သာရီတိုင်းရဲ့ သဘာဝပတ်ဝန်းကျင်ကို နားလည်တဲ့သူမျိုး။ တိုင်းသားတွေရဲ့ စိတ်ခံ စားချက်ကို ခြုံငုံသုံးသပ်နိုင်ပြီး ဆုံးဖြတ် ချက်ချနိုင်တဲ့သူမျိုး ဖြစ်စေချင်တယ်။

တိုင်းကိုယ်စားလှယ်တွေထဲက သဘောကျတဲ့သူဆိုရင်တော့ ဒေါ်ရီရီချို ပေါ့နော်။ ကြားရသလောက်ကတော့ ဒေါ်ရီရီချိုက တော်တယ်လို့ ကြားရ တယ်။ မြိတ်မှာပေါ့နော်။ သူကပြည်သူ လူထုနဲ့ပတ်သက်ပြီး ထိတွေ့မှုရှိပြီး ကောင်းကောင်း လုပ်ပေးနိုင်တာရှိတယ် လို့ ထင်တယ်။

ဝန်ကြီးတွေထဲကဆိုရင် လက်ရှိက တော့ ဦးမြင့်မောင်ပေါ့နော်။ သူက တစ်ကိုယ်ရည်သမားလည်း ဖြစ်တယ်။ ရိုးသားတယ်လို့လည်း သိရတယ်။ လုပ်သင့်တာကိုလည်း လုပ်နေတာဆိုပြီး ကျွန်တော်တို့သိရတယ်ပေါ့နော်။ နောက်ထပ် သမ္မတခန့်တဲ့ဝန်ကြီးချုပ် ကိုလည်း လက်ရှိမှာတော့ ဦးမြင့်မောင် ကိုပဲ ခန့်စေချင်တယ်။

ကိုမျိုးမင်းဦး

တနင်္သာရီတိုင်း လူငယ်ရေးရာကော် မတီ၊ မသန်စွမ်းကိုယ်စားလှယ်

အဓိကဦးစားပေးလုပ်စေချင်တာက  တော့ အခြေခံကျတဲ့ ပညာရေး၊ အသက် မွေးဝမ်းကျောင်းပညာတွေရှိမယ်ပေါ့။ ဒီလိုမျိုး ဟာတွေနဲ့ပတ်သက်ပြီး လူမှု ဘ၀ကို အမှန်တကယ် အထောက်အကူ    ပြုနိုင်မယ့်လုပ်ငန်းတို့ကို အကောင် အထည်ဖော်နိုင်တဲ့ ကြိုတင်စီမံထားနိုင် တဲ့ အခြေအနေမျိုး လိုချင်တာပေါ့။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ ရော်ဘာမျိုးဆိုရင် ကုန်ကြမ်းချည်း ရောင်းနေရတဲ့နေရာမှာ ကုန်ချောအဖြစ် ဘယ်လိုနေရာမျိုးမှာ လုပ်မလဲပေါ့။ ၀င် ငွေလည်ပတ်စီးဆင်းမှုကို မှန်စေတဲ့ ဒီလို လုပ်ငန်းမျိုးကို လာပြီးတော့ လုပ်ဆောင် စေချင်တယ်။

ခေတ္တ၀န်ကြီးချုပ်ဦးမြင့်မောင်ဆိုရင်တော့ အပြင်ပိုင်းကကြည့်ရင်သူက အေးအေးနေတတ်တဲ့သူဆိုတဲ့ အခြေ အနေလောက်ပဲ ခန့်မှန်းမိတယ်။ သူ့လုပ် ရည်ကိုင်ရည်တွေ ဘယ်လိုရှိတယ်ဆိုတာ ကတော့ ကျွန်တော် နီးစပ်မှုမရှိဘူးဆို တော့ ဘယ်လို အခြေအနေရှိလဲလို့ သုံးသပ်ချက်ပေးဖို့ ခက်ခဲတယ်။

Dawei Watch