ပုပ်တဲ့သစ်သီး ကြွေတဲ့အထိ စောင့်မှာလား

0
836

အခုတလော တိုင်းဝန်ကြီးချုပ်ကို အဂတိအမှုဖြင့် အရေးယူလိုက်တဲ့ သတင်းကို နားမဆံ့အောင် ကြားနေရပါတယ်။ အဂတိတရားကို မုန်းတီးတဲ့သူတစ် ယောက်အနေနဲ့ ဖြစ်သင့်တယ်လို့ မြင်မိ သော်ငြား လက်သန်း မင်အစွန်းခံတာ ထက်ပိုပြီး ပုံအောချစ်ခဲ့တဲ့ ပါတီတစ်ခုရဲ့ အစိုးရတစ်ရပ်အတွက် စိတ်ထဲ မကောင်း လှပါ။

အဂတိတရားများတဲ့ စနစ်တွေများ စွာအောက် လူ့ဘ၀ရဲ့ သက်တမ်းတစ်ဝက် ကျော်ကျော် လူဖြစ်လာတဲ့ နိုင်ငံတစ်ခုမှာ အဂတိတရားနည်းတဲ့ တိုင်းအစိုးရဦး ဆောင်သူကို မျှော်လင့်ခဲ့မိတာပါ။

အခုလို အကျယ်အကျယ်ဖြစ်ပြီးမှ အရေးယူတာထက် အစကတည်းက အမှုသေးသေးကတည်းက မသိခဲ့ကြလေ ရော့သလား။ ဦးဆောင်သူ Stakeholder များအနေနဲ့ လူထုအသံနဲ့ စတုတ်္တမဏ္ဍိုင် ဆိုသော ပုံနှိပ်များရဲ့ဖော်ပြမှုကို အရေးမ ထားခဲ့လေသလား။ တစ်နိုင်ငံလုံးအတွက် လွှမ်းခြုံလုပ်နေရလို့ မအားလပ်လို့ သတင်းစာ ဂျာနယ်မဖတ်ဖြစ်ခဲ့၊ လူထု အသံကို မကြားခဲ့တာလား စဉ်းစားစရာ ပါ။

သိရသလောက်တော့ တိုင်းဝန်ကြီး ချုပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို၂၀၁၆ အကုန်ပိုင်း ၂၀၁၇ နှစ်စပိုင်းလောက်က တည်းက အကျယ်တ၀င့် ဖော်ပြခဲ့တာ ဖတ်ရပါတယ်။ အမှတ်မမှားဘူးဆိုရင် လေယာဉ်ကွင်း ချုံရှင်းတဲ့ကိစ္စ၊ GGS နဲ့ ချုပ်ဖြစ်တဲ့ ကွက်လပ်စာချုပ်ကိစ္စကို ကွက်လပ်စာချုပ်၊ ကွက်လပ်တိုင်းဌာနီ သရော်စာ စသဖြင့် ဂျာနယ်တွေမှာ ဖော်ပြခဲ့တာပါ။

လူထုအသံနဲ့ သတင်းကို ၀ိုင်းရံ ခံစားနေတဲ့ အချို့က တည်းဖြတ်သုတ်သင် ခြင်းခံနေတဲ့အတွက် သတင်းအမှန်ကို မသိခဲ့ရတာလား။ ကျွန်တော် အမျိုးမျိုး တွေးနေမိပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ်သာမရှိရင် ဒီအမှု ဟာ အခုလောက် မြန်မြန်ဆန်ဆန်ကြီး ပေါ်ပေါက်လာမယ်လို့ အချို့သော ပြည်သူတွေ မယုံကြည်ကြပါဘူး။ ဒီနေရာမှာ တိုင်းသားတွေရဲ့ မကြောက်မရွံ့ တင်ပြ ချက်တွေ ဆန္ဒဖော်ထုတ်မှုတွေကလည်း အမှုဖော်ထုတ်မှု မြန်နှုန်းကို မြင့်စေတယ် လို့ ထင်မိပါတယ်။

အခုအစိုးရသက်တမ်းက ၃ နှစ် ကျော် သက်တမ်းထဲ ရောက်လာပြီဆိုတော့ Stakeholder များအနေနဲ့ မိမိတို့ ရွေး ချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေးအား ဖြင့် ရာထူးရထားသူတွေရဲ့ လုပ်ဆောင် ချက်တွေကို အဂတိကင်းရဲ့လားဆိုတဲ့ စာမေးပွဲစစ်ရမယ့် အချိန်လည်း ရောက်ပြီ လို့ ထင်ပါတယ်။

ဒီနေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်နိုင်အားကို အားကိုးမှုအပြင် ရန်ကုန်အခြေစိုက် မီဒီယာများသာမက တိုင်းနဲ့ပြည်နယ် များရှိ ပုံနှိပ်မီဒီယာများက ဖော်ပြနေတဲ့ သတင်းတွေကို အလေးထားဖတ်ဖို့လည်း လိုမယ်ထင်ပါတယ်။ တစ်နိုင်ငံလုံးကို လွှမ်းခြုံလုပ်ဆောင်နေရသော Stakeholder များအနေဖြင့် စာတော်ဖတ်များ ခန့်ထား ပြီး အဂတိတရားနဲ့ ပတ်သက်ဆက်နွှယ်သော သတင်းများကို သတိထားပြီး လေ့လာဖို့ လိုနေပြီ မြင်ပါတယ်။ ဒါမှ အဂတိတရား မကြီးခင် သေးသေးက တည်းက ဟန့်တားတာ၊ အရေးယူ တားဆီးတာ လုပ်နိုင်မှာပါ။

ယခုကိစ္စကိုပဲကြည့် GGS လျှပ်စစ် ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အကြွေး ကျပ် ၈ ဘီလီယံ ကိစ္စလိုမျိုးဆိုရင် ဖြစ်ပြီးမှ  အရေးယူမိရင် ကုမ်္ပဏီက မောက်ကမ ဖြစ်နေစဉ် ပြည်သူတွေရဲ့ လျှပ်စစ်မီးကိစ္စ ကို အစိုးရက၀င်ပြီး ထိန်းညှိပေးရရင်ဖြင့် အစိုးရအနေနဲ့ ဘဏ္ဍာငွေတွေ မလိုအပ်ဘဲ သုံးစွဲခဲ့ရတာမျိုး ရှိလာနိုင်တာမျိုးပါ။

အဂတိတရားဆိုတာ မမြင်နိုင်တဲ့ နောက်ကွယ် အကြောင်းအရာ များစွာ ကလည်း ရှိနေတတ်ပါတယ်။ ဥပဒေ သဘောအရ ပါတီနဲ့အစိုးရ တစ်သီး တစ်ခြားပုံစံ ဖြစ်ရမယ်လို့ ဒီလိုပဲ နားလည် သဘောပေါက်ထားပါတယ်။ သို့သော် ပါတီနိုင်ငံရေး အားကောင်းမှ နိုင်ငံ အာဏာရပြီး နိုင်ငံကို ဦးဆောင်နိုင်မှာပါ။ ဒါကြောင့် တိုင်းတွင်း ပါတီအစည်းအဝေး တွေမှာလည်း လိုအပ်ချက် ဝေဖန်ချက် များကို တင်ပြတဲ့ စာရွက်တွေကို အမည် မဖော်ပြစေဘဲ ချိတ်ပိတ်ပြီး ဗဟိုကို တိုက် ရိုက်ရောက်အောင် တင်ပြတဲ့ စနစ်မျိုး ရှိလာရင် ပိုကောင်းမလား မြင်မိပါတယ်။ အထက်ကို ကြောက်ရလို့ အဂတိနဲ့ပတ် သက်တဲ့ သတင်း ထိမ်ချန်တာမျိုးတွေကို အတန်အသင့် ရှောင်ရှားနိုင်အောင်မို့ပါ။ ဗဟိုကို မရောက်ဘဲ အဂတိသတင်းတွေ ဆင်ဆာဖြတ်ခံရတာတွေကို ရှောင်ရှား နိုင်သလို အဂတိသတင်းအမှန်ကို မြန် မြန်ဆန်ဆန်လည်း ရောက်စေနိုင်မယ် လို့ မြင်ပါတယ်။

ပါတီဘက်က ကြိုသိနေရင် အစိုးရ ကို အသိပေးတာမျိုး အဂတိကော်မရှင်ကို အကြောင်းကြားတာမျိုး လုပ်နိုင်တာပေါ့။ ခင်ဗျား အဂတိတရားတွေက အမျိုးမျိုးရှိ တော့ ဥပမာ သူခိုးတစ်ယောက်က ငါခိုး တော့မယ်ဟေ့ ကြေညာပြီး ဘယ်တော့မှ မခိုးဘူးဆိုတော့က အထောက်အထား ထင်ထင်ရှားရှားပြဖို့ရာ တစ်ခါတစ်ရံမှာ ခက်ခဲတတ်ပါတယ်။ှအေုန့သိုနမ များအနေနဲ့ အမျှော်အမြင်ကြီးကြီးနဲ့ သိမ်သိမ်မွေ့မွေ့ စိတ်ရှည်ရှည်ထားပြီး သေချာကြည့်မှ မြင်ရတာမျိုးပါ။

ဥပမာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆွေတော် မျိုးတော်များက ခေတ် အဆက်ဆက် ကုမ်္ပဏီ အလုပ်မရှိပါဘဲ ကိုယ်စားလှယ် ဖြစ်လာမှ ဆွေမျိုးတွေရဲ့ ခါတော်မီ ကုမ္ပဏီတွေက လမ်းတင်ဒါ အောင်တာမျိုး၊ ကိုယ်စားလှယ်ရဲ့ ဆွေမျိုး တွေရဲ့ အစုရှယ်ယာ ကုမ်္ပဏီက တံတား ဆောက်ခွင့် တင်ဒါရတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။

ဥပမာ – မြို့နယ်တစ်ခုမှာ ကိုယ်စား လှယ် လေးယောက် ရှိတယ်ဆိုပါစို့။တစ်ယောက်သော ကိုယ်စားလှယ်ရဲ့ ဆွေမျိုးတွေ တင်ဒါအောင်တဲ့ သတင်း မျိုး ကျန်တဲ့ ကိုယ်စားလှယ်သုံးယောက်က မသိဘူးဆိုရင် အဂတိသတင်း ထိမ်ချန်မှု အနေနဲ့ မစဉ်စားနိုင်ဘူးလား။

ကျွန်တော် ခေါင်းသေးသေးလေးနဲ့ စဉ်းစားနေမိပါတယ်။

ပြည်သူ့ကိုယ်စားလှယ် အချို့အနေ နဲ့ လုပ်ဆောင်ချက်တွေမှာ အားနည်း ချက်များရှိသော်လည်း ပြည်သူကချစ်တဲ့ သူတွေဆိုတော့ ခွင့်လွှတ်တတ်ကြပါ တယ်။ သို့သော် အဂတိတရားများ ပါ လာရင်တော့ ပြည်သူက ရှင်ကြီးဝမ်း လည်း ၀င်ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ဖူး ဆိုတော့ ပြောခွင့်မကြုံတုန်း ပြောမရဲ တုန်းသာ ခဏတာ သည်းခံအောင်ထား တတ်ကြတာပါ။ ထိုသို့သော သူမျိုးကို သံသယဖြစ်သွားရင် ပါတီတစ်ခုလုံးကို လည်း သိမ်းကျုံးပြီးလည်း သံသယ၀င် သွားတတ်ပါတယ်။ အထောက်အထားနဲ့ တိုင်တာကိုချည်း ပါတီဘက်က မျှော် လင့်လို့ မရတော့ပါ။ သတင်းတွေမှာ ဖော်ပြနေတာကိုလည်း အနည်းငယ်ပိုပြီး နားစွင့်ထားဖို့ တိုက်တွန်းပါရစေ။

အနာတစ်ခုကို မကြီးခင် ကုသလိုက် ပစ် (ဖောက်ထုတ်ပစ်)မှ ရတာမျိုးပါ။ အရက်ပျံထိရင် စပ်မှာဆိုပြီး မတို့မထိဘဲ ထားရင် အနာက ကြီးသွားရင် ပိုးဝင်ကူး စက်ပျံ့နှံ့ပြီး အသက်အန်္တရာယ်ထိ စိုးရိမ် ရတတ်ပါတယ်။

အဂတိတရားကြောင့် အစိုးရရဲ့ ပုံရိပ်ကို အနည်းငယ်သံသယဖြစ်သွားရင် ပါတီရဲ့ ပုံရိပ်လည်း အနည်းနဲ့အများ အရောင်မှိန် သွားတတ်တာမျိုးပါ။ ပြည်သူ့ ကို ဦး ဆောင်နေတဲ့ ပြည်သူအများချစ်လို့ မဲ ပေးထားတဲ့ အစိုးရကို ပြည်သူက ၂၀၂၀ မှာ သံသယကင်းကင်းနဲ့ ထပ်ပြီး အားကိုးချင်ပါတယ်။

အဂတိအနာကိုမရင့်ခင် မြန်မြန် ဖော်ထုတ် သုတ်သင်ပေးရင်း နောက် နောင် အဂတိ အနာမျိုးနည်းအောင် ကြိုတင် ကာကွယ်ကြရအောင်ပါခင်ဗျား။

“ပုပ်လို့ကြွေကျတဲ့ အသီးအတွက် အပင်မှာ တာဝန်မရှိဘူး” ဆိုတဲ့စကား အခုတလော ခေတ်စားနေပါတယ်။ ကျွန်တော်အမြင်မှာ အဂတိကြောင့် ပုပ် နေတဲ့အသီးကို ကြွေအောငှ်အေုန့သိုနမ ဆိုတဲ့ အပင်က ခြွေချလိုက်တာပါ။ နောက်နောင် ဒီအပင်ကြီးမှာ မခို့တရို့ ပုပ်နေတဲ့၊ လျှို့လျှို့ဝှက်ဝှက် ပုပ်နေတဲ့ အဂတိအပုပ်အသိုးအသီး များကိုလည်း ပြည်သူ့အသံ၊ သတင်းမီဒီယာများရဲ့ အသံနဲ့ သတိပေးရင် ပုပ်သိုးမှုမကြီးရင့် ခင် အပင်က မြန်မြန် ခြွေချထားဖို့ တိုက် တွန်းပါရစေ။ အဂတိတရား အပုပ် အသိုး အသီးကင်းမဲ့သော ပြည်သူအား ကိုးသော အပင်ကြီး ထာဝရ ရှင်သန်ကြီး ထွားပြီး မြန်မာပြည်သူပြည်သားများ အကျိုးကို ဆထက်ထမ်းပိုးနိုင်စေရန် ရည်သန်လျက်ပါ။ 

ဝီစီ