အင်္ဂလိပ်စကားပြောနှင့် တောင်တက်အခြေခံသင်တန်း အခမဲ့ဖွင့်မည်

0
683

အီတလီအခြေစိုက် INGO အဖွဲ့ စည်းတစ်ခုဖြစ်သည့် Istitutio OIKOS အဖွဲ့မှ ကော့သောင်းခရိုင်တွင်း ပထမ အကြိမ် အင်္ဂလိပ်စကားပြောနှင့် တောင်တက်ခရီးစဉ် အခြေခံသင်တန်းများ အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်းခရိုင်တွင်း လူငယ် များ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကော့သောင်း ခရိုင်တာဝန်ခံ ခရီးသွားလုပ်ငန်း ဆွေး နွေးညှိနှိုင်းရေးမှူး ဦးလွင်မိုးထံမှ သိရ သည်။

“ခရီးသွားလုပ်ငန်း လုပ်သူတွေ လုပ်ငန်းလုပ်ရ အထောက်အကူဖြစ်ပြီး တုတ်တုတ် မောင်းသမားတွေကအစ ဧည့်သည်တွေနဲ့ဆုံချိန် ဆက်ဆံရ အဆင်ပြေအောင်ပါ၊ အတန်းပညာ အခြေခံရှိရင်ကို တက်လို့ရမယ်၊ သင်တန်းမှာ သူ့အခြေခံ အလိုက် သင့်တော်တဲ့ သင်ခန်းစာနဲ့ သင်မှာမို့ မည်သူမဆို အသက် ၁၇ နှစ် ကစ လာတက်ရပါတယ်”ဟု ဦးလွင်မိုး ကပြောသည်။

အခြေခံအင်္ဂလိပ်စကားပြောသင်တန်းနှင့် ဆရာဖြစ် အင်္ဂလိပ်စကားပြော သင်တန်းအား မတ်လ ၁၈ ရက်မှ  ၂၇ ရက်နေ့ထိ ၁၀ ရက်ပြုလုပ်သွားမည်ဖြစ် ပြီး အခြေခံတောင်တက်ခရီးစဉ်နှင့်အဆင့်မြင့်တောင်တက်ခရီးစဉ်ကျွမ်းကျင် သင်တန်းတို့အား ဧပြီ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်မည့်သူများ အနေဖြင့် အမှတ် ၃၇၆ အဏ္ဏ၀ါရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ Istitutio OIKOS ရုံးတွင် လာရောက် စာရင်းပေးသွင်းနိုင်ပြီး သင်တန်းအား Golden Key Service သင်တန်းခန်းမတွင် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်သစ်