ပြည်ကြီးမဏ္ဍိုင်တွင် မိန်းကလေးတစ်ဦး တောဆင်းရိုင်း နင်းသတ်ခံရ

0
622

ကော့သောင်းခရိုင်၊ ပြည်ကြီး မဏ္ဍိုင်မြို့တွင် မတ်လ ၁၄ ရက်က တောဆင်ရိုင်းနင်းသတ်၍ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ ကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့နယ်မြေ ရဲ စခန်းထံမှ သိရသည်။

ယင်းမြို့၊ ထောင်ငါးသိုင်း ကျေးရွာ အုပ်စု၊ ချောင်းမွန်ကျေးရွာတွင် နေအိမ်မှ ၃ မိုင်အကွာ ဥယျာဉ်ခြံတွင် ကွမ်းသီး ခြောက်ထု (ကွမ်းသီးအသားထုတ်)ရန် ထွက်သွားသည့် မောင်နှမနှစ်ယောက် အနက် အစ်မဖြစ်သူကို တောဆင်ရိုင်း နင်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွမ်းသီးခြောက်ထုပြီး အပြန်လမ်း တွင်  တောဆင်ရိုင်းတစ်ကောင်နှင့် တွေ့ သဖြင့် ထွက်ပြေးခဲ့ရာ မောင်ဖြစ်သူမှ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အစ်မဖြစ်သူမှာ ခြေခေါက်လဲကျသွားပြီး ဆင်မှနှာမောင်းဖြင့် ရစ်ပတ်ကာ မြေကြီး ပေါ် ကိုင်ပေါက်ပြီး ပြန်အကျတွင် နင်း သတ်ခဲ့သည်ကို ချုံတွင် ပုန်းနေရာမှ မြင်တွေ့ရကြောင်း မောင်ဖြစ်သူက ပြော ပြသည်။

ပြည်ကြီးမဏ္ဍိုင်နှင့် ဘုတ်ပြင်း အဝေးပြေးလမ်းမများပေါ်သို့ တောဆင် ရိုင်းများ မကြာခဏ ဖြတ်သန်းသွားလာ လေ့ရှိကြောင်း ပြည်ကြီးမဏ္ဍိုင် မြို့ခံများထံမှ သိရသည်။

Dawei Watch