တနင်္သာရီ-မောတောင် ကားလမ်းတွင် လောင်စာဆီ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး မီးလောင်

0
605

တနင်္သာရီ-မောတောင် ကားလမ်း မပေါ်ရှိ လောင်စာဆီတင်ဆောင်လာ သည့် ကုန်တင်ယာဉ်တစ်စီးမှာ မတ်လ ၁၁ ရက်ညက မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း တနင်္သာရီမြို့မရဲစခန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ထံမှ သိရ သည်။

၁၀ ဘီးတပ်ကုန်တင်ယာဉ်သည် သိန်ခွန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ တွင် ရှေ့ဘီး မီးလောင်ကျွမ်းခဲ့သဖြင့် အရှိန်ပြင်းစွာ မောင်းနှင့်ခဲ့ပြီး ထုံခါကျေး ရွာအနီးရောက်တွင် ကားတစ်စီးလုံးမီး လောင်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။

“ရောက်သွားတဲ့အချိန်မှာ ကား တစ်စီးလုံး မီးလောင်နေပြီ” ဟု သိန်ခွန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး က ပြောသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် ရေဖြူကျေးရွာနှင့် ယာဉ်တစ်စီးလုံးမီးစွဲလောင်သည့်နေရာ အကွာအဝေးမှာ နှစ်ဖာလုံခန့်သာ ကွာဝေးကြောင်း ဒေသခံ တို့က ဆိုသည်။

“ရွာထဲမှာလောင်မယ်ဆိုရင် တစ် ရွာလုံး လောင်ကုန်မှာ” ဟု ထုံခါ ကျေးရွာ အနီးရှိ ချောင်းလမုကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

ရွာတွင်လောင်မည်စိုးသောကြောင့် မီးလောင်လျက် အရှိန်ပြင်းစွာဆက် မောင်းသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံ အချို့က ဆိုသည်။

ကုန်တင်ယာဉ်ပေါ်တွင် တင် ဆောင် လာသည့် ဒီဇယ်ပီပါမှ ဒီဇယ် ယိုစိမ့်ကာ လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံ အချို့ ခန့်မှန်းသည်။

ကုန်တင်ယာဉ်မောင်းသည် အခင်း ဖြစ်ချိန်တွင် ထွက်ပြေးတိမ်းရှောင်သွား ခဲ့သော်လည်း နောက်တစ်နေ့(မတ်လ ၁၂) ရက်တွင် လာရောက်အဖမ်းခံခဲ့ ကြောင်းတနင်္သာရီမြို့မရဲစခန်းထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)