တနင်္သာရီတွင် မိထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ်

0
708

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာ တွင် မိထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ် သည့် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ပထမဇနီး၏ သားဖြစ်သူသည် မတ်လ ၁၀ ရက်က ဖခင်၊ မိထွေးနှင့် သားသမီးများနေထိုင်သည့် အိမ်သို့ ရောက်လာခဲ့ပြီး ယင်းအချိန် အိမ်တွင် မိထွေး၏ သားဖြစ်သူရှိနေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဓားအိမ်ပါ ဓားမကောက် တစ် ချောင်းလွယ်ထားပြီး လက်တွင် တူးမီး ယမ်းထောင်းသေနတ်ကို ကိုင်ထားသည့် ပထမဇနီး၏ သားဖြစ်သူသည် မိထွေး၏သားအား ၎င်းင်း၏ အဖေနှင့်အမေကို မေးမြန်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

အဖေက ဘုန်းကြီးကျောင်းသို့ သွားပြီး အမေမှာ အိမ်ရှေ့ရှိ ကွမ်းသီး ပျိုးခင်းတွင်ရှိကြောင်း မိထွေး၏ သား ဖြစ်သူက ဖြေဆိုခဲ့ရာ မိထွေးထံသို့သွား၍ ဓားဖြင့် ၃၊ ၄ ချက် ခုတ်ခဲ့သည်ဟု တိုင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

မိထွေးအား ဓားဖြင့်ခုတ်သူမှာ အသက် ၃၂ နှစ်အရွယ်ရှိကြောင်း ယင်း မှတ်တမ်းအရ သိရသည်။

ဘုန်းကြီးကျောင်းက ပြန်ရောက် လာသည့် ဖခင်ဖြစ်သူမှ သားဖြစ်သူ၏ ပြောပြချက်အရ ယင်းနေ့တွင်ပင် တနင်္သာရီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

Dawei Watch