ပိုကောင်း ဆီအုန်းကုမ္ပဏီက ဖောက်ပေးသည့်လမ်းသစ် ခရီးဝေးသည်ဟု ဒေသခံများပြော

0
511

ဘုတ်ပြင်းမြို့နယ် မတေးကျေးရွာ အုပ်စု ကျေးရွာဆယ်ရွာဖြတ်သန်းသွား လာနိုင်ရန်အတွက် ပိုကောင်းဆီအုန်း ကုမ္ပဏီက ဖောက်ထားသည့် လမ်းသစ် သည် ခရီးဝေးသွားသည့်အတွက် သိပ်အဆင်မပြေဟု ယင်းလမ်းဖြတ်သန်းသွား လာနေသည့် ကျေးရွာသားများက ပြော သည်။

မတ်လ ၁ ရက်က စတင်ဖွင့်လှစ် ခဲ့သည့် ယင်းလမ်းကို အဟောင်းအတိုင်း ဖြစ်စေချင်ကြောင်း တောဝိုင်းမော် ကျေး ရွာသားများက ဆိုသည်။

“အရင်က ရွာကို ပိုကောင်းဂိတ်က နေ ၇မိုင်ပဲ သွားလာရတာ အခုဆို ၁၀မိုင် ကျော်ကျော် ဖြတ်သွားနေတယ်”ဟု တော ၀ိုင်းမော်ကျေးရွာအုပ်ချုပ်ရေးမှူး မခိုင်က ဆိုသည်။

ပိုကောင်းဆီအုန်းကုမ္ပဏီ ဂိတ်ဖြတ် သွားလာနေသည့် ကျေးရွာများ အဆင်ပြေရန်အတွက် လမ်းတားများ ထားရှိ ထားခြင်းသည် ဥပဒေနှင့်မညီသည့်အတွက် စစ်ဆေးရေးဂိတ်များ ဖယ်ရှားပစ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကော့သောင်း ခရီးစဉ်တွင် တိုင်းအစိုးရအား  ညွှန်ကြားခဲ့ပြီးနောက် ကုမ္ပဏီနှင့် ကျေးရွာသားများ တွေ့ဆုံကာ လမ်းအသစ်ဖောက်ပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် လမ်းညွှန်မူကို ချက်ချင်းအကောင်အ ထည်ဖော်ပေးသော်လည်း လက်ရှိတွင် သွားလာရေး အဆင်သိပ်မပြေလှကြောင်းကို မတ်လ ၁၁ရက်က တိုင်းသယံဇာတ ရေးရာဝန်ကြီးနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့ကြောင်း ဘုတ်ပြင်းမြို့ခံ ဦးဇော်ထိုက်က ဆိုသည်။

အဆင်မပြေသည့်ကိစ္စကို သိရှိပြီး ဖြစ်ကြောင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးကို တာဝန်ပေးထားပြီး ပြန်လည်ကွင်းဆင်း စိစစ်ပြီး အဆင်ပြေအောင် ပြုလုပ်ပေး သွားမည်ကြောင်း သယံဇာတရေးရာဝန် ကြီးက အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မိုးအိ