ဒေသခံများ၏ အခက်အခဲကို ထွေ/အုပ်သို့ တင်ပြ အကူအညီတောင်းခံမှု အားနည်းဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးဆို

0
478

ကော့သောင်းခရိုင်အတွင်း နေထိုင် သည့် ဒေသခံများသည် အခက်အခဲများ ကို ဖြေရှင်းပေးရန် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ တင်ပြ အကူအညီ တောင်းခံမှု အားနည်းနေကြောင်း ကော့ သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

တင်ပြ အကူအညီ တောင်းခံလာသူ ရှိသော်လည်း အားနည်းနေဆဲ ဖြစ်သည့် အတွက် ရောက်သည့်နေရာတိုင်းတွင် အကူအညီ တောင်းခံကြရန် ဆော်သြ နေရကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

“ကြေညာတဲ့ သဘောမျိုးနဲ့ လိုက် ပြောနေတယ်။ ကျွန်တော်သွားတဲ့နေရာ မှာလေ” ဟု ဦးနေဦးက ပြောသည်။

ဒေသခံတို့ ထွေ/အုပ်ထံ အကူအညီ တောင်းခံမှု အားနည်းခြင်းမှာ ခေတ် အဆက်ဆက်တွင် ထွေ/အုပ်ဝန်ထမ်းများ က ဒေသခံများ အားကိုးလောက်သည့် အနေအထား မရှိခဲ့ခြင်း၊ ထွေ/အုပ်ရုံးသို့ သွားရမည်ကို ကြောက်ရွံ့ နောက်တွန့် နေဆဲ အနေအထားတွင် ရှိနေဆဲဖြစ်သော ကြောင့် ဖြစ်သည်ဟု ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက်္ကဋ္ဌ ဦးသက်နိုင်က ပြောသည်။

“အရင်ကတည်းကနေပြီးတော့ အစဉ်အလာတွေမှာက တိုင်ကြားတဲ့သူ တွေရဲ့ တိုင်ကြားချက်တွေက အောင်မြင် မှု အားနည်းတဲ့ဟာတွေ ရှိခဲ့တာကိုး၊ တိုင်ကြားဖို့ မ၀ံ့မရဲတဲ့ အပိုင်းလည်း ပါမယ်ပေါ့လေ” ဦးသက်နိုင်က ပြောသည်။

ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး က ပြဿနာများ ဖြေရှင်းပေးလိုကြောင်း၊ လာရောက် အကူအညီ တောင်းခံကြ ရန်ဖိတ်ခေါ်မှုကို ကြိုဆိုရမည်ဖြစ်ပြီး ရပ် / ကျေးမှတစ်ဆင့် တိုင်ကြားနေပါက ကြန့်ကြာနေတတ်သဖြင့် သူ့ထံ တိုက် ရိုက်တိုင်ကြားကြရန် လမ်းညွှန်ပေးသွား မည်ဟု ဦးသက်နိုင်က ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးကမူ ဒေသခံများသည် တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ်္ဂိုလ် စသဖြင့် အထက် လူကြီးများလာမှသာ တင်ပြတတ်ကြပြီး အချို့ကိစ်္စရပ်များ၊ ပြဿနာများကို ရပ် /ကျေး အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သော် လည်းကောင်း မိမိထံ တိုက်ရိုက်သော် လည်းကောင်း တင်ပြအကူအညီရယူစေ လိုကြောင်း ပြောသည်။

“ပြည်သူတွေ လာခဲ့ပါ။ အခက် အခဲတွေ ဖြေရှင်းပေးမယ်၊ ၀န်ကြီးတွေ လာမှတို့၊ လူကြီးလာမှတို့ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးက ပဲ ပြုပြင်ပြောင်းလဲမှုတွေ စလုပ်နေပြီဆို တဲ့အကြောင်း ပြောချင်တယ်”ဟု ဦးနေဦးက ပြောသည်။

Dawei Watch