အပူဒဏ်အန္တရာယ်

0
1240

နွေရာသီတွင် ရာသီဥတု ပူပြင်းမှု ကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရုံးမှု ပိုမို များပြားလာပါသည်။

အပူဒဏ်အန်္တရာယ်ကြောင့် အပူ ဒဏ်ကြောင့် ဖောယောင်ခြင်း၊ မိတ်နှင့် ယားနာများထွက်ခြင်းနှင့် ကြွက်တက် ခြင်းစသည့် ရောဂါဝေဒနာများအား ခံစား ရရှိနိုင်ပါသည်။

ထို့အပြင် ရောဂါပိုမို ဆိုးရွားလာပါ က အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ် ခြင်းနှင့် မူးမေ့ခြင်းတို့ကိုပါ ခံစားရနိုင် ကာ ပိုမိုပြင်းထန် ဆိုးရွားလာပါက အပူ ဒဏ်ကြောင့် သတိလစ်ခြင်းအထိ ဖြစ် ပွားစေနိုင်ပါသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ် ခြင်း ခံစားရပါက

–  ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း

– ခေါင်းမူးနောက်ခြင်း

– ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း

– မူးမိုက်ခြင်း

– ခေါင်းကိုက်ခြင်း

– နုံးချိခြင်း

– ရေဆာခြင်း

– ချွေးအလွန်အကျွံထွက်ခြင်း

– ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း စသည့် ရောဂါလက်္ခဏာများ ခံစားရနိုင်သည်။

ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း ခံစားရပါက

– အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း

– စိတ်ရှုပ်ထွေးခြင်း

– သတိလစ်ခြင်း

– တက်ခြင်း

– ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း စသည့် ရောဂါလက်္ခဏာ များအား ခံစားရနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန်္တရာယ်ကြောင့် မလိုလားအပ် သော အကျိုးဆက်များ မဖြစ်ပေါ်စေ ရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

၁။ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ အနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေ၀င်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။

၂။ ပူပြင်းသည့်နေရောင်တွင် ပင်ပန်းစွာ အလုပ်လုပ်ခြင်းနှင့် ကိုယ် လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင် ကြဉ်ပါ။

၃။ ပူပြင်းသည့် နေရောင်အောက် တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာ ရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွား ပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ်္တ အနားယူခြင်းကိုလည်း မကြာခဏ ပြုလုပ်ပါ။

၎။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွ ချောင်ချောင် ချည်ထည်များကို ၀တ်ဆင် ပါ။

၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ် ကမ်းနား၊ ရေချိုးဆိပ်များ၌ အ၀တ် လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ပါ။

၆။ အရက်သေစာ သောက်သုံးခြင်း ကြောင့် အပူဒဏ်အန်္တရာယ်ကို ပိုမိုခံစား ရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇။ ခန်္ဓာကိုယ်အတွင်းရေနှင့် ဓာတ် ဆားဓာတ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက် အောင် သောက်သုံးပါ။

၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်း ခြင်းတို့ကို ပြုလုပ်ပါ။

၉။ အပူဒဏ်အန္တရာယ် ခံစားရသော လူနာအား အရိပ်ရအေးမြ၍ လေ၀င် လေထွက်ကောင်းသော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန်္ဓာကိုယ် အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ် တိုက်ပေးခြင်း စသည်တို့အား ဦးစွာ ဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ဆေး ခန်း/ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသ၍ ကုသမှု ခံယူစေပါ။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန