ဘုတ်ဖတ်ဖြင့်ပြုလုပ်သည့် အစားအသောက်ဆိုင်ရာပစ္စည်း ရန်ကုန်တွင် စထုတ်

0
552

ဒေသအခေါ် ဘုတ်ဖတ်ဟုခေါ် သည့် ကွမ်းသီးပင်ဖက်များကို အသုံးပြု ကာ မြိတ်တွင်ထုတ်လုပ်နေသည့် အစား အသောက်ဆိုင်ရာပစ္စည်းများကို ပြီးခဲ့ သည့် ရက်ပိုင်းမှ စတင်၍ ရန်ကုန်မြို့တွင် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ပစ္စည်း ထုတ်လုပ်နေသူ ဦးသန်းဇော်ဦးထံမှ သိရ သည်။

ကွမ်းသီးဘုတ်ဖတ်မှ တစ်ခါသုံး ထမင်းဘူး၊ ဇွန်း၊ ခရင်း၊ ဟင်းခွက်၊ ကော်ဖီခွက်၊ ပန်းကန်ပြား စသည်တို့ကို မြိတ်တွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ရန်ကုန်မြို့တွင် စက်ရုံတည်ထောင်ကာ ပြီးခဲ့သည့်ရက်ပိုင်းက စတင်ထုတ်လုပ် လာခြင်း ဖြစ်သည်။

“စက်ရုံက ပြီးတာကြာနေပြီ။ အလုပ်သမားတွေရတာ သုံးလေးရက်ပဲ ရှိသေး တယ်”ဟု ဦးသန်းဇော်ဦးက ပြောသည်။

ရန်ကုန်စက်ရုံမှ လေးထောင့်ဗန်း အမျိုးအစား လေးမျိုး၊ အချဉ်ထည့်ခွက်၊ ဇွန်းအတို စသည့် ပစ္စည်းများအပြင် မြိတ်တွင် လက်ရှိထုတ်လုပ်နေသည့် ပစ္စည်း များအနက်မှ သုံးမျိုးကိုလည်း ထုတ် လုပ်မည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

ဘုတ်ဖတ်မှပြုလုပ်သည့် အစား အသောက်ဆိုင်ရာပစ်္စည်းများကို ရန်ကုန် မြို့နှင့် မန်္တလေးမြို့တို့ဘက်မှ အော်ဒါ မှာယူမှုများပြားနေပြီး ပြည်ပတင်ပို့ရန် အတွက် ကမ်းလှမ်းမှုများလည်း ရှိနေ ကြောင်း ၎င်းင်းက ဆိုသည်။

ဦးသန်းဇော်ဦးသည် ကွမ်းသီးဘုတ်ဖတ်မှ အစားအသောက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အချိန် တစ်နှစ်ခန့်ပေးကာ လေ့လာသင်ယူခဲ့ပြီး လိုအပ်သည့်စက်ပစ္စည်းများကို ရန်ကုန် မြို့ရှိ ၀ပ်ရှော့တစ်ခုနှင့်ချိတ် ဆက်ကာ ပြုလုပ်ခဲ့သည်။

မြင့်မိုရ်(မြိတ်)