မွန်တွင် စွန့်ပစ်အမှိုက်မှ လျှပ်စစ်နှင့် အပူစွမ်းအင် ထုတ်လုပ်မည်

0
560

မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့မှ ထွက်သည့် စွန့် ပစ်အမှိုက်များမှ လျှပ်စစ်နှင့် အပူစွမ်း အင်ထုတ်လုပ်ရန် အကောင်အထည် ဆောင်ရွက်လျက် ရှိသည်။

စီမံကိန်းကို မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့် Finland နိုင်ငံမှ BIOKOSKI Ltd တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် မတ်လ ၁၅ရက်က ပြည်နယ်အစိုးရ အဖွဲ့ ရုံးတွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြသည်။

စက်ရုံလည်ပတ်သည့် အစပိုင်းတွင် လျှပ်စစ် ၄ မဂ္ဂါဝပ် ထုတ်လုပ် သွားမည်ဖြစ်ပြီး ၂၀ မဂ္ဂါဝပ်ထိ ထုတ် လုပ်သွားရန် ကုမ္ပဏီက စီစဉ်ထားကြောင်း၊ ယူရို ၁၅ ဒသမ ၉ သန်း ရင်း နှီးမြုပ်နှံရန် တွက်ချက်ထားကြောင်း အထက်ပါ ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် ဦးစိုးသီဟက ပြောသည်။

လျှပ်စစ် ၄ မဂ္ဂါဝပ်နှင့် ၅ မဂ္ဂါဝပ် ကြား ထုတ်လုပ်ရန်အတွက် အမှိုက်ပမာဏ တစ်နေ့ ၁၅၀ တန်လိုပြီး လျှပ်စစ် ၂၀ မဂ္ဂါဝပ် ထုတ်ရန်အတွက် အမှိုက် ၂၆၈ တန် လိုအပ်ကြောင်း စီမံကိန်း အချက်အလက်အရ သိရသည်။

အဆိုပါ စီမံကိန်းသည် ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက် အကူ ပြုရုံသာမက လက်ရှိရင်ဆိုင် ကြုံတွေ့ နေရသည့် အမှိုက်ပြဿနာကိုလည်း ဖြေရှင်းရန် အဓိက အထောက်အကူပြုသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

စီမံကိန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ အကောင်အထည်ဖော်နေသည့် Rubber City စက်ရုံအနီးရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မှုရှိသည့် မြေ ၂၀ ဒဿမ ၄၄ ဧက ပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး မြေကို အနှစ် ၃၀ စာချုပ်ချုပ်ပြီး ငှားရမ်းထားသည်ဟု စီမံကိန်းအချက်အ လက်အရသိရသည်။

စက်ရုံမှ ထွက်သည့် လျှပ်စစ်နှင့် အပူစွမ်းအင်များကို စက်ရုံများသို့ ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်း တစ် ယူနစ်ကို ကျပ်၂၀၀ ၀န်းကျင်ဖြင့် ရောင်းချသွားရန် ကနဦးခန့်မှန်း တွက်ချက်ထားကြောင်း သိရသည်။

 ယဉ်စနိုင်း