သမီးကို မုဒိမ်းကျင့်ရန် ကြိုးစားသည့်ဧည့်သည်အား ရဲဒင်းဖြင့်ခုတ်သတ်

0
1154

ကျွန်းစုမြို့နယ်တွင် သမီးဖြစ်သူကို မုဒိမ်းကျင့်ရန် ကြိုးစားသူအား ရဲဒင်း ဖြင့် ခုတ်သတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု မတ်လ ၃ ရက်ညက ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာ အုပ်စုတွင် အခြားကျေးရွာနေ အသက် ၃၁ နှစ်အရွယ်အမျိုးသားက နေအိမ်တွင် ညအိပ်ခွင့်တောင်းခဲ့ကြောင်း တိုင်းရဲတပ် ဖွဲ့ မှတ်တမ်းအရ သိရသည်။

အိမ်ရှင်အမျိုးသားက ခွင့်ပြုသဖြင့် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ အပါအ၀င် သားသမီး သုံးဦးနှင့်အတူ ဧည့်သည်အမျိုးသားတို့ ညအိပ်ခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ည ၁၁ နာရီခွဲခန့်တွင် ဧည့်သည် က အိမ်ရှင်အမျိုးသားအား ကျော်ခွပြီး လုံချည်ချွတ်ကာ အသက် ၁၃ နှစ် အရွယ် သမီးဖြစ်သူထံ သွားရောက်ခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းနောက် သမီးဖြစ်သူအား  မုဒိမ်းကျင့်ရန် ကြိုးပမ်းရာ သမီးဖြစ်သူ နိုးလာပြီး ဖခင်အား လှမ်းခေါ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖခင်ဖြစ်သူနိုးလာပြီး ခေါင်းအုံး အောက်တွင် ထားရှိသည့် ရဲဒင်းဖြင့် ဧည့်သည်အမျိုးသားအား ခုတ်ရာ ဦးခေါင်းတွင် ဒဏ်ရာများရရှိပြီး အခင်း ဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွား ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲဒင်းဖြင့် ခုတ်သတ်ခဲ့သည့် အိမ်ရှင်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂(လူသတ်မှု)ဖြင့် ကံမော်နယ်မြေရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်း အရ သိရသည်။

ကိုဇော်