RFA သတင်းဌာန၏ သတင်းမှားယွင်းမှုအပေါ် တောင်းပန်ရန် မြိတ်စည်ပင်ကော်မတီဥက္ကဋ္ဌပြော

0
624

RFA သတင်းဌာနက ထုတ်လွင့်သည့် သတင်းတစ်ပုဒ်မှာ မှားယွင်းနေသည့်အတွက် ယင်းသတင်းဌာနအနေဖြင့် ပြန်လည်တောင်းပန်ရန် မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

မတ်လ ၁၁ ရက်က RFA Burmese ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သည့် “၀န်ကြီးချုပ်ဒေါက် တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီတာဝန် ရှိသူ ၃ ဦးကို ထားဝယ်အကျဉ်းထောင်ပို့”သတင်းပါ အချက်အချို့မှာ မှားယွင်းနေကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။

အဆိုပါသတင်းတွင် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အဂတိကော်မရှင်၏ စစ်ဆေးတွေ့ရှိချက် အပြင် အခြားသော လာဘ်စားမှုများ ရှိသည်ဆိုသည့် ဒေသခံများ၏ ပြောဆို ချက်ကို ကိုးကားကာ ဆက်စပ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်းဖော်ပြချက်တွင် “လမ်းဦး စီးဌာနကို တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံ ထုတ်ယူခွင့်ပေးတဲ့ကိစ်္စနဲ့ ဆက်စပ်လို့ နောက်ပိုင်း အကျိုးအမြတ် ကို ၀န်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးနဲ့ မြိတ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့ ခွဲဝေယူတာ၊ မြိတ်မြို့မှာ ပိတ် သိမ်းခံရတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတစ်ခု က စက်ရုံပြန်ဖွင့်ခွင့်ရဖို့ ၀န်ကြီးချုပ်ရဲ့ ဘဏ်အကောင့်ထဲ ငွေလွှဲပေးရတာတွေ ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်း အရင်းအမြစ်တွေက ပြောပါတယ်” ဟု ဖော်ပြထားသည်။

ယင်းဖော်ပြချက်နှင့် ပတ်သက်၍ မြိတ်မြို့နယ် စည်ပင်သာယာရေးကော် မတီဥက်္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းအောင် တို့က မြိတ်မြို့နယ်စည်ပင်သာယယာရေးအဖွဲ့ရုံးတွင် သတင်းထောက်များနှင့် မြို့ခံများအား ခေါ်ယူရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“အဖွဲ့အစည်းတစ်ခု နစ်နာအောင် အသုံးအနှုန်းနဲ့ မလုပ်သင့်ပါဘူး။ ကျွန်တော်  RFA ကို ကန့်ကွက်ပါတယ်။ ပြန်လည် တောင်းပန်ပေးဖို့လည်း ပြောလိုပါတယ်””ဟု ဦးမြတ်ကိုကိုက ဆို သည်။

မြို့ပေါ်ရှိ တံတားဆောက်လုပ်ရေး ကိစ်္စများသည် ဆောက်လုပ်ရေး ဘတ်ဂျက်ဖြင့် လုပ်ထားသည့် လုပ်ငန်းများ ဖြစ်ပြီး စည်ပင်ကော်မတီနှင့် ပတ်သက် မှုမရှိဟု ၎င်းင်းက ဆိုသည်။

မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသိန်းအောင်ကမူ ယင်းတံ တား အားလုံးသည် လမ်းဦးစီးဌာနမှ ကုမ်္ပဏီသို့ လုပ်ပိုင်ခွင့်ချပေးထားသည့် တံတားများဖြစ်ပြီး ငွေကြေးနှင့်ပတ် သက်၍ စစ်ဆေးနိုင်သည်ဟု ဆိုသည်။

RFA ၏ သတင်းဖော်ပြချက်ပါ ၁.၉ ဘီလီယံကို မြိတ်မြို့နယ်ရှိ တံတား ဆောက်လုပ်ရေးလုပ်ငန်းများတည် ဆောက်ခဲ့သည့် ငွေပမာဏဖြစ်သည့် အတွက် ၎င်းတို့က ယင်းသို့ ပြောဆို ခဲ့ကြခြင်း ဖြစ်သည်။

Dawei Watch