ဘ၀ါကျေးရွာတွင် ဖြစ်ပွားနေသည့် ဆင်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ပြီဟုဆို

0
547

ဆင်တုပ်ကွေးရောဂါလက္ခဏာများ အစုလိုက်အပြုံလိုက် ဖြစ်ပွားခဲ့သည့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ဘ၀ါ ကမ်းခြေကျေးရွာတွင် ရောဂါထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရှိ  ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး အဖွဲ့ (ရပကန)ထံမှ သိရသည်။

ပရဒတ်ကျေးရွာအုပ်စု၊ ဘ၀ါကမ်း ခြေကျေးရွာတွင် နေထိုင်သူ ၈၃ ဦးမှာ  ဖျားနာခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ အနီ ကွက်ထခြင်း စသည့် ရောဂါလက္ခဏာ များကို မတ်လ ၅ ရက်တွင် စတင်ခံ စားနေရကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။

အဆိုပါ သံသယလူနာများအနက်မှ လူနာအချို့၏ သွေးကို အမျိုးသားဓာတ် ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ဆင်တုပ် ကွေးပိုး တွေ့ရှိခဲ့သည်။

ယင်းနောက် အနီးဝန်းကျင် ကျေးရွာများမှ လူနာအချို့၏ သွေးနမူနာ များကို ထပ်မံပေးပို့ရာ ဆင်တုပ်ကွေး ရောဂါပိုး မတွေ့ရကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ခေါင်းဆောင် ဒေါက်တာ နန်္ဒ၀င်းက ဆိုသည်။

“သူ့ဟာသူ ထိန်းချုပ်နိုင်တဲ့ အခြေ အနေ တစ်ခုရောက်သွားပြီပေါ့၊ ကျွန်တော် တို့က လုပ်စရာရှိတာ အကုန်လုပ်ပေးနေ တယ်၊ အခြားရွာတွေမှာ အုံလိုက် ကျင်းလိုက် ဖြစ်တာတွေ မရှိတော့ဘူး” ဟု ဒေါက်တာနန္ဒ၀င်းက ပြောသည်။

ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက် တတ်သည့် ဆင်တုပ်ကွေးဖြစ်ပွားပါက အပြင်းဖျားခြင်း၊ ခြေဆစ်လက်ဆစ် နာ ကျင်ကိုက်ခဲခြင်း၊ အနီကွက်ထခြင်း အစ ရှိသည့် လက်္ခဏာများ ဖြစ်ပေါ်လေ့ရှိ ကြောင်း ဒေါက်တာနန်္ဒ၀င်းက ဆိုသည်။

အဆိုပါတုပ်ကွေးရောဂါမှာ သွေး လွန်တုပ်ကွေးရောဂါပိုး သယ်ဆောင် သည့် ခြင်ကိုက်ခံရခြင်းကြောင့် ကူး စက်ခြင်းဖြစ်ပြီး အသက်သေဆုံးသည် အထိ အန်္တရာယ်ဖြစ်ပွားနိုင်ချေ မရှိသော် လည်း လူအများအပြားကို ကူးစက်လေ့ရှိ ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ကျေးရွာအတွင်း ရောဂါဖြစ်ပွားမှု လျော့ပါးလာသော်လည်း ပင်လယ်အတွင်း ဖျားနာ၊ အဆစ်ကိုက် ခဲနာကျင်ပြီး ၀င်ရောက်လာသည့် ဒေသ ခံ ရေလုပ်သားများ ရှိနေဆဲဖြစ်ကြောင်း ဘ၀ါကမ်းခြေကျေးရွာ ကျေးရွာတာဝန်ခံ ဦးစိုးမြင့်က ဆိုသည်။

“ကျန်းမာရေးဌာနကလည်း အမြဲ မပြတ် စောင့်ကြည့်နေစေချင်တယ်”ဟု ဦးစိုးမြင့်က ပြောသည်။

လက်ရှိတွင် အနီးဝန်းကျင်ရှိ ကျေးရွာ အချို့တွင် ဆင်တုပ်ကွေးရောဂါ လက္ခဏာ ဖြစ်သည့် ဖျားနာခြင်း၊ အဆစ်ကိုက်ခဲ ခြင်းများ ဖြစ်ပွားမှုများနေသည်ဟု ကြားသိရကြောင်း ၎င်းင်းက ပြောသည်။

၂၀၁၀ ခုနှစ် ၀န်းကျင်ကလည်း ကော့သောင်းမြို့နယ်တွင် ဆင်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ဖူးပြီး ယခုကဲ့သို့ လူ အများအပြား ကူးစက်ခံခဲ့ရကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။

ရောဂါဖြစ်ပွားသည့် ဘ၀ါကျေးရွာ နှင့် အနီးအနားရှိ ကျေးရွာများတွင် ပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းများ၊  ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ထားပြီး ရောဂါဖြစ်ပွားသည့် နဘုလယ်ဒေသရှိ ကျေးရွာ လေးရွာတွင် ဆေးစိမ် ခြင်ထောင်အလုံး ရေ ၃၅၀၀ ခန့်ကိုလည်း ဖြန့်ဝေပေးထား ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထို့အပြင် နေပြည်တော်ရှိ ရောဂါ နှိမ်နင်းရေးဌာနမှ ပိုးမွှားကျွမ်းကျင် ပညာရှင် ပါဝင်သည့်အဖွဲ့လည်း မတ်လ ၈ ရက်တွင် ရောက်ရှိလာပြီး ကွင်းဆင်း စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

 ကိုဇော်