တနင်္သာရီဂျာနယ်အမှု ခရိုင်တရားရုံးသို့ အယူခံတင်သွင်း

0
798

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို ခရိုင်တရားရုံးသို့ မတ်လ ၁၃ ရက်က အယူခံတင်သွင်းခဲ့သည်။

တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့ သည့် မဲဆွယ်အပြုံး သရော်စာကြောင့် တိုင်းအစိုးရက တရားစွဲဆိုခဲ့ပြီး ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီ ဂျာနယ်တွင် အပြစ်ရှိသည်ဟု ဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင် ရန် ဖေဖော်ဝါရီလ ၁၈ ရက်က အမိန့်ချခဲ့ သည်။

“မြို့နယ်တရားရုံးရဲ့ အမိန့်က ဥပဒေအရရော၊ အကြောင်းအချင်းအရာ အရရော အပြစ်ပေးဖို့ မလုံလောက်ဘူး။ မလုံလောက်တဲ့အတွက် အဆင့်မြင့် တရားရုံးကနေ ပြင်ဆင်ပေးနိုင်ဖို့ အယူခံ တက်တာပါ”ဟု တနင်္သာရီဂျာနယ်ဘက်က အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးမွန်သူ က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရမည်ဟု ပါရှိသော်လည်း မူလအမှု(ထားဝယ်မြို့ နယ်တရားရုံးတွင် စစ်ဆေးသည့်အမှုတွင်) သက်သေပြချက်၊ အကြောင်းပြ ချက်ခိုင်လုံမှုမရှိဘဲ ယင်းဥပဒေကို ကျော် လွန်ကာ အပြစ်ပေးခြင်း၊ တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ဆို ချက်ကိုသာ သုံးသပ်ပြီး တရားခံနှင့်  တရားခံပြသက်သေများ၏ ထွက်ဆိုချက် များကို မသုံးသပ်ခဲ့ခြင်းတို့ကြောင့် အယူ ခံတင်သွင်းခြင်းဖြစ်ကြောင်း ဒေါ်အေးမွန် သူက ဆိုသည်။

၎င်းင်းအပြင် တနင်္သာရီဂျာနယ်ကို သတင်းမီဒီယာဥပဒေပုဒ်မ ၉ (ဆ) တွင် ပါသည့် ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် သည်ဟုဆိုကာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချခဲ့ခြင်းသည် ဥပဒေ အရ လွဲမှားနေကြောင်း အယူခံတင် သွင်းရာတွင် ထည့်သွင်းထားကြောင်း ၎င်းင်းက ပြောသည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၉ ဆ တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ်္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက်္ခာကို တမင်ထိခိုက် စေသောအရေးအသား ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဟု ဖော်ပြပါရှိပြီး မဲ ဆွယ်အပြုံးသရော်စာသည် သတင်း မဟုတ်ခြင်း၊ သရော်စာပါ အကြောင်း အရာများမှာ အများပြည်သူ၏ အကျိုး စီးပွားနှင့် သက်ဆိုင်နေခြင်း၊ တရားစွဲ သည့် တိုင်းအစိုးရအဖွဲ့မှာ အများ ပြည်သူ နှင့် သက်ဆိုင်သည့် ပုဂ်္ဂိုလ်များဖြစ် နေခြင်း တို့ကြောင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် မကိုက်ညီကြောင်း ဒေါ်အေးမွန်သူက ဆိုသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲ ဆွယ်အပြုံး သရော်စာသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်(ဟောင်း)နှင့် တိုင်း အစိုးရအဖွဲ့၏ ဂုဏ်သိက်္ခာကို ထိခိုက်စေ သည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော် အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

Dawei Watch