မြို့ရွာ မေတ္တာ လမ်းဘေးဂီတာ

0
1551

အဆိုတော် ဂျေညီညီ၏ “ပလက် ဖောင်းရှိုး” သီချင်းကို အသက် ၄၀ ၀န်း ကျင်မှအထက် လူလတ်ပိုင်းတို့ မှတ်မိ ကြဦးမည်။

“ရေဒီယို ညပိုင်းပြီးပြီးဆုံးတဲ့အခါ

စံတော်ချိန် ညတဖြေးဖြေးနက် နက်လာ

ခင်တို့လမ်းကို ရောက်ခဲ့..ပြန်တာ”

သီချင်းစာသားပါအတိုင်း ညပိုင်း ရေဒီယိုအစီအစဉ်များ ပြီးဆုံးလျှင် ဖျော်ဖြေရေးအစီအစဉ် ဘာမျှ မရှိတော့သော ခေတ်ရှိခဲ့ရာ လမ်းဘေးဂီတာဝိုင်းလေးများက ဆိုတီးသူတို့ ကိုယ့်ကိုယ်ကို ဖျော်ဖြေစရာ ဖြစ်သကဲ့သို့ မိမိရည်ရွယ် သူ၊ ကြားရသူတို့အတွက်လည်း ညပိုင်း ဖျော်ဖြေရေး အစီအစဉ်တစ်ခု ဖြစ်ဖူးခဲ့ လေသည်။

တနင်္သာရီတိုင်း၏ မြို့၊ နယ်မြို့ ရပ်ကွက်များသာမက ကျေးရွာ အတော် များများတွင်ပါ လူငယ်တို့၏ လမ်းဘေး ဂီတာဝိုင်းလေးများ ခေတ်တစ်ခေတ် ရှိခဲ့ဖူးပါသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်အထိ သူငယ်ချင်းများစုကာ ညလမ်းဘေးတွင် ဂီတ၀ိုင်းဖွဲ့တီးခဲ့ဖူးသော မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၅၀ အရွယ် ကိုအောင်ဌေးက သူတို့ ခေတ်က ည   ၁ နာရီခန့်အထိ ဆိုတီးခဲ့ကြဖူးကြောင်း ပြောပါသည်။

သည်အနှစ် ၂၀ က မြိတ်ရပ်ကွက် တိုင်း၌ လမ်းဘေးဝိုင်းဖွဲ့ တီးဝိုင်းလေး တွေရှိသလိုကြောင်း ပြောပါသည်။

“လမ်းဘေး အုတ်ခုံလေးမှာထိုင်ပြီး တီးကြဆိုကြတာပေါ့။ အနည်းဆုံးတော့ ဂီတာနှစ်လုံးနဲ့ တီးကြတယ်။ တီးရဆိုရ မုဝင်လို့အကောင်းဆုံးအချိန်က ညဥ့် နက် လူခြေတိတ်ချိန်၊ လရောင်အောက်မှာ အလွမ်းသီချင်း အဆွေးသီချင်းတွေက တီးရ ဆိုရ အကောင်းဆုံးပဲ”ဟု ကိုအောင်ဌေးက ပြောသည်။

လမ်းဘေးဂီတ၀ိုင်းလေး အများ စုက ဟော့ဟော့ရမ်းရမ်း မရှိတတ်ကြ။

လူငယ်တို့က မိမိတို့၏ လက်သံ၊ ဆိုပေါက်တို့ကို လေ့ကျင့်ရင်း၊ ထုတ် ဖော်ပြသရင်း၊ ရည်ရွယ်သူ ကြားနိုင်ရေး ရင်ဖွင့်ရင်း၊ မကြားနိုင်က ရည်ရွယ်မျှော် ယောင်ရမ်း လွမ်းဆွတ်ရင်း ညနက်နက် တွင် ဂီတဖြင့် ငြိမ့်ညောင်းစွာ စီးမျော ရင်း။

“နွေ ရာ သီ ပူအိုက်တဲ့ ညတချို့မှာ

လူငယ်တွေ ပလက်ဖောင်း..တီးဝိုင်းလေးပါ

မိကောင်း..ဖခင် သား သမီးတွေပါ”

ည လမ်းဘေးဂီတ၀ိုင်းတိုင်းတွင် အမှတ်တရတို့က ရှိကြစမြဲ။

ကိုအောင်ဌေးဘ၀တွင်  ညည့်နက် သည်အထိ သူငယ်ချင်းတစ်စု ဂီတာ ၀ိုင်းဖွဲ့ဆိုတီး အပျော်မြစ်တွင် စိတ်လွတ် လက်လွတ် စီးမျောနေသည့်အချိန် စစ်တပ်က ပေါ်တာဆွဲဝင်သဖြင့် ၀ိုင်း ထွက်ပြေးရဖူးသည်ကို အမှတ်ရဆုံးဟု ဆိုသည်။

လူငယ်တို့၏ လမ်းဘေးဂီတ၀ိုင်း လေးများက  ညနက်လေလေ ခံစားမှု ရင့်လာလေလေ။ ထို့အတူ ပတ်ဝန်းကျင် က တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ၊ ကြမ်းကြမ်းတစ်မျိုး၊ ချော့၍တစ်ဖုံ ၀ိုင်းအမြန်သိမ်းကြဖို့ အပြောခံရလေ လေ။

“လက်မှတ်တစ်စောင်

လေးငါးထောင်လည်း မပေးရပါ

လမ်းမီးတိုင်နံဘေးနားက

တီးဝိုင်းလေးပါ

မြို့မေတ္တာ ပို့..တဲ့ အဖွဲ့ဟာ

အချစ်ဆုံးတွေပါ..”

တစ်ချို့လူငယ်တို့ကလည်း သူတို့ ငမ်းနေသည့် မတော်ရသေးသည့် သမီး ရှင်ယောက်္ခမလောင်းတို့ ငေါ် ငေါက် သည်ကို ခံခဲ့ရဖူးကြောင်း ပြောကြသည်။

လူငယ်အချို့က ပတ်ဝန်းကျင်က ရပ်နားရန် ပြောလာလျှင် ဈေးဆစ်ကြ သည်။

ထားဝယ်မြို့ ရှမ်္မလည်ဆွဲရပ်နေ ကိုဟန်ကျော်ဇောတို့ သူငယ်ချင်း တစ်သိုက်သည်လည်း ရက်ကွက်တစ်ခု တွင် သူတို့၏ ညလမ်းဘေးဂစ်တာ ၀ိုင်းလေး စိုပြေနေစဉ် ပတ်ဝန်းကျင်က ရပ်နားရန် ပြောလာသဖြင့် ၃ ပုဒ် ကျန် ပြီဖြစ်ကြောင်း ပြောဆိုကာ ဆက်လက် သီဆိုတီးခတ်ခဲ့ဖူးရာ နောက်ဆုံးတစ်ပုဒ် ကို ရဲစခန်းရောက်မှ ဆိုခွင့်ရမလို ဖြစ်ခဲ့ သည်ကို အမှတ်ရနေလေသည်။

“တစ်ပုဒ်ကျန်သေးတယ်ခင်ဗျား လို့လည်းဆိုရော၊ အေး တစ်ပုဒ်ကျန် သေးရင် စခန်းရောက်မှ ဆက်ဆို၊ လာ လိုက်ခဲ့ဆိုပြီး ရဲက စခန်းခေါ်သွားတာ မျိုးတွေ ကြုံရတယ်”ဟု ကိုဟန်ကျော်ဇောက ပြောသည်။

အထူးသဖြင့် မိမိသမီးကိုလာပိုး နေသည်ဟု သိသော မိဘတိုင်းနီးပါးက လမ်းဘေးဂီတ၀ိုင်းတို့က မဟာရန်သူ တော် စာရင်းဝင်များ ဖြစ်နေတတ်သည်။ ဆိုတီးနေသည့် လူငယ်တို့ကလည်း ကိုယ် ၏(သို့မဟုတ်)ကိုယ့် သူငယ်ချင်း၏ မတော်ရသေးသော ယောက်္ခမလောင်း များကို ကတ်ကတ်လန် ပြန်ရန်မတွေ့လို ကြ။ လိမ်္မာသော လူငယ်များ ဖြစ်ကြောင်း ပြသ မျက်နှာချိုသွေးကြရသေးသည် မဟုတ်ပါလား။

“အဓိက သမီးရှင်တွေပေါ့၊ ကြို ကာကွယ်သလိုနဲ့ ခန့်တန်းတန်းနေကြ တော့တာ”ဟု ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်မှ အသက် ၃၅ အရွယ် ကိုမောင်မောင်က ပြောသည်။

လူငယ်တို့က မိမိတို့ ရည်ရွယ်သူ အမျိုးသမီးငယ်တို့ နေထိုင်ရာ အိမ်အနီး၊ အဆောင်များအနီး ယင်းအဆောင်၊ အိမ်တို့ကို မြင်သာသည့် လမ်းဘေး တစ်နေရာရာတွင် တီးခတ် သီဆိုတတ် ကြသည်ချည်းသာ။

အဆောင်ထဲ၊ အိမ်ထဲမှ အသိ အမှတ်ပြုမှု တစ်ခုခုအဖြင့် စားစရာ တစ်ခုခု တစ်နည်းနည်းဖြင့် ထွက်ပို့ လာလျှင်လည်းကောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ယင်းသို့ ပို့ခွင့်မသာ၊ မပို့လာသည့်တိုင် ရည်ရွယ်သူအမျိုး သမီးက လူလုံးလေးမျှ၊ အရိပ်အယောင်မျှ ထွက်ပြလျှင်သော်လည်းကောင်း ထိုည အတွက် ၀မ်းသာပီတိ ဂွမ်းဆီအိလေပြီ။ ကြိုးစား တီးခတ် သီဆိုဖျော်ဖြေရကျိုး နပ်လေပြီ။ တီးဖော်ဆိုဖက် သူငယ်ချင်း တစ်သိုက်ကြား အိမ်ပြန်မျက်နှာပန်း လှလေပြီ။

“ကိုကိုတွေ မျှော်လင့်တဲ့ ပြတင်း ပေါက်မှာ

ခင်ပျိုမေ တံခါးဆောင့်ပိတ်တဲ့ အခါ

ညလေး..တစ်ညဟာ အသဲကွဲ နေရှာ..”

အထူးသဖြင့် မိဘအုပ်ထိန်းမှု အောက်တွင် သေ၀ပ်စွာနေရသူတို့ကို ညလမ်းဘေးဂီတာဝိုင်းဖြင့် ပိုးပန်းရ သည်က အတော့်ကို မလွယ်ပါ။

“ပြတင်းပေါက်ကနေ လာချောင်း နားထောင်တဲ့ သူ့မျက်နှာလေး မြင်ရ ဖို့လောက်ကိုပဲ မနည်းကြိုးစားခဲ့ကြရ တာ”ဟု ကိုဟန်ကျော်ဇောက ဆိုလေသည်။

ဖျော်ဖြေရေး အစီအစဉ်များ၊ ခေတ်မီ ဖျော်ဖြေရေးပစ်္စည်းကိရိယာနှင့် နည်းပညာများ တိုးတက်လာသည်နှင့် အမျှ လမ်းဘေးဂီတ၀ိုင်းလေးများ တစစ နည်းပါးလာပါပြီ။

ထို့အတူ အချို့ကလည်း လမ်း ဘေး ဂီတာဝိုင်းလေးများအပေါ် အမြင် တစ်မျိုး ဖြစ်လာကြလေပြီ။ မိကောင်း ဖခင်သားသမီး မဟုတ်သူများသာ လုပ် သည့်အလုပ်ဟု မြင်သူတို့ ရှိလာသည်။ စည်းကမ်းပျက်နေသူများ၊ မူးယစ် ဆေးဝါးနှင့် ဆက်နွယ်နေသူများ၊ လမ်းဘေးစရိုက်ကျသူများ  မြင်သူတို့ ရှိလာသည်။

တာဝန်ရှိသူတို့ကလည်း လမ်းဘေး ဂီတ၀ိုင်းလေးများကို အမြင်မကြည်ဘဲ မျက်စောင်းထိုးချင်ကြသည်ဟု လူငယ် တို့က ရင်ဖွင့်ကြသည်။

ထို့အတူ လူငယ်တို့ကြားတွင်လည်း အမြင်တစ်မျိုး ဖြစ်လာပြီဟု လမ်း ဘေးဂီတာဝိုင်းချစ်သူတို့က ပြောလာ သည်။

“ကိုယ်ချစ်တဲ့ကောင်မလေးတွေ ဆိုလည်း ဂစ်တာတီးပြမယ့်လူက ကျန်ခဲ့ မှာလေ”ဟု ကော့သောင်းသား ကိုမောင် မောင်က ဆိုသည်။

သို့သော် ပျက်စီးနေသည့် လူငယ် များကို ဂီတဖြစ် ကုစားနိုင်သည်ဟု ဆိုသူလည်း ရှိနေသည်။

စမတ်ဖုန်းတစ်လုံးဖြင့် မဟုတ် မဟတ် ကြည့်နေ၊ ဆော့နေသူများ၊ မူး ယစ်ဆေးကြောင့် ပျက်စီးနေသည့် လူငယ်များ၏ လက်ထဲ မူးယစ်ဆေး / စမတ်ဖုန်းအစား ဂစ်တာတစ်လုံး ထည့် ပေးလိုက်နိုင်ပါက မလိုလားအပ်သည့် ပြဿနာအတော်များများကို လျော့ချ နိုင်ပြီး စာရိတ်္တတွေလည်း ကောင်းမွန်လာ နိုင်မည်ဟု မြိတ်မြို့မှ လမ်းဘေးဂီတပိုး မသေသေးသူ ကိုအောင်ဌေးက ယုံကြည် နေသည်။

“ဂီတဟာ ငြိမ်းချမ်းတယ်။ ဂီတကို ခံစားတတ်တဲ့ လူတွေက နူးညံ့သိမ်မွေ့ ပြီး မေတ္တာတရားလည်း ရှိနေတတ်သလို တီးနေတဲ့အချိန် သူ့မှာ ဂီတကလွဲပြီး တစ်ခြားခံစားချက်က ဘာမှမရှိဘူး” ဟု ကိုအောင်ဌေးက ပြောသည်။

ကိုအောင်ဌေးအတွက် အားတက် ဖွယ်တစ်ခုမှာ နည်းပညာနှင့် ဖျော်ဖြေ ရေးတို့ မည်မျှပင် ဆန်းသစ်များပြား ပါစေ၊ ဂီတာကို ယစ်မူးသော၊ သူငယ် ချင်းများ စုဝေးခွင့်ရမည့် ညလမ်းဘေး ဂီတာ ၀ိုင်းလေးများကို တက်မက်ခုံမင် သော ခေတ်လူငယ်တို့ ရှိနေဆဲ ဖြစ်ပါ သည်။

ထိုခေတ်လူငယ်များထဲတွင် ကော့သောင်းမြို့ ရွှေမင်းဝံရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် မောင်မျိုးမင်း လည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။

မောင်မျိုးမင်းတို့ သူငယ်ချင်း တစ်စုသည်  ညဘက် ဘယ်နေရာသွား တီးမည်၊ မည်သူ့ကောင်မလေးအိမ်ရှေ့ မည်သည့်အချိန် သွားတီးကြမည်ကို နေ့လယ်ကတည်းက လူစုအစီအစဉ်ဆွဲ အချိန်းအချက်ပြုထားတတ်ကြောင်း ပြောသည်။

“ပုံမှန်ကတော့ ကိုယ့်လမ်းထဲ ကိုယ် တီး ဖြစ်တာပေါ့။ တီးနေရင်းလည်း င်္ခေနဘသသု သုံးနေတဲ့သူလည်း ရှိသေး တယ်၊ ဒါပေမဲ့ ဂစ်တာတီးရတဲ့အရသာ ခံစားမှုက ပိုကောင်းတယ်”ဟု မောင်မျိုး မင်းက ပြောပါသည်။

တနင်္သာရီတိုင်း၏ နွေညများတွင် လမ်းဘေးဂီတသံများ ပိုပို ကြားလာရဦး မည်ဟု မျှော်လင့်ပါသည်။

“လက်မှတ်တစ်စောင် လေးငါး ထောင်လည်း မပေးရပါ

လမ်းမီးတိုင်နံဘေးနားက တီးဝိုင်း လေးပါ

မြို့မေတ္တာ ပို့..တဲ့ အဖွဲ့ဟာ

အချစ်ဆုံးတွေပါ”

Dawei Watch