ထားဝယ်ခရိုင်တွင် မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

0
674

ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက် ၂၅ နှစ်အောက် ပိုက်ကျော် ခြင်းပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် မတ် ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ  ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း မြို့နယ် လေးခုနှင့် မြို့ ၂ ခုဖြစ်သည့် ကလိန်အောင်၊ မေတ်္တာမြို့များမှ  အသင်း ၆ သင်း ၀င်ရောက်ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။

လာမည့် မေလတွင် ကျင်းပရန် ရှိသည့်  တိုင်းအတွင်းရှိ မြို့နယ်ပေါင်းစုံ အသက်  ၂၅ နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်မည့် ထားဝယ်ခရိုင်ရှိ မြို့နယ်များမှ ပိုက်ကျော်ခြင်းအားကစားသမားများကို ခြေစမ်းကစားစေသည့် အနေဖြင့် ပွဲကြိုကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

 မိုးမြင့်