တောမီးကြောင့် ဆီအုန်းစိုက် ဧက ၃၀၀ နီးပါး ဆုံးရှုံး

0
450

ကော့သောင်းမြို့နယ် စူငယ်ဘာ လိုင်းကျေးရွာအုပ်စု ဒဂုံတင်းဘားကုမ္ပဏီ ဆီးအုန်းစိုက်ခင်းအတွင်း မတ်လ ၇ ရက် က တောမီးလောင်ကျွမ်းခဲ့ရာ ဆီအုန်း စိုက်ခင် ဧက ၃၀၀နီးပါး မီးလောင်ကျွမ်း ခဲ့ကြောင်း ဒဂုံတင်းဘာဆီအုန်းကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။

မီးစလောင်သည့်နေ့တွင် ၀န်ထမ်း များနှင့်အတူ မီးငြိမ်းသတ်ခဲ့သော်လည်း မီးကြွင်း မီးကျန်တွေကတစ်ဆင့် နောက် နေ့အထိ  ထပ်ဆင့် လောင်ကျွမ်းခဲ့ရာမှ မတ်လ ၈ရက်အထိ  ဧက ၃၀၀ နီးပါး မီးကူးစက် လောင်ကျွမ်းခဲ့သည်ဟု သိရ သည်။

မီးလောင်နေရာသို့ ခမောက်ကြီး မြို့မှ မီးသတ်ယာဉ်(၁)စီး ကုမ်္ပဏီမှ ရေ သယ်ယာဉ် ၂ စီးတို့ဖြင့် စုပေါင်းငြိမ်း သတ်လျက်ရှိပြီး ကုမ္ပဏီမှ စက်ယန္တရား များဖြင့် မီးတားလမ်းများ ဖောက်လုပ် လျက်ရှိကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။

မိုးအိ