အရပ်သားအား ဓားဖြင့်ထိုးသည့် သစ်တောဝန်ထမ်းအား ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ထား

0
615

ကော့သောင်းခရိုင် ခမောက်ကြီး မြို့နယ် အမှတ် ၁ ရပ်ကွက်တွင် သစ် တောဝန်ထမ်းတစ်ဦးက အရပ်သား တစ်ဦးအား  ဓားဖြင့် ၀င်ရောက်ထိုးနှက်မှု တစ်ခု မတ်လ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ခမောက်ကြီး မြို့မရဲစခန်းထံမှ သိရသည်။

ကျောင်းအရှေ့ လက်ဖက်ရည်ထိုင် သောက်နေသည့် အရပ်သားအား သစ်တောဝန်ထမ်းနှစ်ဦး ရောက်လာပြီး ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံရိုက် သည့်အပြင် ဓာတ်ပုံအရိုက်မခံဘဲ ထပြန် ရန် ကြိုးစားသည့် အရပ်သားကို  အသင့် ပါလာသည့် ဓားဖြင့်ထိုးခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

“ဆိုင်ထဲဝင်လာပြီး လူကို ဓာတ်ပုံ ရိုက်တယ် တဖက်က ဘာလို့ရိုက်တယ် မရိုက်ဖို့ပြောပြီး ဆိုင်ကယ်နဲ့ အိမ်ပြန်ဖို့ လုပ်နေတုန်း ရှေ့ကပိတ်ရပ်ပြီး ဓားနဲ့ ထိုးတာ၊ အရှောင်မြန်တော့ လူမထိဘူး ထပ်ထိုးမယ်လုပ်တော့ ဘေးလူတွေ ၀ိုင်းတားဝိုင်းဆွဲတာနဲ့ ဘာမှတော့ မဖြစ်ဘူး”ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသားက ဆိုသည်။

သစ်တောဝန်ထမ်းနှင့် ၎င်းသည် ခမောက်ကြီးမြို့အတွင်းရှိ သစ်တောကြိုး ၀ိုင်းသတ်မှတိထားသည့်နေရာတွင် အိုးအိမ်မဲ့များအတွက်  ကျေးရွာအသစ် တည်သည့်ကိစ်္စနှင့် ပတ်သက်၍ တစ်စွန်းတစ အချင်းများခဲ့ဖူးကြောင်း ဓား အထိုးခံရသူ ဦးတင်ငြိမ်း ပြောသည်။

ဓားထိုးစဉ် အချိန်မှီရှောင်တိမ်းနိုင် ခဲ့တာကြောင့် ဒဏ်ရာတစ်စုံတစ်ရာ မရခဲ့သော်လည်း မင်းမဲ့စရိုက် ဆန်ဆန် ပြုမူခဲ့သည့် သစ်တောဝန်ထမ်းကို ပုဒ်မ နှစ်ခုဖြင့် ခမောက်ကြီး မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဦးတင်ငြိမ်းက ပြောသည်။

လူကြားထဲ ဓာတ်ပုံရိုက်ကာ ကာယအိနြေ္ဒပျက်အောင် လုပ်ဆောင်မှု၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့်  အမှုဖွင့်ထားသည်ဟု အထက်ပါ ရဲစခန်းထံမှ သိရသည်။

မိုးအိ