ထားဝယ်တွင် မြို့ရှောင်လမ်း ဖောက်မည်

0
750

ကုန်တင်ကားကြီးများနှင့် ခရီးသည် ယာဉ်များ သွားလာနိုင်မည့် ထားဝယ်မြို့ မြို့ရှောင်လမ်းကို ဖောက်လုပ်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ဆို သည်။

ပုလုကုန်းကျေးရွာအနီးမှ အရှေ့ ဘက်သို့ ခွဲထွက်ပြီး ပေါက်တိုင်းတံတား အနီးအထိ ၃ မိုင်ကျော်ရှည်မည့် မြို့ရှောင်လမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတောင်းခံပြီး လုပ်ဆောင်မည်ဖြစ် ကြောင်း ဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

မတ်လ  ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထားဝယ်မဲဆန်္ဒနယ် လွှတ်တော်ကိုယ် စားလှယ် ဦးအောင်စိန်၏ မေးမြန်းမှုကို ဒုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြို့ရှောင်လမ်းအတွက် လမ်းအူ ကြောင်းကို တိုင်းတာထားပြီးဖြစ်ကာ လမ်းအူကြောင်းကို အတည်ပြုသတ် မှတ်ပြီးပါက အကြိုအင်ဂျင်နီယာလုပ် ငန်းများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဒုဝန်ကြီး ဦးကျော်လင်းက ဆိုသည်။

လမ်းနယ်နိမိတ်အတွင်း ပါဝင်မည့် လယ်ယာမြေများကို ဒေသတွင်း အမြင့် ဆုံးပေါက်ဈေးဖြင့် လျော်မည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ကာ လုပ် ဆောင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

မည်သည့်အချိန်တွင် စတင်လုပ် ဆောင်မည်ကိုမူ ထည့်သွင်းဖြေကြားခဲ့ ခြင်း မရှိပေ။

“ပဏာမ တိုင်းတာချက်များအရ ငါးကီလိုမီတာခန့် ရှည်လျားပြီးတော့ အရှည်ပေခြောက်ဆယ် တံတားခြောက် စင်းကိုလည်း ထည့်သွင်းတည်ဆောက် ရမှာဖြစ်တယ်”ဟု ဒုဝန်ကြီးဦးကျော်လင်း က ပြောသည်။

လက်ရှိတွင် ရန်ကုန်- ထားဝယ်- မြိတ် ခရီးစဉ်အတွက် ကားများသည် ထားဝယ်မြို့အတွင်းမှ ဖြတ်သန်းနေရ သည့်အတွက် လမ်းပိတ်ဆို့ခြင်း၊ လမ်း ကျဉ်းမြောင်းသည့်အတွက် အန်္တရာယ် များခြင်းတို့ကြောင့် ယင်းကဲ့သို့ မေးမြန်း ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မဲဆန်္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်က ဆိုသည်။

“မြို့ထဲမှာ ယာဉ်တွေများပြီး လမ်း ကလည်းကြပ်တယ်၊ လမ်းလည်းပျက်စီး တယ်၊ အန်္တရာယ်လည်းများတယ်”ဟု ဦးအောင်စိန်က ပြောသည်။

မြို့ရှောင်ကွင်းလမ်းအတွက် လမ်း အူကြောင်း တိုင်းတာခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်ခဲ့ သည်ဟု သိရကြောင်း ဦးအောင်စိန်က ပြောသည်။

ကိုဇော်