ဘိလပ်မဟာတန်းကျောင်းသား – ၁၁

0
1275

လစ္စဘွန်းသွား တောလား

တက္ကသိုလ်ပထမလေးလပတ် အတွက် နောက်ဆုံးစာတမ်းကို ဇန်နဝါရီ လလယ်တွင် တင်လိုက်သည်။ ဒုတိယ လေးလပတ်ကျောင်းများ
ပြန်မဖွင့်မီ ကြားကာလတွင် အားလပ်ရက် နှစ်ပတ်ရသည်။

ထိုကျောင်းအားလပ်ရက် ရာသီသည် ဗြိတိန်ရှိ ကျောင်းသူ၊ ကျောင်းသား များ ခရီးသွားကြသည့်ရာသီ ဖြစ်သည်။ ကျောင်းအားလပ်ရက်ကတော့
တက္ကသိုလ် တစ်ခုနှင့်တစ်ခုမတူ။ ပုံမှန်အားဖြင့်တော့ ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဝန်းကျင်တို့တွင် ဖြစ်လေ့ရှိသည်။

ကျောင်းအားရက်တွင်ဥရောပကုန်း မကြီးသို့ ခရီးထွက်ရန် ယခင်ကတည်းက လျာထားခဲ့သည်။ ယင်းတွင် ပေါ်တူဂီ နိုင်ငံ
လစ်္စဘွန်းမြို့ကို သွားလည်ရန်လည်း စိတ်ကူးထားခဲ့သည်။

အင်္ဂလန်အအေးကိုခေတ္တရှောင်ကာ နည်းနည်းနွေးသော ဥရောပတောင်ပိုင်း ကိုသွားရန် ရည်ရွယ်သည်က တစ်ကြောင်း၊ပင်လယ်နားနီးနီး သွားလိုသည် က တစ်ကြောင်း၊ ပေါ်တူဂီနိုင်ငံကို စိတ် ဝင်စားခြင်းကြောင့်ကလည်းတစ်ကြောင်း ဖြစ်သည်။

ဥရောပသို့ ပထမဆုံး ရောက်ဖူး သည့်နှစ်မှာ ၂၀၁၄ ခုနှစ် ဖြစ်သည်။ ထို နောက် ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် ထပ် ရောက်ခဲ့သည်။ နှစ်ကြိမ်စလုံးမှာ သင် တန်းနှင့် ဆွေးနွေးပွဲများတက်ရန် ဖြစ် သည်။

ယမန်နှစ် နိုဝင်ဘာလဆန်းက ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ရောက်လာသော ရန်ကုန်မှ သူငယ်ချင်းတစ်ဦးကို သွား တွေ့လိုက်သေးသည်။ ထိုစဉ်က ရှန်ဂန် ဗီဇာဟုခေါ်သော ဥရောပကုန်းမကြီးသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ရာ ခြောက်လကြိုက်သလောက်သွား ဗီဇာ (Multiple Entry Visa) ရရှိခဲ့သည်။

ထိုကြောင့် ယခု ဇန်နဝါရီ အခေါက် တွင် ဗီဇာ ထပ်လျှောက်ရန် မလိုတော့။

ရှန်ဂန်ဗီဇာမှာ ဥရောပကုန်းမကြီးရှိ နိုင်ငံ ၂၈ နိုင်ငံကို ကြိုက်သလောက်သွား နိုင်သော ဗီဇာအမျိုးအစား ဖြစ်သည်။ ထူးခြားသည်မှာ ယင်း ၂၈ နိုင်ငံတွင် ဥရောပ သမဂ်္ဂအဖွဲ့ဝင်ဖြစ်သော ဗြိတိန် မပါပေ။

ယင်းအပြင် ဥရောပအဖွဲ့ဝင် မဟုတ်သော နော်ဝေ၊ ဆွစ်ဇာလန်တို့ ကဲသို့သော နိုင်ငံများ ရှန်ဂန်ဗီဇာတွင်အကျုံးဝင်ခြင်း ဖြစ်သည်။

ထိုကြောင့် ဗြိတိန်တွင် နေထိုင်ခွင့်ရ ထားသော်လည်း အချို့သော နိုင်ငံများ အဖို့ ရှန်ဂန်ဗီဇာ လျှောက်ရသည်။

ယင်း သို့ လျှောက်ထားရန်လိုသော နိုင်ငံများ စာရင်းတွင် မြန်မာ၊ တရုတ် စသည့်နိုင်ငံများပါဝင်သည်။ တောင်ကိုရီးယား၊ ဂျပန် တို့ကတော့ ဗီဇာ လျှောက်ထားစရာ မလို။

ဇန်နဝါရီလလယ်တွင် စာတမ်းတင် ပြီးသည်နှင့် ဆွစ်ဇာလန်ကို ခဏဝင် သည်။ ယင်းမှတစ်ဆင့် ပေါ်တူဂီမြို့တော် လစ္စဘွန်းသို့ ဆက်သွားသည်။

ပေါ်တူဂီမှာ မြန်မာခရီးသွားများ သွားလေ့သွားထ သိပ်မရှိလှ။ မြန်မာ ခရီးသွားများကတော့ ပြင်သစ်မြို့တော် ပါရီ၊ အီတလီ၊ နယ်သာလန် စသည့် နေ ရာများကို အဓိက သွားလေ့ရှိသည်။

သို့သော် ပေါ်တူဂီမှာ မြန်မာနိုင်ငံနှင့် မစိမ်းပါ။ မြန်မာနိုင်ငံသို့ အစောဆုံး ရောက်လာသော ဥရောပသားများတွင် ပေါ်တူဂီတို့လည်း ပါဝင်သည်။ ယင်းတို့ အနက် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို့ မှာ မြန်မာ့သမိုင်းတွင်
ထင်ရှားသည်။

သူ့ကို ငဇင်ကာဟု မြန်မာပြည်တွင် လူသိများသည်။ ပေါ်တူဂီ၏ မြို့တော် လစ်္စဘွန်းတွင် ကြီးပြင်းခဲ့ပြီး ရခိုင် ဘုရင်ထံတွင် ကြေးစားစစ်သားအဖြစ် အမှုထမ်းပြီးနောက် သန်လျင်တွင် တစ် စင်ထောင်ကာ ဘုရင်လုပ်ခဲ့သည်။

နောက်ဆုံးအင်းဝဘုရင်၏ တပ် များ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ၁၆၁၃ ခုနှစ်တွင် ရက်ရက်စက်စက်အသတ်ခံခဲ့ရသည်။

သူ၏ဇာတိ လစ္စဘွန်းမှာယနေ့ ခေတ်သစ်ပေါ်တူဂီ၏ မြို့တော်အဖြစ် တည်ရှိနေပြီး လူဦးရေ သုံးသန်းနီးပါး ရှိသည်။

ပေါ်တူဂီမှာ အခြား ဥရောပတိုက် မှ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆင်းရဲပြီး ၁၉၇၄ခုနှစ်တွင်မှ တပ်အာဏာသိမ်းကာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင် ခဲ့သည်။

အခြားဥရောပနိုင်ငံများနှင့်နှိုင်း ယှဉ်ပါက ဈေးအနည်းငယ်ချိုသည်ဟု ဆိုနိုင်သည်။ ဥပမာ လေဆိပ်မှ မြို့တွင်း သို့ရထားခမှာ နှစ်ယူရိုမျှပင် မကျ။ ပါရီ မှာဆိုလျှင် ၁၀ ယူရိုခန့် ကျသင့်သည်။ လစ်္စဘွန်းတွင်လေဆိပ်မှမြို့တွင်း တက်္ကစီစီးသည့် နှုန်းသည်ပင် ၁၀ ယူရို ခန့်သာ ရှိသည်။

ထိုကြောင့်ပင်လေဆိပ်မှမြေအောက် ရထားဂိတ်ကို လမ်းလျှောက်။ လက်မှတ် ဝယ်ပြီး တည်းခိုသည့်နေရာရှိသည့်မြို့ တွင်းသို့ ရထားစီးသည်။ ယင်းနောက် မိနစ်အနည်းငယ် လမ်းလျှောက်သည်။

တည်းခိုသည့်နေရာမှာရန်ကုန်တွင် တည်းခိုခန်းသာသာမျှသာရှိသောနေရာ ဖြစ်သည်။ အင်္ဂလန်နှင့် နှိုင်းယှဉ်ပါက ဈေးအတော်သက်သာသည်။

ညမိုးချုပ် ချိန်မှ ရောက်သွားသဖြင့် အနည်းငယ် တော့ ရှာရခက်သည်။ ဆိုင်းဘုတ်ကြီး ကြီးမားမားတပ်မထား။ အိမ်အမှတ်တပ် ထားသည့် ဆိုင်းဘုတ် သေးသေးလေးသာ တွေ့ရသည်။ 

အတော်ကိုရှာရလိုက်ရသည်။ လူ ခေါ်ခလုပ်ကို နှိပ်ခေါ်လိုက်မှ အပေါ်ထပ်မှ ဆင်းပြေးလာသည်။ အခန်းလေးခန်းသာရှိပြီး ပထမထပ်တွင် ဖွင့်ထားသော တည်းခိုခန်းသေးသေးလေး ဖြစ်သည်။

ထိုနေ့က အပြင်မှာထွက်စားသော ညစာမှာ မှတ်မှတ်ရရ ငါးပေါင်း ဖြစ် သည်။ အရသာ များများစားစား မထည့် ဘဲ ပေါင်းထားသောငါးကို အချည်ဖြင့် တို့စားရခြင်း ဖြစ်သည်။ ထမင်းလည်း ပါသည်။ ငါးကတော့ ငါးသေတ္တာလုပ်သည့် ငါးတစ်မျိုး ဖြစ်သည်။ ထားဝယ် အခေါ် “လားငါး”” သို့မဟုတ် “ငါးလုံး” တစ်ခုခု ဖြစ်နိုင်သည်။

ငါးသုံးလေးကောင်ကိုကင်ပေါင်း ပေါင်းထားပြီး အချဉ်ရည်တို့ရခြင်း ဖြစ် သည်။ ထမင်းနှင့် အသီးအရွက်အချို့လည်းပါသည်။ တစ်ပွဲ ယူရို ၁၀ ဝန်းကျင် ကျသင့်သည်။ ငါးသုံးကောင်ကင်ထား သည်ကို မြန်မာငွေတစ်သောင်းခုနှစ် ထောင်ခန့်ဖြင့် ရောင်းနေသည်။ ရောင်း လို့ရအောင်လည်း လုပ်ထားသည်။ ဈေးကနှိုင်းရအားဖြင့် ကြီးနေသော်လည်း ငါးကောင်းကောင်း ငတ်နေသော သူအဖို့ အတွက်ကတော့ တကယ့်နတ်သဒ်္ဓါပင် ဖြစ်သည်။

ချဉ်စပ်နေသောအချဉ်ရည်နှင့် ငါးအရသာမှာ လွန်လိုက်ဖက်လှသည်။ ဥရောပတိုက်ရှိ အခြားနေရာများတွင် ထိုသို့သော ကမ်းရိုးတန်းနှင့်ကိုက်သည့်   အသားငါးနှင့်ချဉ်ရည်တို့ရဖို့ သိပ်ကို မလွယ်လှပါ။

ယင်းအစားအစာမှာပေါ်တူဂီရှိ နာ မည်ကြီး အစားအစာများအနက် တစ်မျိုး ဖြစ်ပြီး ကမ်္ဘာကျော်ရုပ်သံအစီအစဉ်အချို့ ပင်လျှင် ထိုအကြောင်း ရိုက်ကူးတင်ဆက် ဖူးသည်။ ယင်းအပြင် ဆာဒင်းဟု အင်္ဂလိပ်လိုဖြင့်ခေါ်ကြသော ငါးသေတ္တာ ကို စီးပွားဖြစ်သာမက ယင်းတို့ ဒေသ၏ အမှတ်အသား ရိုးရာအစားအစာတစ်ခုအဖြစ်ပင် ကြော်ငြာကာ လူသိအောင် လုပ်ထားသည်။

မြို့လယ်တည့်တည့်တွင်အဝတ် အစားရောင်းသော စတိုးဆိုင်မျှ ခမ်းနား စွာ ပြင်ဆင်ထားသည့် ရောင်စုံငါး သေတ်္တာဘူးများရောင်းသည့်ဆိုင်တစ်ခု ကိုလည်း လျှပ်တစ်ပြက် တွေ့ခဲ့သေး သည်။

အချို့သောဧည့်သည်များသည့် နေရာများတွင်လည်း ထိုသို့သော ငါး သေတ်္တာကုန်တိုက်တို့ တွေ့ရတတ်သည်။

ထားဝယ်၊ တနင်္သာရီကမ်းရိုးတန်းတွင် ပေါပေါလောလော ရောင်းချနေသော ငါးသေတ်္တာငါးတို့မှာ လစ်္စဘွန်းတွင်တော့ တော်ဝင်ငါး
ဖြစ်နေသည်။

ကိုယ်တွေဆီမှာလည်းလူအများ ကြိုက် တော်ဝင်ငါးဖြစ်လာအောင် မည် သို့ ထုပ်ပိုး၊ စီမံ၊ ရောင်းချ၊ ကြော်ငြာကြပါက ကောင်းမည်နည်းဟု စိတ်ကူး ယဉ်ကြည့်သည်။ ခရီးသွားလုပ်ငန်းအား ပေးပါသည်ဆိုတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရက မည်သို့သော မူဝါဒ အိပ်မက်များရှိသည်မှာလည်း စိတ်ဝင် တစား ရှိလှသည်။

လစ်္စဘွန်းတွင်ပင်လယ်စာနှင့် တွဲ လျက် နောက်ထပ် နာမည်ကြီးသည်မှာ ပင်လယ်ကမ်းခြေ ဖြစ်သည်။ အညွန်း ကောင်းသောကမ်းခြေတစ်ခုသို့ မြို့မှ လိုင်းကား နာရီဝက်ခန့် စီးသွား ဖြစ် သည်။ ဟိုရောက်တော့ လူက
ခပ်ပါးပါးသာ ရှိသည်။ ဆောင်းတွင်းဆိုတော့ အေးပြီး လေတိုက်နေခြင်းကြောင့်လည်း ဖြစ်မည်။

ကမ်းခြေကတော့ သိပ်မလှ။ သဲသောင်က နက်ပြီး လှိုင်းလည်း ထန်သည်။ ရေလည်း မကြည်လှ။

အဲသည် ကမ်းခြေကိုများနာမည် ကြီးသတဲ့လေ။

ကမ်းခြေမှကုန်းတွင်းပိုင်းခပ်လှမ်း လှမ်းတွင်တော့ မြို့ငယ်လေး တစ်ခုသ ဖွယ် အဆောက်အအုံများ စုစုစည်းစည်းရှိသည်။ အင်တာနက်အွန်လိုင်းမှ ခေါက် ကြည့်သောအခါ ယင်းမြို့ငယ်လေးတွင် အွန်လိုင်းမှတစ်ဆင့်ကြိုတင်မှာနိုင်သော ဟိုတယ်အသေးစား၊ တည်းခိုခန်းများ အများအပြားရှိသည်ကို တွေ့ရသည်။

ဇန်နဝါရီလဆောင်းတွင်းမို့ ခရီး သည်များစွာ မများလှသော်လည်း နွေ ဆိုလျှင်တော့ ခရီးသည်များမည့်ပုံဖြစ်သည်။

လစ်္စဘွန်းတွင်နောက်ထပ် သတိ ထားမိသည့်အရာမှာ မြို့လယ်ရှိ ရှေး ခေတ်လူမှုပုံစံကို ထိန်းသိမ်းထားခြင်းဖြစ်သည်။ ဓာတ်ရထားများ ရှိသေးသည်။ ရိုမန်နှင့် အာရပ်ဟန် ရောထားသော ဗိသုကာနှင့် ပန်းချီအလှဆင်လက်ရာများကို ထင်ထင် ရှားရှား မြင်ရသေးသည်။

မြို့တွင်းတွင်ဓာတ်ရထား တစ် ပတ် စီးနိုင်သည်။ တစ်ဦး ယူရို၂၀ (မြန်မာငွေ သုံးသောင်းခွဲမျှ) ကျသင့်သည်။ ဓာတ်ရထားပေါ်တွင် မြို့၏သမိုင်းကြောင်း၊ စစ်အာဏာရှင် လက်ထက် ဒီမိုကရေစီအတွက် တွန်းလှန်ခဲ့သူများအကြောင်းကိုလည်း ရောက်ရှိသည့် နေရာအလိုက် အသံသွင်း တိတ်ခွေဖြင့် ရှင်းပြနေသည်။

မြို့လယ်ရှိရဲတိုက်ကြီးမှာလည်း ခရီးသွားများ စိတ်ဝင်စားသည့် နေရာ ဖြစ်သည်။ ခံတပ်အဖြစ်လည်းကောင်း၊ထိုမှ ဘုရင့်နန်းတော်အဖြစ်လည်း ကောင်း၊ ယခုတော့ ပြတိုက်အဖြစ်လည်း ကောင်း အသွင်ပြောင်းတည်ရှိနေသည်။

နောက်ထပ် စိတ်ဝင်စားသည့်အချက်မှာ နေရာအတော်များများတွင် ကြား နေရသော Fado ဟု ခေါ်သည့် တေးဂီတ ဖြစ်သည်။ အများအားဖြင့် ပင်လယ်အကြောင်း၊ ဆင်းရဲမွဲတေမှု အကြောင်း၊ ကံကြမ်္မာအကြောင်း စပ်ဆို လေ့ရှိသည်ဟု ဆိုသည်။

လည်ပတ်ခဲ့သောသုံးရက်အတွင်း ခဏခဏ ကြားဖန်များလှသဖြင့် စွဲသလို လိုပင်ရှိလာပြီး အိမ်ပြန်ရောက်တော့လည်း အခန်းတွင်းတွင် ကွန်ပြူတာ တွင် ဖွင့်ထားမိသည်အထိ ဖြစ်သွားလိုက် သေးသည်။

ဆက်လက်ဖော်ပြပါမည်။