အွန်လိုင်းဖြင့် ပြန်လည်မှတ်ပုံမတင်သည့် ကုမ္ပဏီများ ယခုလကုန်အပြီး ပယ်ဖျက်တော့မည်

0
658

အွန်လိုင်းစနစ်ဖြင့် ယခုလကုန် အထိ မှတ်ပုံမတင်သည့် ကုမ်္ပဏီများကို  အပြီးပယ်ဖျက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ်္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့အထိ မှတ်ပုံ မတင်သည့် ကုမ်္ပဏီများကို အပြီးသတ် ပယ်ဖျက်တော့မည်ဖြစ်ပြီး ယင်းကာလ မတိုင်မီ မှတ်ပုံတင်မည်ဆိုပါက ရန်ကုန်မြို့ရှိ DICA ရုံးချုပ်တွင် ကိုယ် တိုင်သွားရောက် မှတ်ပုံတင်ရမည်ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၏ထုတ် ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင် ခြင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက် နေ့မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက် နေ့အထိ ဆောင်ရွက်နိုင်ကြောင်း ထုတ် ပြန်ထားသည်။

သို့ရာတွင် အကြောင်းအမျိုးမျိုး ကြောင့် ပြန်လည်မှတ်ပုံမတင်သည့် ကုမ်္ပဏီများအနေဖြင့် မတ်လ ၃၀ ရက် နေ့မတိုင်မီ ရန်ကုန်မြို့တွင် သွားရောက် မှတ်ပုံတင်ရမည်ဖြစ်ပြီး သတ်မှတ်ထား သည့် ငွေကျပ် နှစ်သိန်းခွဲ ပေးဆောင် ရမည်ဖြစ်ကြောငှ်းီုဃဗ ဌာန တိုင်း ဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်း က ဆိုသည်။

ယင်းကာလနောက်ပိုင်းတွင် ပြန် လည်မှတ်ပုံတင်ခြင်းကို လုံးဝဆောင်ရွက် ပေးတော့မည်မဟုတ်ကြောင်း အထက်ပါ ဌာနက ထုတ်ပြန်သည်။

တိုင်းအတွင်း ပြန်လည်မှတ်ပုံမတင် သေးသည့် ကုမ္ပဏီများ သိရှိစေရန် ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

“အများသိအောင် ထပ်ပြီး ကြေညာပေးသွားဖို့ရှိတယ်”ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်   ထားသည့် ကုမ်္ပဏီပေါင်း ၃၀၀ ကျော် ရှိကြောင်း တိုင်းဒေသကြီး DICA ဌာနထံမှ သိရသည်။

ကိုဇော်