သရက်ချောင်းတွင် အသက် ၁၇ နှစ်အောက် ဖိတ်ခေါ်ဘောလုံးပွဲပြိုင်လို သူများ စာရင်းပေးပါ

0
560

သရက်ချောင်းမြို့နယ်တွင် ကျင်းပ မည့် အသက် ၁၇ နှစ်အောက် အမျိုးသား ရပ်ကွက်ကျေးရွာပေါင်းစုံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ၀င်လိုသည့် အသင်းများ အနေဖြင့် မတ်လ ၁ ရက်မှ စတင် စာရင်းပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

မြို့နယ် အားကစားနှင့် ကာယကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို မေလပထမအပတ် ၀န်းကျင်တွင် သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက်ရှိ မြို့မ အားကစား ကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ပါဝင် ယှဉ်ပြိုင်လိုသည့် ရက်ကွက် ကျေးရွာရှိ အသင်းများ ကြိုတင်လေ့ကျင့် နိုင်ရန် ကြေညာပေးခြင်းဖြစ်ကြောင်း မြို့နယ် အား။ကာမှ အားကစား နည်းစနစ်မှူး ကိုဝေယံဝင်းနိုင်က ပြောသည်။

“အဓိက ကျွန်တော်တို့က ပြည်နယ် တိုင်းပြိုင်ပွဲသွားဖို့အတွက် လုပ်တာလေ၊ ပြည်နယ်တိုင်းပြိုင်ပွဲတွေအတွက် လုပ် လာတာဆိုတော့ အသက်အကန့်အသတ် တွေဖြစ်လာတယ်၊ တစ်လ နှစ်လ သုံးလ ကြိုပြီး ကြေညာပေးထားတာ လေ့ကျင့်ရ အောင်ပေါ့နော်”ဟု ကိုဝေယံဝင်းနိုင်က ဆိုသည်။

ပြီးခဲ့သည့်နှစ် ထားဝယ်ခရိုင် အ သက် ၁၇ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် သရက်ချောင်း မြို့နယ်က ဗိုလ်စွဲခဲ့ကြောင်း ယင်းဌာန ထံမှ သိရသည်။

မိုးမြင့်