ယုဇနအိမ်ရာ နှစ်လောင်းပြိုင် လူသတ်ထွက်ပြေးသူ မြိတ်တွင် လာရောက်အဖမ်းခံ

0
647

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥ ယျာဉ်မြို့တော်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအားသတ်၍ ထွက် ပြေးတိမ်းရှောင်လာသူတစ်ဦး မတ်လ ၇ ရက်တွင် လာရောက်အဖမ်းခံခဲ့ကြောင်း မြိတ်မြို့နယ် တောင်ရှည်နယ်မြေ ရဲစခန်းနှင့် တညက်ကျေးရွာ အုပ်ချုပ်ရေး မှူးထံမှ သိရသည်။

လာရောက် အဖမ်းခံခဲ့သူ ကိုထက်ရှိုင်း (ခ) ကိုဖိုးထက် (အသက် ၂၂ နှစ်)သည် မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင် သူဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် မတ်လ ၃ ရက်က ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် မမြမြ၀င်းနှင့် ကိုဟိန်း(ခ)ဟိန်းမင်းအောင်တို့နှစ်ဦးအား မမြမြ၀င်း နေသည့်အိမ်တွင် သတ်ဖြတ်ခဲ့ပြီး မြိတ် မြို့နယ်၊ တညက်ကျေးရွာ၊ စားမြိန် တောင်ရပ်ကွက်သို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း တောင်ရှည် ကျေးရွာ ရဲစခန်းမှ သိရသည်။

အသတ်ခံရသူ မမြမြ၀င်းနှင့် တရားခံဖြစ်သူမှာ သမီးရည်းစားများ ဖြစ်ပြီး မမြမြ၀င်းကို ရုပ်ရှင်ကြည့်ရန် သွားခေါ်စဉ် သူစိမ်း အမျိုးသားတစ်ဦးနှင့် အတူ တွေ့ရ၍ စိတ်မထိန်းနိုင်သည့် အတွက် မီးဖိုချောင်၌ အသင့်ရှိသည့် ကြက်သွန်လှီးဓားဖြင့် ထိုးသတ်မိခဲ့ သည်ဟု ကနဦးထွက်ဆို ထားကြောင်း တောင်ရှည်နယ်မြေ       ရဲစခန်းနှင့် တညက်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ကောင်လေးက သူတည်းခိုတဲ့အိမ် မှာ အားလုံးကို ဖွင့်ပြောပြီး သူအဖမ်းခံ ချင်တဲ့အကြောင်း အိမ်ရှင်က ကျွန်တော့် ကိုပြောလို့ တောင်ရှည်ရဲစခန်းကို သွား အပ်လိုက်တယ်”ဟု တညက်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးနောင်နီက ပြောသည်။

မမြမြ၀င်းသည် အိမ်ငှားပြီး လာ ရောက်နေထိုင်သည်မှာ မကြာသေးဟု သိရှိရပြီး အလုပ်မဆင်းသည်မှာ ၃ ရက် ရှိပြီဖြစ်သောကြောင့် အလုပ်မှသူငယ် ချင်းများ လာရောက်စုံစမ်းစဉ် သေဆုံးနေ သည်ကို တွေ့ရကြောင်း မတ်လ ၇ ရက်  ထုတ် 7Day သတင်းစာတွင် ဖော်ပြသည်။

လက်ရှိအချိန်တွင် အဆိုပါတရားခံ အား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားခံအား ရန်ကုန်သို့ လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှ သိရသည်။

ကိုဆန်း