တိုင်းအတွင်း ပထမဆုံး မျိုးစေ့ဓာတ်ခွဲခန်း ထားဝယ်တွင် ဆောက်

0
426

တနင်္သာရီတိုင်းအတွင်း ပထမဆုံး ဖြစ်လာမည့် မျိုးစေ့အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းကို လက်ရှိဘဏ္ဍာ ရေးနှစ်တွင် ထားဝယ်မြို့၌ စတင်တည် ဆောက်နေကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့များကို မျိုးကောင်း မျိုးသန့် ဟုတ်/မဟုတ် စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းကို မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်း တည်ဆောက်နေပြီး ယခုဘဏ္ဍာ ရေးနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ စီမံကိန်းနှင့် မျိုးစေ့ တာဝန်ခံ ဦးဝင်းအောင်က ဆိုသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် ဓာတ်ခွဲခန်း အဆောက်အအုံကိုသာ တည်ဆောက် မည်ဖြစ်ပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများ ကိုမူ လာမည့်ဘဏ္ဍာနှစ်တွင် ၀ယ်ယူမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ တည်ဆောက်နေသည့် မျိုးစေ့ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်း အဆောက်အအုံကို ကျပ်သိန်း ၅၀၀ ကျော် အသုံးပြု တည်ဆောက်နေခြင်း ဖြစ်ပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများ အတွက် ကျပ်သိန်း ၆၀၀ ခန့် ထပ်မံ သုံးစွဲရမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကိုဇော်